♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

January 16, 2016

" မတ်ဆေ့ခ်ျတွေ မနားတမ်းပို့ အင်တာနက် မနားတမ်းသုံးတဲ့ သူတွေ ခံစားရနိုင်တဲ့ ကြောက်စရာ ကျန်းမာရေးဆိုးကျိုး "

 
ဒီစာကိုဖတ်ပြီးတဲ့အချိန်မှာ အမြဲတမ်းခေါင်းငုံ့ပြီး ဖုန်းသုံးတတ်တဲ့သင့်ရဲ့အကျင့်ကို စတင်ပြင်ဆင်ဖို့ အချိန်ပါပဲ။ လူတွေဟာ တစ်နေ့ကို အနည်းဆုံး နှစ်နာရီနဲ့ လေးနာရီကြား ခေါင်းတွေငုံ့ပြီး ဖုန်းသုံးတတ်ကြပါတယ်။ ဖုန်းသုံးတယ်ဆိုရာမှာ အင်တာနက်သုံးတာ၊ မတ်ဆေ့ခ်ျပို့တာ၊ ဂိမ်းဆော့တာ စတာတွေ ပါဝင်ပါတယ်။ သင်ဟာ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ပို့စ်တွေမပြတ်တင်ပြီး ကွန်မန့်တွေ ဟိုရေးဒီရေးနဲ့ အလုပ်ရှုပ်နေတတ်သူ၊ YouTube ကဗီဒီယိုတွေ မလွတ်တမ်းကြည့်တတ်သူဆိုရင်တော့ ကြောက်စရာကောင်းတဲ့ ကျန်းမာရေးဆိုးကျိုးတစ်ခု ပြောပြချင်ပါတယ်။

သင်ဟာ အပေါ်မှာ ပြောပြသွားသလို ဖုန်းကိုလက်ကမချတမ်း ခေါင်းတငုံ့ငုံ့နဲ့သုံးတတ်သူဆိုရင် မကြာခင်မှာ ကျောရိုးနဲ့ပတ်သက်တဲ့ ရောဂါဝေဒနာကို ခံစားလာရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သင်ဖုန်းသုံးတဲ့အခါ ခေါင်းကို ငုံ့ငုံ့ပြီး သုံးရလို့ပါပဲ။ ဆယ်ကျော်သက်တွေဆို ဒီဝေဒနာဖြစ်ဖို့ အခြေအနေပိုများပါတယ်။  ကျောရိုးအထူးကု Dr. Kenneth Hansraj ရဲ့အဆိုအရ ခုလေ့လာချက်အသစ်တွေမှာဆိုရင် ခုလို ကျောရိုးဝေဒနာခံစားရသူ ပိုတိုးလို့တောင်လာပါတယ်တဲ့။

"ဖုန်းသုံးတဲ့အခါ ခေါင်းကို ငိုက်ပြီး မသုံးရင်တော့ ငုံ့တော့ ငုံ့ထားရတဲ့အတွက် ကျောရိုးထိခိုက်မှုဟာ ရှိနေပါတယ်။ အမြဲလိုလို ဖုန်းကိုဆက်တိုက်သုံးနေသူတွေရဲ့ ကျောရိုးတွေဟာ ပုံမှန်လုံးဝမဟုတ်တော့ပါဘူး။ ဒါကို သတိမထားပဲ ဂရုမစိုက်ပဲ
ဆက်လုပ်သွားမယ်ဆိုရင် နောက်ဆုံး ခွဲစိတ်ရတဲ့အထိကို ဖြစ်တတ်ပါတယ်"လို့ သူက ပြောကြားသွားပါတယ်။




ခုလိုပြောလို့ ဖုန်းတွေလုံးဝမသုံးရတော့တာတော့ မဟုတ်ပါဘူး။ ဖုန်းတွေဟာ နေ့စဉ်ဘ၀တွေရဲ့ အရေးကြီးတဲ့ နေရာတစ်နေရာမှာ ပါဝင်လာတာမို့ ဖုန်းသုံးမယ်ဆို သတိလေးတော့ချပ်ပြီး သုံးသင့်ပါတယ်။ ဒီတော့ ဖုန်းသုံးမယ်ဆို ခေါင်းကို အတင်းငုံ့သုံးတာမျိုး မလုပ်တော့ပဲ သတိထားမယ်၊ ဖုန်းသုံးတဲ့ ခန္ဒာကိုယ်အနေအထားကို ဂရုစိုက်ပါ။  နောက်တစ်ချက်က ကိုယ်ဖုန်းအသုံးပြုတဲ့အချိန်က သိပ်များနေတယ်ဆို လျှော့ချသွားဖို့ လိုပါတယ်။
Ref:yourtango
 



Credit : http://www.trend.com.mm/2016/01/11/health-8549

No comments:

Subscribe

လာလည်သူများ

free counters