♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

April 2, 2016

" သိုက်လောက ( ဒုတိယပိုင်း - ဇာတ်သိမ်းပိုင်း )

 

(၁၆)နှစ်တိုင်တိုင်နှမထွေလေးအား လွမ်းဆွတ်နေခဲ့ရပြီး မိမိတို့၏သိုက်နန်းဆီသို့ နှမလေး ပြန်ရောက်ခါနီးဖြစ်ပြီသောကြောင့် သတိပေးရန်အလိုငှာ အစ်ကို့ဖြစ်သူ သိုက်စောင့်ကြီးမှာတော့ ယနေ့၌ မိမိကိုယ်တိုင် ခေတ္တဟုအပ်နှံထားခဲ့သော မရွှေထားဆီသို့ သွားရောက်သတိပေးရန် ကြံရွယ်ထားလေခဲ့သည်။
အထက်တန်းကျောင်းသူဘဝမှသည် ဖြူဖြူထွေးတစ်ယောက်မှာတော့ ယခုနှစ်၌ တက္ကသိုလ်ဝင်စားမေးပွဲအား ထူးချွန်စွာဖြင့်အောင်မြင်လာနိုင်ခဲ့သည်။ သူမဟာ တက္ကသိုလ်၌လည်း စာပေအတော်ဆုံးသူတစ်ယောက်ဟု သတ်မှတ်ထားစေကာ တစ်ကျောင်းလုံး၏ အလှပဆုံးမိန်းကလေးတစ်ယောင်ဟု တွင်ကျယ်စေခဲ့သည်။ သူမ၏ချစ်သူအဖြစ်သို့ ရောက်ရှိလာမည့် ထိုလူငယ်ကား အထက်ဂိုဏ်းဆရာကြီးတစ်ယောက်၏ သားတစ်ယောက်ပင်ဖြစ်ချေသည်။
ထိုလူငယ်လေးဟာလည်း အေးဆေးတည်ငြိမ်၍ ခေတ်ပညာတတ်တစ်ယောက်ဖြစ်စေကာ တက္ကသိုလ်၌ သူမနှင့်ဆုံတွေ့စေခဲ့သည်။ ဖြူဖြူထွေးဟာ မိဘများ၏အုပ်ထိန်းမှုအောက်၌ ရပ်တည်လာသူတစ်ယောက်ဖြစ်သည့်အလား လိမ္မာရေးကြားသည်လည်း လူတိုင်းနီးပါးမျှ ချီးမွန်းစေခဲ့ရသည်။ သူမ၏ချစ်သူအဖြစ်သို့ ရောက်ရှိလာခဲ့သော ထိုလူငယ်လေးဟာ ဖခင်၏စိုးမိုးမှုဖြင့် အထက်လမ်းပညာရပ် အထက်ဂိုဏ်းဆေးများအား တတ်ရောက်ထားသူ တစ်ယောက်လည်းဖြစ်စေသည်။
မိဘများမှာလည်း သူမ၏ချစ်သူရည်စားအား လွန်စွာမှပင်သဘောကျသည်။ ထို့ကြောင့် သမီးဖြစ်သူ၏ ချစ်သူအား ကန့်ကွက်ခြင်းမရှိသဘောတူစွာ လက်ခံခဲ့ချေသည်။ ထိုနေ့ဟာ ဖြူဖြူထွေး၏ မိဘနှစ်ပါးနှင့် သူမ၏ချစ်သူအား ဆုံတွေ့စေရန် ချိန်းဆိုထားခဲ့သည့် နေ့ရက်ကလေးပင်ဖြစ်ချေသည်။ လူငယ်လေး၏ မိဘအသိုင်းဝိုင်းအကြောင်းအား မေးမြန်းပြောဆိုခဲ့ကြကြီး လူငယ်လေး၏မိဘများမှာ သာမာန်နေနိုင်စားနိုင်မျှ ဖြစ်သော်လည်း ဦးခင်သိန်းနှင့်မရွှေထားတို့မှာ ကန့်ကွက်ခြင်းမရှိခဲ့ သမီးဖြစ်သူအပေါ်သို့ သစ္စာမေတ္တ္ဘာတရားနှင့် ထာဝရချစ်သွားပေးစေရန် ပြောဆိုစေခဲ့သည်။ သူမ၏ချစ်သူ လက်ခုံ၌ဆေးစက်အနီများအား ဦးခင်သိန်းတစ်ယောက် အမှတ်မထင်တွေ့ရှိခဲ့ပြီး ထိုဆေးအကြောင်းအား မေးမြန်းခဲ့သေးသည်။
ထို့ကြောင့်လူငယ်လေးဟာလည်း မိမိ၏ဖခင်ဟာ အထက်ဂိုဏ်းဆရာတစ်ယောက် ဖြစ်သည့်အလား မိမိသည်လည်း ကိုယ်ခံအနေဖြင့် ဆေးစက်များထိုးထားခြင်းဖြစ်ကြောင်း ပြောဆိုခဲ့ရသေးသည်။ ဝိဇ္ဇာဆေးဟု ပြောဆိုလိုက်သော
