♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

January 15, 2016

" သားသမီး ၈၀၀ ကျော်ရှိတဲ့ ဗြိတိန်က သုက်ပိုးအလှူရှင် "

၁၆ နှစ်အတွင်းမှာ သူလှူဒါန်းခဲ့တဲ့ သုတ်ပိုးကြောင့် မွေးဖွားခဲ့တဲ့ ကလေးပေါင်း ၈၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။

ဗြိတိန်မှာနေထိုင်သူ အမျိုးသားတစ်ဦးက ၁၆ နှစ်ကြာ သုတ်ပိုးအလှူရှင်အဖြစ် နေထိုင်လာခဲ့ပြီးတဲ့နောက် အခု သူ့ရဲ့ သုတ်ပိုးတွေကို ကလေးလိုချင်သူတွေအတွက် စတင်ရောင်းချနေပါပြီ။ ၁၆ နှစ်အတွင်းမှာ သူလှူဒါန်းခဲ့တဲ့ သုတ်ပိုးကြောင့်
 မွေးဖွားခဲ့တဲ့ ကလေးပေါင်း ၈၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။

ဗြိတိန်ရဲ့ သုတ်ပိုးအလှူရှင်သမိုင်းမှာ စံချိန်တင် အောင်မြင်တဲ့ သူဖြစ်လာပြီးတဲ့နောက် မစ္စတာဝက်ဆင်က အွန်လိုင်းကနေ လုပ်ငန်းချဲ့ထွင်လိုက်တာ ဖြစ်ပါတယ်။ ၁၆ နှစ်အတွင်း ကလေးငယ် ၈၀၀ မွေးဖွားနိုင်ခဲ့တာကြောင့် တစ်ပတ်ကို တစ်ယောက်နှုန်း ဖြစ်ပါတယ်။ အခုတော့ သူက သုတ်ပိုးကို စီးပွားဖြစ် ရောင်းချတော့မှာဖြစ်ပါတယ်။ စတာလင်ပေါင်
 သောင်းဂဏန်းလောက်နဲ့ ရောင်းချမှာပါ။

သူ့ရဲ့စံချိန်တင် အောင်မြင်ခဲ့တဲ့ ရလဒ်ကြောင့် အွန်လိုင်းကနေ အခုလို လုပ်ဖို့ စိတ်ကူးရလာတာလို့
ဆိုပါတယ်။ ပြင်ပဘဝမှာလည်း မစ္စတာဝက်ဆင့်မှာ ကလေးသုံးယောက် ရှိပါတယ်။

Credit : ဖိုးသူတော်(http://www.phothutaw.com/2016/01/blog-post_983.html)
Credit : duwun

No comments:

Subscribe

လာလည်သူများ

free counters