♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

March 30, 2016

" ကိုယ်ဝန်သည်များ စားသင့်သောငါးနှင့် မစားသင့်သောငါးများ "


Bristol တက္ကသိုလ်(အင်္ဂလန်)နှင့် Federal တက္ကသိုလ် (ဘရာဇီးလ်)တို့ ရဲ့သုတေသီတစ်ဦးဖြစ်သူ Rio de Janeiro
၏ နောက်ဆုံး သုတေသနပြုချက်များအရ၊ ကိုယ်ဝန်ဆောင်စဉ် ငါးမကြာခဏစားသူသည် ငါးလုံးဝမစားသူထက် စိတ်ပိုင်း
ဆိုင်ရာ စိုးရိမ် ပူပန်ကြောင့်ကြမှုကို လျော့ပါးစေနိုင်ကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။

ထိုသုတေသီ Rio de Janeiro က ကိုယ်ဝန်ဆောင် အမျိုးသမီး ၉၅၃၀ ဦးကို ရက်သတ္တ ၃၂-ပတ်ကာလအတွင်း တစ်ဦးချင်စီရဲ့ စားသောက်ပုံစာရင်းဇယားကို စာရွက်စာတမ်း မှတ်တမ်းများဖြင့် စံနစ်တကျ သုတေသနပြုပြီးနောက်၊ ငါးလုံးဝမစားခဲ့သူ မိခင်လောင်းများမှာ စိတ်ပိုင်းဆိုင်ရာဖိစီးမှုပြသနာ ၅၃ ရာခိုင်နှုန်းထိရှိလာကြောင်း၊ ကိုယ်ဝန်ဆောင်
စဉ် အသားနဲ့ ငါးလုံးဝမစားဘဲ ဟင်းသီးဟင်းရွက် တစ်မျိုးတည်းသာ စားခြင်း က လည်း စိတ်ပိုင်းဆိုင်ရာဖိ စီးမှု ပြသနာ
 ၂၅ ရာခိုင်နှုန်းထိရှိစေကြောင်း PLOSONE(ခေါ်)ဆေးဂျာနယ် တစ်စောင်မှာဖော်ပြထားပါ တယ်။

ဒါတင်မကသေးပါဘူး
ကိုယ်ဝန်ဆောင်မိခင်ရဲ့ စိုးရိမ်ကြောင့်ကျစိတ်ဟာ ရင်သွေးငယ်ကို စိတ်ဖိစီးမှုဖြစ်စေကာ၊ ဥာဏ်ရည် ဖွံ့ ဖြိုးမှုနှေးကွေး
စေနိုင်ကြောင်း ဖော်ပြထားပါတယ်။

အလားတူပင် အမေရိကန်ပြည်ထောင်စုမှာလည်း မိခင်လောင်း ၁၅၀၀ ကို နှစ်ပေါင်း ၃၀ ကြာလေ့လာမှုမှတမ်းများအရ၊ နံက်စာ-နေ့ လည်-ညစာ သီတင်းရက်သတ္တပတ်ကာလအတွင်း ငါးဟင်းလျား ၁၂ ကြိမ်မျှ စားသုံးခဲ့သော ကိုယ်ဝန်
ဆောင်အမျိုးသမီး များမှာ ရင်သွေးအပေါ် မာကျုရီ(ခေါ်)ပြဒါးအဆိပ်သင့်မှု တစ်စုံတစ်ရာ မဖြစ်ပေါ်နိုင်တဲ့အပြင်၊
ကိုယ်အလေးချိန်ကျစေတာကြောင့် လည်းမိခင်များအတွက် သားဖွားပြီးနောက် ကိုယ်အလေးချိန်တိုးပွားခြင်းအတွက်များစွာအထောက်အကူဖြစ်စေနိုင်တယ်လို့  အမေရိကန် ရိုချက်စတာတက္ကသိုလ် ပြည်သူ့ကျန်းမာရေး သိပ္ပံဌာနမှ ပါမောက္ခတစ်ဦးဖြစ်သူ ပီအိပ်ခ်ျဒီဘွဲ့ ရ အက်ဒွင်ဗန် ဆိုသူက အကြံပြုထားပါတယ်

ထိုအဆိုကို ကမ္ဘာ့အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး(ခေါ်)FDA မှ ထောက်ခံထားပြီး၊ ကိုယ်ဝန်ဆောင်မိခင်
လောင်းများ အတွက် အောက်ပါအတိုင်း ထပ်လောင်းအကြံ ပြုထားပါတယ်။

(၁) မာကျုရီပမာဏ ပါဝင်များပြားသော ငါးကွမ်းရှပ် နှင့် ပင်လယ်ငါးကြီးများ
(လုံးဝ) မစားပါနှင့်။

(၂) မာကျုရီပါဝင်မှုနည်းသော အကြေးခွံပါရေချိုငါး များများစားပေးပါ။

(၃) ပုစွန်ထဲမှာ မာကျုရီပါဝင်မှုနည်းလို့  စားပေးသင့်ပါတယ်

(၄) မာကျုရီပါဝင်မှုနည်းသော ပင်လယ်စာများဖြစ်ကြတဲ့ ခုံး(ဂုံး)ကောင်
ကရုကမာကောင်၊ ယောက်သွား၊ တူနာငါး နှင့် ဆယ်လ်မွန်ငါးတို့ စားပေးပါ။

(၅) ငါးဒန် က သွေးတက်စေလို့ မစားသင့်ပေ။
 
 

No comments:

Subscribe

လာလည်သူများ

free counters