လူငယ်လေး၏ပြောစကားများကြောင့် ဦးခင်သိန်းတစ်ယောက်မှာ လှောင်သယောင်ယောင်နှင့် ခပ်ပြုံးပြုံးရှိနေခဲ့သည်။ သူ၏ငယ်ဘဝအား တမ်းတမိသေးသည်။ နတ်များအားဆဲဆိုလျက် နတ်ဆင်များပါကို ကန်ချပစ်ခဲ့သော အဖြစ်ပျက်အား အတွေးထဲ၌ တရေးရေးပြန်လည်မြင်ယောင်လာခဲ့လေသည်။
ထိုနေ့၌ ဘဝဟောင်းမှ အစ်ကိုတော်စပ်ခဲ့သူ သိုက်စောင့်ကြီးသည်လည်း နှမတော်ထံသို့ လွယ်ကူစွာရောက်ရှိလာခဲ့ချေသည်။ ထို့နောက် ညီမဖြစ်သူအား မြင်တွေ့လိုက်ရပြီး ပြုံးမိလျက် သူမ၏နံဘေးတွင် ထိုင်လျက်ရှိနေသော ချစ်သူကောင်လေးအားလည်း တစ်ပြိုင်နက် မြင်တွေ့လိုက်ရသည်ကြောင့် အစ်ကိုဖြစ်သူသိုက်စောင့်ကြီးမှာ မျက်မှောင်အား ကြုတ်လျက် စူးစိုက်စွာကြည့်မိလိုက်သည်။ သက်တမ်းရင့်ကျက်နေခဲ့ပြီး မြင်းဖြူနှင့်ကျောက်စီဓားအားပိုင်ဆိုင်ထားသည့် သိုက်စောင့်ကြီးမှာ ထိုလူငယ်လေးအားအကဲခတ်ကြည့်ရုံနှင့် အထက်လမ်းဆရာပေါက်စလေးဟု ကောင်းစွာသိရှိစေနိုင်ခဲ့သည်။
   မိုက်လှချည်လားနှမထွေးလေးရယ် နှမလေးက အစ်ကိုတော့်ကိုပေးထားတဲ့ ကတိစကားတွေကို ဖျက်ပစ်တော့မလို့လား … ချစ်ကြိုးသွယ်နေခဲ့ပြီး ငါ့နှမတော်လေး သံယော်ဇဉ်တွေဖြစ်လာတော့မယ် အိုး !… မဖြစ်ပါဘူး သူတို့နှစ်ယောက်ကို အချိန်မှီ ငါတားဆီးမှဖြစ်မယ် ပြီးတော့ ဒီသူငယ်ကလဲ ဆရာပေါက်စန နှမထွေးလေးအကြောင်းကို သိသွားရင် ငါတို့မောင်နှမတွေကိုပါ ဒုက္ခပေးလာနိုင်တယ် မဖြစ်ဘူးမဖြစ်ဘူး ငါတားမှဖြစ်မယ်
ဦးခင်သိန်းနှင့်ဒေါ်ရွှေထားအပါအဝင် ဖြူဖြူထွေးနှင့်ချစ်သူကောင်လေးတို့ ဧည့်ခန်းအတွင်း၌ ပြုံးရွှင်စွာစကားပြောဆိုနေကြသည်အား သိုက်စောင့်ကြီ မြင်တွေ့သွားခဲ့ပြီး သိုက်နန်းဆီသို့ ပြန်ခေါ်ရန် အချိန်နီးကပ်နေပြီဖြစ်သော နှမတော်လေးအတွက် လူ့ပြည်၌ သံယော်ဇဉ်များဖြစ်သွားမည်အား စိုးရိမ်လွန်းလှသည်။ ထိုတင်မက မိမိတို့၏မောင်နှမ သိုက်ဆက်များအကြောင်းအား ထိုလူငယ်ဆရာပေါက်စ ရိပ်စားမိသွားခဲ့လျင် မိမိတို့အား ဒုက္ခပြန်လည်ပေးမည်ကိုလည်း စိုးရိမ်မိသည်။ ထို့ကြေူာင့် အခ်ျန်မှီသာလျင် ခွဲခွာပစ်မှ နှမတော်လေးအား သိုက်နန်းဆီသို့လွယ်ကူစွာ ပြန်လည်ခေါ်ဆောင်နိုင်မည်ဟု အစ်ကိုဖြစ်သူသိုက်စောင့်ကြီးမှာ တွေးမိခဲ့ပြီး ထိုသူများအနားသို့ ဖြေညင်းစွာလှမ်းသွားချေခဲ့သည်။ ထို့နောက်ရယ်မောပျော်ရွှင်စွာ စကားများပြောဆိုနေသော ဦးခင်သိန်း၏နာမ်နှင့် မိမိ၏နာမ် နေရာလဲလယ်ခါ
   မောင့်ရင် … မောင်ရင်ပြန်တော့နော် နောက်တစ်ခါဆိုရင် သမီးလေးနဲ့ ခပ်ဝေးဝေးနေပေးပါ
   ဗျာ !…    
    ရှင် !… ဖေဖေ
   ကိုခင်သိန်း !… ရှင်ဘယ်လိုဖြစ်ရပြန်တာတုန်း
