♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

April 1, 2016

" ဒေါ်လာ တစ်ဘီလီယံ အကုန်ခံပြီး ကျင်းပတဲ့ မင်္ဂလာပွဲ "


ရုရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ မင်္ဂလာပွဲတစ်ခုဟာ အမေရိကန်ဒေါ်လာ တစ်ဘီလီယံလောက် အကုန်အကျခံ ကျင်းပခဲ့တာကြောင့် နာမည်ကြီးလာပါတယ်။

မင်္ဂလာပွဲကျင်းပရာ ခန်းမတစ်ခုလုံးကို နေရာလွတ်မရှိလောက်အော်င ပန်းတွေနဲ့ တန်ဆာဆင်ထားတာ တွေ့ရပါတယ်။ မင်္ဂလာပွဲလာ ပရိသတ်တွကိ ဖျော်ဖြေဖို့ ကမ္ဘာအကျော်အဆိုတော်တွေဖြစ်တဲ့ ဂျနီဖာလိုပက်ဇ်၊ အန်းနရစ်အစ်ဂ်လေရှားနဲ့ စတင်းတို့ကို ငှားရမ်းခဲ့ပါသေးတယ်။

သတို့သားရဲ့အဖေဟာ စွန့်ဦးတီထွင် စီးပွားရေး လုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး အားလုံးကို စရိတ်ထုတ်ပေးခဲ့တာ လို့ ဆိုပါတယ်။ စိန်ပေါင်းများစွာ စီခြယ်ထားတဲ့ သတို့သမီးရဲ့ ဝတ်စုံဟာလည်း တဖိတ်ဖိတ် တောက်လျှက် ရှိပါတယ်။

မင်္ဂလာကိတ်မုန့်ဟာ သတို့သမီးရဲ့ လူနှစ်ကိုယ်စာလောက် ကြီးမားပါတယ်။ သတို့သားရဲ့ ဖခင်ဖြစ်သူ လုပ်ငန်းရှင်ကြီးဟာ
စုစုပေါင်း ကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၆.၂ ဘီလီယံလောက် ရှိတယ်လို့ Forbes မဂ္ဂဇင်းရဲ့ တွက်ချက်မှုအရ သိရပါတယ်။


Credit : http://www.searchmyanmar.com/link/comment/cid/57662/domain/duwun.com.mm

No comments:

Subscribe

လာလည်သူများ

free counters