♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

March 27, 2016

" နေထိုင်စရိတ် အများဆုံး ကမ္ဘာ့ထိပ်တန်းမြို့ကြီး (၁၀) ခု "

 
နယူးယော့ခ်နဲ့ လော့စ်အိန်ဂျယ်လီက အဆင့်အတော်လေးတက်လာခဲ့ပြီး လန်ဒန်က ထိပ်တန်း ၁၀ ခုထဲ ပါလာပေမယ့် စင်ကာပူနိုင်ငံကတော့ ကမ္ဘာ့ကုန်ကျစရိတ် အများဆုံးမြို့ ဖြစ်တုန်းပါပဲ။
ဒါက Economist Intelligence Unit ရဲ့ 2016 Worldwide Cost of Living စစ်တမ်းအရ ဖြစ်ပြီး စင်ကာပူက ထိပ်ဆုံးမှာ ၃ နှစ်ဆက်တိုက် ရှိနေခဲ့ပါတယ်။
ဒါပေမယ့် အဆင့်သတ်မှတ်ချက်မှာ စင်ကာပူနဲ့ နောက် မြို့နှစ်ခုကြား ကွာဟမှုက အနည်းအကျဉ်းလေးသာ ရှိပါတယ်။
ဆွိဇာလန်နိုင်ငံ ယူးရစ်ခ်ျမြို့ နဲ့ ဟောင်ကောင်တို့က ဒုတိယနေရာမှာ ရှေ့ဆင့်နောက်ဆင့်ကပ်လိုက်လာကြပြီး ဟောင်ကောင်က လွန်ခဲ့တဲ့ ၁၂ လအတွင်း အဆင့် ၇ နေရာအထိ ခုန်တက်လာခဲ့ခြင်းဖြစ်ပါတယ်။
လန်ဒန်၊ နယူးယော့ခ်နဲ့ ဟောင်ကောင်တို့ နံပါတ် ၆၊ ၇ နဲ့ ၈ နေရာတွေမှာ အသီးသီး တက်လာကြပါတယ်။
တကယ်တော့ နယူးယော့ခ်ဆိုရင် ၂၀၁၁ က ၄၂ နေရာမှာ ရှိနေရာကနေ  ကျန်ခဲ့တဲ့ ၅ နှစ်အတွင်း အဆမတန် ကုန်ကျစရိတ်
ပိုများလာခဲ့ပါတယ်။
စင်ကာပူနိုင်ငံမှာ သယ်ယူပို့ဆောင်ရေးစရိတ်က နယူးယော့ခ်မှာထက် ၂.၇ ဆ ဈေး ပိုများနေကြောင်း သိရပါတယ်။
၂၀၁၆ ခုနှစ်အတွင်း နေထိုင်ဖို့ နေထိုင်စရိတ်အများဆုံး မြို့တွေကတော့
၁။ စင်ကာပူ
၂။ ယူးရစ်ခ်ျ
၃။ ဟောင်ကောင်
၎။ ဂျီနီဗာ၊ ဆွိဇာလန်
၅။ ပဲရစ်စ်
၆။ လန်ဒန်
၇။ နယူးယော့ခ်
၈။ ကူပင်ဟီဂင်၊ ဒိန်းမတ်
၈။ ဆိုးလ်၊ တောင်ကိုရီးယား
၈။ လော့စ်အိန်ဂျယ်လိစ်တို့ ဖြစ်ပါတယ်။
Ref: CNN

Credit : http://www.trend.com.mm/2016/03/25/lifestyle-9161

No comments:

Subscribe

လာလည်သူများ

free counters