  အန်ကယ် !… ကျွန်တော်ဘာများ အပြောမှားသွားလို့လဲခင်ဗျ ကျွန်တော်အပြောမှားသွားတာ ရှိရင် တောင်းပန်ပါတယ်ဗျာ ဖြူနဲ့ကျွန်တော့ကိုတော့ မခွဲပါနဲ့နော်
   ဘာကွ!… မင်းဆက်မပြောနဲ့တော့ သွား !… အခုချက်ချင်း မင်းထွက်သွား ငါ့အိမ်ထဲကနေ မင်းထွက်သွား
   ဖေဖေ … ဘာဖြစ်လို့လဲ ဖေဖေ
   သမီး အသာနေ ဟေ့ကောင်မင်းကိုပြောနေတယ်လေ သွား !… ထွက်သွား

အဘဟ်ကြောင့်နည်း မိမိပြောဆိုလိုက်သော စကားများအားလည်း ချစ်သူ၏ဖခင်ဖြစ်သူမှာ ကျေနပ်လျက် အပြုံးပန်းများစွာ ပွင့်ခဲ့ဘူးသည်။ ကျေနပ်စွာဖြင့်လည်း ရှေ့ရေးအတွက် တိုင်ပင်နေခဲ့ကြသည်။ သို့သော် ယခုရုတ်တရက် မိမိအား ဒေါသတကြီးမောင်းထုတ်နေသည့် ဦးခင်သိန်းအား ထိုလူငယ်လေး နားမလည်နိုင် ပေစောင်းစောင့်ဖြင့် အိမ်အတွင်းမှ ထွက်ခွာသွားချေခဲ့သည်။ ဖြူဖြူထွေးသည်လည်း သူမ၏အဖေအပြောအဆိုကြောင့် ချစ်သူကောင်လေးစိတ်မဆိုးစေရန် တောင်းပန်စကားများစွာ ပြောဆိုခဲ့ရသေးသည်။ ထို့နောက် ဇနီးဖြစ်သူ မရွှေထားမှာတော့ လင်ယောကျာ်းအား ခေတ္တအနားယူသင့်ပြီဟု တွေးမိလျက် အိပ်ခန်းဆီသို့ ခေါ်ဆောင်သွားခဲ့ရသည်။
ထိုတစ်နေ့လုံး၌ ဦးခင်သိန်း၏ပုံစံမှာ ရွှင်လန်းခြင်းမရှိ။ ငေးငိုင်နေခဲ့လေပြီး မိသားစုဖြစ်သည့် ဇနီးသည်နှင့်သမီးဖြစ်သူတို့မှာလည်း ဖခင်ဖြစ်သူအား နေ့လည်ခင်းမှ ရိုင်းပြသော အပြုမူကြောင့် စိတ်ကောက်စွာဖြင့် ခေါ်ဝေါ်ခြင်းမရှိခဲ့ချေ။ တကယ်တော့ ဦးခင်သိန်းသည်လည်း မိမိကိုယ်မိမိ မည်သို့ပင်ဖြစ်နေကြောင်း မသိခဲ့ပဲ တွေးဝေငေးငိုင်နေခဲ့ခြင်းဖြစ်သည်။ ထိုည၌ မခင်ထားသည်လည်း အစောဆုံးအိပ်ယာဝင်ခဲ့ပြီး လင်ယောကျာ်းဖြစ်သူအား စိတ်ကောက်သောအမူယာဖြင့် တစ်ဖက်သို့စောင်းလျက်အိပ်နေခဲ့သည်။ ထို့စဉ် အိပ်ခန်းတံခါးအား တစ်စုံတစ်ယောက်မှ တွန်းဖွင့်လိုက်သော အသံအားကြားလိုက်ရသည်ကြေူာင့် ဒေါ်ရွှေထားတစ်ယောက်မှာ လျင်မြန်စွာလှည့်ကြည့်လိုက်ပြီး
   ဟင် ရှင် !… ရှင်ပါလား
  အစ်မကြီး ကျုပ်ကို မှတ်မိသေးတယ်ပေါ့ဟုတ်လား
   မှတ်မိတာပေါ့ ဘယ်လိုဖြစ်ပြီး ကျွန်တို့အခန်းထဲရောက်လာရတာလဲ ရှင်ဘာလုပ်မလို့လဲ
  ကျုပ်ဘာမှမလုပ်ပါဘူးဗျာ လွန်ခဲ့တဲ့ (၁၆)နှစ်တုန်းက ခင်ဗျားဆီမှာ ကျုပ်ညီမလေး ခဏအပ်ခဲ့တယ်လေ မှတ်မိသေးလား
   ဟင် !… အင်း !… သြော် … မှတ်မိပြီ မှတ်မိပြီ အဲ့ဒါက ကျွန်မအိပ်မက်မက်ခဲ့တာပဲ တကယ်မှမဟုတ်တာ
   အစ်မကြီးမှတ်မိရင်ပဲ ကျုပ်ကျေနပ်လှပါင်္ပြိ ကျုပ်ပြောခဲ့သေးတယ်လေ ကျုပ်ညီမလေးကို ခင်ဗျားတို့လင်မယားနှစ်ယောက်ဆီမှာ ခဏထားခဲ့ပြီး နှစ်(၂၀)ပြည့်တာနဲ့ လာပြန်ခေါ်မယ်ဆိုတာ အခု(၁၆)နှစ်ရှိပြီး ကျုပ်ပြန်ခေါ်ခါနီးပြီးဆိုတာ အစ်မကြီးကိုလာအသိပေးတာပဲ
