♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

January 11, 2016

"ကိုယ်စိတ်ဝင်စားနေတဲ့ သူ ကိုယ့်ကို ပြန်ကြွေစေချင်တယ်ဆိုရင်"

 
တစ်စုံတစ်ဦးက ကိုယ့်ကို ရူးရူး မူးမူး ချစ်ခင် စွဲလန်းစေ ချင်ပါက သိပ္ပံ နည်းကျ အထောက် အထား ခိုင်လုံတဲ့ အောက်ပါ နည်းလမ်းလေးတွေက သင့်ကို အကူအညီ ဖြစ်စေ ပါလိမ့်မယ်။

မျက်လုံးချင်းဆက်သွယ်မှုပြုခြင်း

မိမိနှစ်သက်မြတ်နိုးတဲ့ သူတစ်ဦးရဲ့ အာရုံစိုက်မှု ရယူဖို့ အတွက် မျက်လုံးချင်း ဆက်သွယ်မှုက အရေးကြီး ပါတယ်။ အဲဒါက သူ/သူမကို သင့် ခံစားချက်တွေ ထဲထဲ ဝင်ဝင် နားလည် သဘောပေါက် စေပါတယ်။

နားထောင်တတ်သူဖြစ်ပါစေ

နာဗားဒါး တက္ကသိုလ်နဲ့ ဝါရှင်တန် တက္ကသိုလ်မှ လေ့လာမှု များအရ နားထောင်ကောင်းသူ တစ်ဦးဖြစ်ရတာ သင့်ကို တစ်စုံတစ်ဦးမှ ချစ်ကြိုက် မိခြင်းရဲ့ ကြီးမားတဲ့ အခန်းကဏ္ဍ တစ်ခု ဖြစ်ပါတယ်။ တခြားသူတွေ သူတို့ကို စိတ်ဝင်စားမှု ပေးတဲ့ အခါ လူတွေနှစ်သက် သဘောကျ ကြပါတယ်။ အဲဒီ အတွက်ကြောင့် သူတို့ အကြောင်းကို မဆိုင်းမတွ ချက်ချင်း ပြောဆို ဆွေးနွေးနိုင် ကြတယ်။

တလေးတစားနဲ့ ကောင်းမွန်စွာဆက်ဆံပါ

သူလုပ်ဆောင်နေတဲ့ အရာတွေနဲ့ သူ့ဖြစ်နေတာတွေ အားလုံး တန်ဖိုးထား သလို ပြုမူ ဆက်ဆံ တတ်ပါက အထူးသဖြင့် အသေးဖွဲ လေးတွေ တောင်းဆိုတဲ့ အခါ သင့်အတွက် မယုံကြည်နိုင် လောက်အောင် လိုက်လျော လာပါလိမ့်မယ်။

ဖြူစင်ရိုးသားစွာ ပြုံးပြပါ

ပြုံးရွှင်ခြင်းက ပိုမိုဆွဲဆောင်မှု ရှိစေတယ်၊ စိတ်ဝင်စားမှုနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုဖြစ်စေ ပါတယ်။

မကြာမကြာတို့ထိပေးပါ

မိမိလက်တွဲဖော်ကို မကြာမကြာ ထိတွေ့ပေးတာ စိတ်ကြည်နူးမှုနဲ့ ရင်းနှီးမှု တိုးပွား စေပါတယ်။

သူတို့စိတ်ဝင်စားဆုံးအရာကို တန်ဖိုးထားပေးပါ


တစ်ယောက် ယောက်က သူတကယ် စိတ်ဝင်စားတဲ့ အကြောင်းအရာကို ပြောတဲ့ အခါ သူတို့ အားနည်းချက် ပျော့ကွက်
တစ်ခုခုကို ဝေမျှပြောဆို တတ်ကြ ပါတယ်။ ဒါ့ကြောင့် သူတို့နှစ်သက် သဘောကျတဲ့ အရာကို တန်ဖိုးထား တတ်ရင် အပြန်အလှန် အားဖြင့် သင့်အပေါ် ရူးသွပ် စွဲလန်းဖို့ အလားအလာ ရှိပါတယ်။

Credit : http://www.trend.com.mm/2015/09/01/relationships-7547

No comments:

Subscribe

လာလည်သူများ

free counters