♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
March 31, 2016
" ကိုဖိုးသိ ကိုဖိုးတတ်များ ထင်ထားသလို မတော်ကြဟုဆို "
ဟယ်! ..အိမ်က လူကြီးလိုပဲတော့
  ကိုယ့်ကိုယ်ကိုယ် ဉာဏ်ရည် မြင့်သူများ အဖြစ် ထင်ထားသူများသည် တကယ့်တကယ်တွင် ထင်ထား သလို ထူးချွန်ထက်မြက်လေ့ မရှိကြောင်း လေ့လာမှု တစ်ခုအရ သိရသည်။
          ဉာဏ်ရည် ဉာဏ်သွေးသည် မွေးရာပါ ဖြစ်ကြောင်း ယူဆထားသူ များသည် ၄င်းတို့ မည်မျှ ထူးချွန် ထက်မြက်သည်ကို ပိုမိုသာသာ သတ်မှတ်ထားလေ့ ရှိကြောင်း ပညာရှင်များက ပြောသည်။ ယင်းကဲ့သို့ ယူဆထား သူများသည် လွယ်ကူသော အလုပ်များ ကိုသာ အာရုံစိုက် တတ်ပြီး ခက်ခဲသော ပြဿနာများကို ဖြေရှင်းရန် အားထုတ်လေ့ မရှိကြောင်း စိတ်ပညာရှင်များက ပြောသည်။
          ကိုယ့်ကိုယ်ကိုယ် ဉာဏ်ရည်မြင့်သည်ဟု ထင်ထားသူများသည် ကိုယ်ရည်ကိုယ်သွေး အပေါ် ပိုပို သာသာ ထင်ထားလေ့ ရှိကြောင်း သုတေသန ပညာရှင်များ  တွေ့ရှိခဲ့သည်။ ယင်းပုဂ်္ဂိုလ် များသည် အထွေထွေ ဗဟုသုတ မေးခွန်းများကို ဖြေရာတွင် ခက်ခဲသော မေးခွန်းများကို ရှောင်ရှားပြီး လွယ်ကူသည်များ ကိုသာ ရွေးကာ ဖြေဆိုလေ့ရှိ ကြသည်။
          လူများ မတိုးတက်ရခြင်းမှာ သိချင်စိတ် မရှိသောကြောင့် ဖြစ်ကြောင်း အဲလ်ဘတ် အိုင်းစတိုင်းက ပြောဆို ခဲ့ခြင်းကို ယခုတွေ့ရှိမှုက ထောက်ခံနေသည်။ ပါရမီရှင်နှင့် ရူးမိုက်သူ တို့ကြား ကွဲပြားချက်မှာ ပါရမီရှင်သည် ၄င်း၏ အကန့်အသတ်ကို
သိရှိပြီး ရူးမိုက်သူ၊ ဘ၀င်မြင့်သူများသည် အရာရာကို သိပြီး ဖြစ်သည်ဟု ထင်မှတ်ထားခြင်းသာ ဖြစ်ကြောင်း အိုင်းစတိုင်းက ပြောဆိုခဲ့ဖူးသည်။ မသိသေးဟု မှတ်ယူထား ခြင်းသည် သင်ယူမှု အတွက် အရေးပါလှကြောင်း ယခု တွေ့ရှိမှုက သက်သေခံ နေသည်ဟု  ဒေါက်တာ အာလင်ဂျာက ပြောဆိုခဲ့သည်။
Source:DM
Credit :  http://www.messengernewsjournal.com/General/Eventure/detail.php?id=51201
No comments:
Subscribe
လာလည်သူများ
free counters