   ဟင် … ရှင်ဘာတွေပြောနေတာလဲ ကျွန်မဘာတစ်ခုမှ နားမလည်ဘူး ဟေ့ … ဟေ့လူ နေ … နေဦးလေ ဟေ့လူ နေဦးလေ
   မိန်းမ … မိန်းမ ဟေ့ … ဟာကွာ အိပ်မက်မက်ပြီး ယောင်နေတယ် ရော့ရော့ ရေသောက်လိုက်
   ဟင် … ကျွန်မအိပ်မက်မက်နေတာပဲ ကိုခင်သိန်း ကျွန်မအိပ်မက်မက်တယ် ထူးဆန်းတဲ့အိပ်မက်တစ်ခု မက်တယ် အဲ့ဒီအိပ်မက်ကို လွန်ခဲ့တဲ့(၁၆)နှစ်လောက်တုန်းကလဲ တစ်ခါမက်တယ် အခုလဲ ထပ်မက်နေတယ်
   ဟားဟား မိန်းမရယ် မင်းအိမ်မှု့ကိစ္စတွေနဲ့ ဖိစီးမှုများပြီး ဟိုမက်ဒီမက် မက်တာနေမှာပါ အဲ့ဒါကြောင့် အိမ်အကူတစ်ယောက်လောက်ခေါ်ပါဆိုတော့လဲ မခေါ်ဘဲနဲ့ ကဲကဲ ဘာမှတွေးမနေနဲ့တော့ ပြန်အိပ်
မိမိ၏ပြောဆိုသောစကားများအား ခင်ပွန်းဖြစ်သူမှာ အလေးမထားခဲ့ချေ။ သူမကိုယ်တိုင်သည်လည်း ခင်ပွန်းသည်အကြောင်းအားကောင်းစွာ သိရှိထားသည်။ အိပ်မက်၊ အတိတ်နိမိတ် စသည်တို့အား အယုံကြည်မရှိသည့်အပြင် ထိုအကြောင်းများအား တစ်ပါးသူမှ ပြောဆိုလျင်လည်း လှောင်ပြောင်တတ်သေးသည်။ ထို့ကြောင့် မရွှေထားတစ်ယောက်မှာတော့ ထိုအိပ်မက်ဟာ သာမာန်မဟုတ်နိုင်ဟု တွေးတောမိရင်း မည်သည့်အကြောင်းကိစ္စနဲ့ပတ်သတ်နေသနည်းဟု ယခုအချိန်ထိ သူမတစ်ယောက်စဉ်းစားမရခဲ့ချေ။
ဘဝဟောင်းမှ နန်းနွယ်အမည်ရှိ ယခုဖြူဖြူထွေးမှာ အစ်ကိုဖြစ်သူသိုက်စောင့်ကြီး မိခင်ဖြစ်သူအား လာရောက်အသိပေးခဲ့သည့် (၁၆)ပြည့်နှစ်မှစတင်ကာ ကျန်းမာရေးတစ်ချို့ ချုချာနေခဲ့ပြီးဖြစ်သည်။ သူမ၏မျက်နှာထားမှာ ရွှင်လန်းခြင်းများမရှိ။ ချစ်သူရည်စားအား တမ်းတလွမ်းဆွတ်နေသလား။ ဖခင်၏ တားစီးမှုကြောင့် ဖြူဖြူထွေးတစ်ယောက် ချစ်သူနှင့်ကွေကွင်းနေရသည်မှာ ယခုဆိုလျင် (၂)နှစ်တိုင်တိုင်ရှိခဲ့ပြီးဖြစ်သည်။ သူမ၏ကျန်းမာရေးအခြေအနေမှာ သာမာန်မဟုတ် ထူးဆန်းမှုတစ်ခုအနေဖြင့် ချုချာနေခဲ့ခြင်းဖြစ်သည်။ အဖျားကြီးစွာတတ်နေခဲ့ပြီး မိဘများမှာ စိုးရိမ်ကြီးစွာနှင့် ဆေးရုံဆီသို့ ပို့ဆောင်ခဲ့လျင် ဆေးရုံရောက်သည်နှင့် သူမ၏ကျန်းမာရေးအခြေအနေမှာ လူကောင်းမပကတိအတိုင်း ပြန်လည်ကောင်းမွန်နေခဲ့သည်။ သွေးပေါင်ချိန်သည်လည်း ပုံမှန်ဖြစ်၍ မျက်နှာပြင်၌လည်း ရွှင်ရွှင်လန်းလန်းမြင်တွေ့ရသည်။
