♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

January 16, 2016

" အလှအပ အတွက် တကယ် အလုပ်ဖြစ်တဲ့ ထူးထူး ဆန်းဆန်း အပြု အမူ တွေ "

တချို့သော အရာ တွေက ကျန်းမာရေး ဘက်က ကြည့်ရင် ဘယ်လိုမှ အပ်စပ်မှု မရှိပေမယ့်လည်း အသုံး တည့် တာကြောင့်
စပ်းသပ် လုပ်ကြည့် နိုင်ဖို့ မျှဝေချင် ပါတယ်။ လုပ်ရိုး လုပ်စဉ် မဟုတ်တဲ့ အရာတွေကြောင့် ရလဒ်ကောင်းတွေ ဘယ်လို
ရသလဲဆိုတာ လေ့လာ ကြည့်ရ အောင်ပါ။

ဘီယာဖြင့်ခေါင်းလျှော်ခြင်း
- မင်းသမီး ကက်သရင်း ဇီတာဂျုံးစ်က သူ့ဆံပင်တွေ နက်မှောင်ပျော့ ပျောင်းဖို့ အတွက် ရွေးချယ်ထားတဲ့ နည်းလမ်း တစ်ခုပါ။
 ခေါင်း လျှော်တဲ့ အခါမှာ ဘီယာ လက်ဖက်ရည် တစ်ပန်းကန် စာကို ဆံပင်ပေါ် လောင်းထားပြီး ၁၀ မိနစ်ခန့် ကြာရင်
 ရေဆေး ချရမှာပါ။

ထောပတ်သီး ဆံပင်ပျော့ဆေး
-နယူးယောက် ဧရိယာထဲက နာမည်ကျော်တွေ ကတော့ ထောပတ် သီးကို ဆံပင်ပျော့ဆေးလို သုံးကြပါတယ်။ ဆံသားက
 ကြွပ်ဆတ် ကြမ်းတမ်း မာကျော လွန်းနေ ရင်တော့ ထောပတ်သီးနဲ့ မရိုးနိစ်(ဒါမှမဟုတ်) သံလွင်ဆီပါ ရောနယ်ပြီး သုံးသင့်
 ပါတယ်။

အုန်းဆီခဲ သွားတိုက်ဆေး

- သွားတိုက်ဆေးမှာ ခပ်ထွေထွေလေးခဲ နေတဲ့ အုန်းဆီ သုံးပြီး ငါးမိနစ် ကနေ မိနစ် ၂၀ လောက်ထိတိုက်ပေးရင် ခံတွင်း
ထဲကပိုးတွေ သေစေနိုင်ပြီး သွားတွေဖြူစေတယ်လို့ဆိုပါတယ်။

ခြေနံ့ပျောက်စေတဲ့ဗော့ဒ်ဂါ
- ခြေထောက်အနံ့ဆိုးထွက်ပြီး ဖိနပ်တွေ၊ ခြေအိတ်တွေ အနံ့အသက် မကောင်းဖြစ်နေရင် ဖိနပ်တွေထဲ ဗော့ဒ်ဂါအရက်ဖျန်း
လိုက်ရင် ပိုးတွေသေပြီး အနံ့ အသက်ပျောက် စေပါတယ်။ ခြေချောင်းတွေနဲ့ ခြေထောက် တစ်ဝိုက်ကိုလည်း ဂွမ်းစလေးနဲ့ ပွတ်ပေးနိုင်ပါတယ်။

အသားမာပျောက်နွယ်ချို
- အိမ်မှာနွယ်ချို အလွယ်တကူ ရှိရင် အမှုန့်ဖြစ်အောင် ကြိတ်ချေပြီး ရေနံဂျ ယ်လီဆီနဲ့ ရောပြီး အသားမာ တက်နေတဲ့

 နေရာကို လိမ်းပေးရင် ပျော့ပျောင်းချောမွေ့လာစေပါတယ်။

ကြို့ထိုးပျောက် သကြား
- တစ်ခါ တစ်ခါဖြစ်တတ်တဲ့ ကြို့ထိုးတာကို မြန်မြန်သက်သာချင်တယ်ဆိုရင်တော့ သကြားတစ်ဇွန်း(သို့ မဟုတ်) တစ်ခဲသာ အမြန်စားလိုက်ပါ။

လှိုင်းမူးပျောက်သံလွင်ဆီ
- သင်္ဘောနဲ့ တစ်နေရာရာ သွားပြီဆိုရင် မူးတတ် သူတွေ သံလွင်ဆီ ဆောင်ထား သင့်ပါတယ်။

—Ref: healthdigezt.com

7daydaily News
http://7daydaily.com/story/32658#.VPBCVI6NiPZ

No comments:

Subscribe

လာလည်သူများ

free counters