မိခင်ဖြစ်သူမရွှေထားမှာ အမျှော်အမြင်ရှိ၍ လူငယ်သဘာဝ လူကြီးမိဘများသဘောမတူလျင် ခိုးပြေးခြင်းအပြုမူများဖြစ်လာနိုင်သည်။ သမီးဖြစ်သူ၏ ချစ်သူကောင်လေးကိုလည်း မိခင်ဖြစ်သူ ဒေါ်ရွှေထားတစ်ယောက် သဘောကျသည်။ ဖခင်ဖြစ်သူဦးခင်သိန်းကိုသာလျင် မလွန်ဆန်နိုင်သောကြောင့် ဒေါ်ရွှေထားမှာ အလိုပ်အသင့်နေခဲ့ရသည်။ သိုသော် သမီးဖြစ်သူနှင့်ချစ်သူကောင်လေးအား တစ်ပတ်တစ်ကြိမ်မျှ သွားရောက်တွေ့ခွင့်ပေးလေ့ရှိသည်။ သမီးဖြစ်သူ၏ ကျန်းမာရေးအခြေအနေများကိုလည်း ထိုလူငယ်လေးအား မိခင်ဖြစ်သူမရွှေထားမှ ပြန်လည်ပြောပြလေ့ရှိသည်။ ဖခင်ဖြစ်သူအထက်ဂုဏ်းဆရာကြီး၌ သားတပည့်များစွာရှိနေခဲ့ပြီး တစ်နှစ်လျင် လေးငါးကြိမ်မျှ မိမိတို့၏နေအိမ်၌ သိုက်ဆက်များကုသပေးနေခဲ့ရသည်။
ထို့ကြောင့် ဒေါ်ရွှေထားပြောပြသော ဖြူဖြူထွေး၏ကျန်းမာရေး အခြေအနေနင့်ပတ်သတ်ပြီး ထိုလူငယ်လေးမှာ စိတ်ထဲ၌ သံသယဖြစ်လာမိသည်။ မိခင်ဖြစ်သူမရွှေထားသည်လည်း သမီဖြစ်သူ ဖြူဖြူထွေးတစ်ယောက် ကိုယ်ဝန်စတင်ရရှိသည့် အချိန်မှစတင်ကာ မိမိတို့ဟာ ပြေလည်လာခဲ့ပြီး ယခုကဲ့သို့အခြေအနေအထ် ရောက်ရှိလာကြောင်း ခင်မင်ရင်းနှီးသူများအား အမြဲတစေပြောပြလေ့ရှိသည်။ အိပ်မက်မက်ခဲ့သည့် အကြောင်းများကိုတော့့ စိတ်ထဲ၌လည်းမထား မေ့ဖျောက်နေခဲ့ပြီး သမတ်လောင်းဟုဆိုရမလား ထိုလူငယ်ကောင်းလေးက်ုတော့ ယနေ့၌ မရွှေထားတစ်ယောက်မှာ အကြောင်းစုံပြောပြခဲ့တော့သည်။ လွန်ခဲ့သော (၁၆)နှစ်၌ မြင်မက်ခဲ့ဘူးသော အိပ်မက်ထဲမှ လူတစ်ဦးဟာ မကြာသေးမီကာလမှ မိမိအားထပ်မံ၍အိပ်မက်လာရောက် ထပ်ပေးကြောင်း ထိုလူငယ်ကောင်လေး သိရှိသွားခဲ့ရသည်။
သေချာလေပြီ။ မိခင်ဖြစ်သူ ဒေါ်ရွှေထားတစ်ယောက် ပြောဆိုချက်များအရ ဖြူဖြူထွေးဟာ သိုက်ဆက်ဖြစ်စေပြီး ယခု(၁၈)နှစ်ကျော်၌ သူမ၏ကျန်းမာရေးမှာ တစ်ဖြည်းဖြည်းနှုင့် ချုချာလာခဲ့ခြင်းဖြစ်သည်။ ဒေါ်ရွှေထားအားလည်း ထိုလူငယ်လေးမှာ သမီးဖြစ်သူဟာ သိုက်ဆက်ဖြစ်စေပြီး အချိန်မှီသာလျင် ဆရာတစ်ယောက်ယောက်နှင့် သိုက်ကြိုးအား ဖြတ်စေ၍ သက်တမ်းစေ့နေနိုင်ရန် ကုသသင့်သည်ဟု ဆိုခဲ့သည်။ သို့သော် ဒေါ်ရွှေထားတစ်ယောက်မှာ အယုံအကြည်မရှိသည့်အပြင် ထိုခေတ်ကြီး၌ ထိုသို့သော် အယူများသည်ဟာ ဟောင်းနွမ်းနေခဲ့လေပြီ ထို့ကြောင့် မဖြစ်နိုင်ဟု စကားသာလျင်ဆိုလျက် ထွက်ခွာသွားခဲ့သည်။ ဒေါ်ရွှေထားပြောပြသည့် ချစ်သူဖြူဖြူထွေး၏ အကြောင်းများအား ချစ်သူကောင်လေးမှာ ဖခင်ဖြစ်သူအား ပြန်လည်ပြောဆိုပြသည်။ ဖခင်ဖြစ်သူမှဆို၏။ သေချာလေသည်။ ထိုမိန်းကလေးဟာ သိုက်ဆက်ဖြစ်လေသတည်း။ အချိန်မှီသာလျင် ကုသပေးမှ သက်တမ်းစေ့နေနိုင်ကောင်း နေရလိမ့်မည်ဖြစ်သည်။ သို့မဟုတ် ဘဝဟောင်းမှသိုက်အဆက်များဟာ သူမအား ပေးခဲ့သည့်သက်တမ်း နှစ်(၂၀)ပြည့်သည်နှင့် ဝိဥာဉ်အားလာရောက် နုတ်ယူတော့မည်ဖြစ်သည်။ သို့သော် ကာယကံရှင် မိဘဖြစ်သူများမှာ ထိုအကြောင်းနှင့် ပတ်သတ်ပြီး အယုံကြည်မရှိ လက်မခံသည့်အပြင် ငယ်ဘဝမှ မိမိတို့၏အဖြစ်ပျက်များကိုပင် ပြန်လည်ပြောဆိုလျက် ဟားတိုက်ရယ်မောနေတော့သည်။
သို့သော်ထိုလူငယ်လေးမှာ ဇွဲမလျော့ ချစ်သူကောင်မလေးအား သူတစ်ယောက်အချိန်မှီသာလျင် ဖခင်နှင့် ပေးတွေ့စေချင်သေးသည်။ တစ်ပတ်တစ်ကြိမ်သာလျင် ချစ်သူနှင့်တွေ့ခွင့်ရပြီး တွေ့ခွင့်ရသည့်အခါတွင်လည်း မိခင်ဖြစ်သူမှာ အမြဲတစေလိုက်ပါလေ့ရှိသည်။ ထို့ကြောင့် ကြားရက်၌ ချစ်သူကောင်မလေးအား တိတ်တဆိတ်ချိန်းဆိုခဲ့ပြီး မိမိ၏နေအိမ် ဖခင်ရှိရာသို့ ချစ်သူကောင်လေးမှာ ခေါ်ဆောင်လာခဲ့လေတော့သည်။ သမီးဖြစ်သူအား သိပ်ချစ်လွန်း၍ မိခင်နှင့်ဖခင်မှာ အရိပ်တကြည်ကြည့် ကြည့်နေခဲ့ရင်း သမီးဖြစ်သူမှာ ယခုအချိန်၌ ရုတ်တရက်နေအိမ်တွင် ပျောက်နေခဲ့သည်။ ထို့ကြောင့် မိဘများမှာ လွန်စွာစိတ်ပူမိရင်း သက်ဆိုင်ရာသို့ အကြောင်းကြားခါ နေရာအနံ့၌ လိုက်လံရှာဖွေတော့သည်။ မိခင်ဖြစ်သူ ဒေါ်ရွှေထားမှာ တွေးမိ၏။ သေချာလေပြီး ချစ်သူကောင်လေးဆီသို့ လိုက်ပါသွားခြင်းသာဖြစ်မည်။ ထို့ကြောင့် သက်ဆိုင်ရာမှ ရဲအရာများအား ခေါ်ဆောင်လျက် ထိုလူငယ်လေး၏ နေအိမ်ဆီသို့ အပြေးသွားချေတော့သည်။
ဖခင်ဟာ လူပျိုဘဝကတည်းမှ နယ်တကာသို့လှည့်လည်ကာ အထက်လမ်းပညာအား လေ့လာလိုက်စားနေသူတစ်ယောက် ဖြစ်ပြီး ယခုအခါ ရင့်ကျက်နေလေသလား။ ချစ်သူကောင်မလေးအား မြင်တွေ့လိုက်ရသည်နှင့် သိုက်ဆက်ဆိုသည်မှာ ကောင်းစွာရိမ်စားမိသည်။ ထို့ကြေုာင့် ကာယကံရှင်ဖြူဖြူထွေးအား ချစ်သူကောင်လေး၏ ဖခင်မှာ ကုသပေးမည်ဟု ပြောဆိုခဲ့သည်။ ဖြူဖြူထွေးဟာလည်း ချစ်သူ၏မျက်နှာအား နက်ရှိုင်းသောအကြည့်ဖြင့် တစ်ကြိမ်မျှကြည့်လိုက်ပြီး ယုံကြည်စွာဖြင့် ကုသပေးရန် လက်ခံစေခဲ့သည်။ ထို့နောက် ကာယကံရှင် ဖြူဖြူထွေးအား အထက်ဂိုဏ်းဆရာကြီးမှ အသက်နှင့်ခန္ဓာ မိမိထံသို့အပ်နှံစေရန် ပြောဆိုလိုက်ရင်း ဖြူဖြူထွေးသည်လည်း ကြည်ဖြူစွာ အိပ်နှံစေခဲ့၏ ။
ထို့နောက်ဘဝဟောင်းမှ ဆွေတော်ရှစ်သောင်း မျိုးတော်အပေါင်းတို့အား စင့်ခေါ်လျက် ဖြူုဖြူထွေး၏ နာမ်နှင့်လဲလယ်စေကာ ခန္ဓာကိုယ်အတွင်း၌ ဝင်ရောက်လာရန် အမိန့်ပေးပြောဆိုခဲ့သည်။ (အထက်၌ရေးသားဖော်ပြခဲ့သော သိုက်လောက အကြောင်းအား ကာယကံရှင်မိန်းကလေး၏ ဘဝဟောင်းမှ အစ်ကိုတော်စပ်သူ သိုက်စောင့်ကြီးပြောဆိုပြခဲ့သည့် စကားများအား (ပထမပိုင်း)၌ ဇာတ်လမ်းဖွဲ့လျက် ရေးသားထားခြင်းဖြစ်သည်။) ထို့နောက်ဘဝဟောင်းမှ မိမ်တို့၏ မောင်နှမသံယော်ဇဉ်အား မခွဲခွာရန် သိုက်စောင့်ကြီးမှ ငိုယိုလျက် ဆရာ့ထံ၌တောင်းပန်စေခဲ့သည်။ သ်ို့သော်ဆရာဟာ လုံးဝခွင့်မပြုပဲ သိုက်ကြိုးပါလျင် ဖြတ်ပစ်မည်ဟု ပျက်သားစွာပြောဆိုခဲ့သည်။ သူသည်လည်း မြင်းဖြူနှင့် ကျောက်စီဓားအား ပိုင်ဆိုင်ထားသည့် သိုက်စောင့်ကြီးတစ်ဦးဖြစ်သည့်အလား မာန်ခဲစွာနှင့် ဆရာအား ကာယကံရှင်မိန်းကလေးအား မရ ရအောင်ပြန်လည်ခေါ်ဆောင်မည်ဟု ကြုံးဝါးပြောဆိုခဲ့သည်။
ထိုသို့အခြေအတင်ပြောဆိုနေချိန်၌ ဖြူဖြူထွေး၏ မိဘများမှာ သူမအားစိုးရိမ်ကြီးစွာနှင့် ချစ်သူကောင်လေး၏ နေအိမ်ဆီသို့သက်ဆိုင်ရာမှ ရဲအရာရှိများနှင့် ရောက်ရှိလာခဲ့လေတော့သည်။ ကောင်လေးအား သွေးဆောင်ဖျားယောင်၍ သမီးဖြစ်သူအား ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ဆိုကာ တရားဆွဲဆိုစေပြီး အပိုင်းစခန်းဆီသို့ ခေါ်ဆောင်သွားခြင်းခံလိုက်ရလေသည်။ ဖြူဖြူထွေး၏ ခန္ဓာကိုအတွင်း၌ ဝင်ရောက်နေခဲ့သော ဘဝဟောင်းမှ အစ်က်ုတော်စပ်သူ သိုပ်စောင့်ကြီးဟာလည်း ထိုအဖြစ်အပျက်အား အခွင့်ကောင်းယူ၍ ဟားတိုက်ရယ်မောကာ ထွက်ရောက်သွားလေတော့သည်။ ဆရာဖြစ်သူသည်လည်း သားဖြစ်သူအတွက် လွန်စွာစိုးရိမ်သွားရင်း ပြာယာခတ်သွားခဲ့ရတော့သည်။
စေတနာများဟာ ဝေဒနာများအဖြစ်သို့ ကူးပြောင်းသွားစေရန် ဖြူဖြူထွေး၏ မိဘများအပေါ်၌ ချစ်သူကောင်လေး၏ိံ မိဘများမှာလွန်စွာမှပင် စိတ်ဆိုးမိချေသည်။ အပိုင်စခန်း၌လည်း ဖြူဖြူထွေးဟာ မိမိကိုယ်တ်ုင်သာလျင် စိတ်တူကိုယ်တူ လိုက်ပါသွားခဲ့ခြင်းဟု ထွက်ဆိုခဲ့သည်ကြောင့် ချစ်သူကောင်လေးမှာ အမှူမှလွတ်မြောက်လာခဲ့ရလေသည်။ စိတ်ဆိုးမိ၍ ကောင်မလေး၏ အခက်ခဲများအားလည်း ချစ်သူကောင်လေး၏ မိဘများမှာ လျစ်လှူရှုထားခဲ့ချေတော့သည်။
ထိုသို့အဖြစ်ဆိုးများဖြစ်ပေါ်လာစေရန် ဘဝဟောင်းမှ သိုက်စောင့်ကြီးဟာ နှမဖြစ်သူအား သိုက်နန်းဆီသို့လွယ်ကူစွာ ခေါ်ဆောင်နိင်ရန် လိုက်လံနောက်ယှက်နေခဲ့ခြင်းဖြစ်သည်။ ဒီလိုနှင့်နေလာခဲ့ရင်း ဖြူုဖြူထွေးဟာ ဘွဲ့ရလုပ်ငန်းခွင်ဝင်ရောက်မည့်အသက်အရွယ် (၂၀)သို့ရောက်ရှိလာခဲ့ချေသည်။ ချစ်သူကောင်လေး၏ ဖခင်အထက်လမ်းဆရာမှာ ထိုကောင်မလေးအား ကြာရှည်စွာလစ်လှူမရှုရက်နိုင် နေအိမ်ဆီသို့ သွားရောက်ခဲ့ပြီး အမြန်ဆုံးကုသရန် ပြောဆိုခဲ့သေးသည် ။ သို့သော် ဦးခင်သိန်းတစ်ယောက်မှာ လက်မခံပဲ နေအိမ်အတွင်းမှ မောင်းထုတ်ခဲ့သေးသည်။ ဆရာဖြစ်သူသည်လည်း လွန်စွာစိတ်ဆိုး၍ ထိုတစ်ကြိမ်၌ လုံးဝလစ်လှူရှု့လိုက်ချေတော့သည်။ ဖြူဖြူထွေးအသက်(၂၀)ပြည့်ချိန်၌ နေအိမ်ရှိ ငန်းတော်ကျားမြွေကြီးမှာလည်း ပျောက်ခြင်းမလှပျောက်ကွဟ်သွားခဲ့လေသည်။
မရွှေထားသည်လည်း သိုက်စောင့်ကြီးအား အိပ်မက်မက်လျက် သမီးဖြစ်သူအား သိုက်စောင့်ကြီးမှ ပြန်လည်ခေါ်ဆောင်သွားသည်ဟု မြင်မက်ခဲ့ပြီး လင်ယောကျာ်းအားလွန်ဆန်ကာ ဖြူဖြုထွေး၏ချစ်သူကောင်လေး ဖခင်ဆီသို့ တောင်းပန်စကားများပြောဆိုကာ ရောက်ရှိလာခဲ့သည်။ သို့သော် အလာကောင်းပေမဟ့် အခါနှောင်းသွားခဲ့ပြီး သိုက်စောင့်ကြီးဟာ အရာအားလုံးလက်ဦးမှုရယူခဲ့ရင်း ဖြူဖြူထွေးအား ပြန်လည်ခေါ်ဆောင်ရန် အသင့်ဖြစ်နေပြီဖြစ်သည်။ ဆရာဖြစ်သူသည်လည်း အစွမ်းကုန်ကြိုးစားပေးခဲ့ရသေးသညိ။ သို့သော်အချိန်မမှီတော့ ဖြူုဖြူထွေး၏ိံအသက်(၂၀)ပြည့် မွေးနေ့ရက်တိတိ၌ ရောဂါထွေထွေထူးထူးမရှိပဲ ဦးနှောက်သွေးကြောပျက်ခါ သေဆုံးသွားခဲ့ရသည်။
သိုက်နန်း၌ နန်းနွယ်၏ခန္ဓာကိုယ်မှာ အိပ်မောကျနေခဲ့ပြီး လူပြည့်မှပြန်လည်ခေါ်ဆောင်လာသော ဝိဥာဉ်နှင့် ပေါင်းစည်းပေးလိုက်သည်နှင့် အိပ်မောကျနေသည့် နန်းနွယ်ဟာပြန်လည်နိုးထလာခဲ့လေသည်။ နိုးထလာသည်နှင့် လူပြည့်မှ အကြောင်းများအား သူမတစ်ယောက် လွမ်းဆွတ်တမ်းတနေခဲ့ရသည်။ သို့သော် နန်းနွယ်ဘဝသို့ ပြန်လည်ရောက်ရှိသွားသည့် ဖြူဖြူထွေးဟာ လူ့ပြည်မှအဖြစ်ပျက်များအား သူမတစ်ယောက် အိပ်မက်မက်သကဲ့သို့ ထင်မြင်နေခဲ့ရပြီး တိုက်ဆိုင်မှုတစ်ခုခုနှင့် ကြုံတွေ့ခဲ့မှသာလျင် လူပြည့်၌ဖြစ်ခဲ့သော အဖြစ်များအား ပြန်လည်မြင်ယောင်နိုင်စွမ်းရှိသည်။
အရာရာအား မမြင်ဘူး၊ မကြုံဖူးဘူး ဆိုလျင် မည်သည့်အရာမှ ခေါင်းမာစွာလက်ခံခြင်းမရှိသော ဦးခင်သိန်းတစ်ယောက်မှာတော့ သိပ်ချစ်ရသည့် သမီးလေးဆုံးရှုံးပြီးကတည်းမှ နောင်တကြီးစွာရခါ ယခုအခါ အထက်လမ်းဆရာကြီးဆီ၌ တပည့်အဖြစ်ခံယူခဲ့ပြီး အထက်လမ်းပညာများအား လက်စားနေခါ (၃၁)ဟူသော လောကသားများအား ကောင်းကောင်းကြီးလက်ခံနေခဲ့လေတော့သည်။
                       ****    ****
(ဦးခင်သိန်း၏ အဖြစ်အပျက်များအား စာစီချယ်သရင်း သမီးဖြစ်သူအား တမ်းတလျက် ငိုကြွေးပြောဆိုခဲ့သော မိခင်ဖြစ်သူဒေါ်ရွှေထားအား ကျေးဇူးတင်မိပါတယ်ခင်ဗျာ။ သိုက်စောင့်ကြီးနှင့် ဆရာဖြစ်သူတို့ ပြောဆိုသော စကားများအား 'သိုက်ကြိုးဖြတ်ခြင်း'ဟူသော ဖြစ်ရပ်မှန် ဇာတ်လမ်းတို၌ ဖော်ပြပေးခဲ့ဘူးပါသည်။)
စာရေးသူ -ထီးကလေး
(ရင်နှင့်ရင်း၍ ရေးသားသည်)


သိုက်လောက အပိုင်း(၁) ကိုဖတ်ရန် လင့်မှာ...
(( ဒီမှာ ကလစ်ပြီး ဖတ်ပါ )) 


ကျေးဇူးတင်ပါတယ်.

Credit : hteekalay.blogspot

No comments:

Subscribe

လာလည်သူများ

free counters