♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

March 30, 2016

" ကြမ်းတမ်းလွန်းတဲ့ ကျမတို့အမျိုးသမီးများရဲ့ ဘဝ "

 
စိတ်က မိဘအတွက်...
ကိုယ်ခန္ဓာက လင်ယောကျာ်းအတွက်...
အချိန်တွေက သားသမီးအတွက်...
ကိုယ့်အတွက် မျက်နှာပေါ်က အရေးအကြောင်းတွေရယ်
ပင်ပန်းနွမ်းနယ်မှုတွေပဲ ကျန်ခဲ့တယ်...
-
လှပလွန်းရင် အန္တရာယ်များတယ်...
ရုပ်ဆိုးပြန်တော့လည်း ဘယ်သူမှအဖက်မလုပ်ချင်...
ပွင့်လင်းလွန်းတော့ အပေါစားထင်မယ်...
စကားနည်းတော့ ပေါင်းသင်းရခက်တယ်...
တကိုယ်တည်းနေမယ်ဆိုတော့ လိုချင်တဲ့သူမရှိလို့တဲ့...
အိပ်ထောင်ပြုတော့လည်း လွတ်လပ်မှု ဆုံးရှုံးပြန်ကော...
-
လင်ယောကျာ်းက ခန့်ညားလွန်းတော့လည်း
သူများအတွက် အလွယ်တကူဖြစ်နိုင်တယ်...
မချောတော့လည်း ကိုယ့်အမြင်က နှိမ့်ကျတယ်ဖြစ်မယ်...
ကလေးမယူချင်တော့လည်း မိန်းမ မပီသဘူးကဲ့ရဲ့ကြမယ်...
ယူပြန်တော့လည်း ပင်ပန်းရတာကိုယ်ပဲ...
အပြင်မှာအလုပ်ထွက်လုပ်တော့လည်း အိမ်မှုကိစ္စ မပိုင်နိုင်ဘူး အပြင်ပဲထွက်ချင်တယ် ပြောမယ်...
ငွေမရှာပြန်တော့လည်း အရည်အချင်းမရှိဘူး ယောကျာ်းကိုပဲ အားကိုးနေတယ်ပြောဦးမယ်...
-
အလှပြင်တော့လည်း ပဲများတယ်ပြောမယ်...
မပြင်ပြန်တော့လည်း မိန်းမဖြစ်ပြီး သပ်ရပ်မှုမရှိ အပျင်းကြီးတယ်ပြောမယ်...
သူငယ်ချင်းမရှိတော့ စိတ်ညစ်တဲ့အခါ ရင်ဖွင့်စရာမရှိပြန်...
သူငယ်ချင်းများပြန်တော့လည်း ရှုပ်ရှုပ်ရှက်ရှက်နဲ့ အတည်တကျမရှိဘူး ပြောကြမယ်...
လောကကြီးမှာ မိန်းမဖြစ်ရတာ ကိုယ်ပိုင်တဲ့အချိန်ဆိုတာ မရှိဘူး...
မိန်းမလုပ်ရတာ ယောကျာ်းလုပ်ရတာထက် ခက်ပြီးရင်းခက်နေတာ့တာပဲ...
-
မိန်းမဖြစ်ရတာ အယူဝါဒအရ မမြတ်ရင်သာနေမယ်... ယောကျာ်းတွေထက်နိမ့်တာ မရှိဘူး...
ကိုယ်ခန္ဓာဖွဲ့စည်းပုံအရ အားနွဲ့တယ်ထင်ရပေမယ့် ဆင်းရဲဒုက္ခတွေကို ယောကျာ်းတွေထက် ပိုခံနိုင်တယ်...-
ယောကျာ်းတွေ မခံစားရတဲ့ နာကျဉ်မှုဝေဒနာကို ဘဝရဲ့ ၃ပုံ၂ပုံလောက် လစဉ်လတိုင်း အံကြိတ်ခံစား ဖြတ်တန်းခဲ့ရတယ်...
အိမ်ထောင်ပြုပြီး လင်ယောကျာ်းမကောင်းလို့ ဘဝပျက်ရတဲ့
အမျိုးသမီးများပေမယ့်...
အပျိုကြီးလုပ်လို့ အားကိုးရာမဲ့လို့ဆိုပြီး ဘဝပျက်ခဲ့ရတဲ့သူ ရှားတယ်...
-
ဒီလောက်အပင်ပန်းခံ ဆင်းရဲဒုက္ခခံလာရပြီးမှတော့
ယောကျာ်းတစ်ယောက်အတွက်နဲ့ ကိုယ့်ဘဝကို ကိုယ်အပျက်မခံပါနဲ့...
-
ကိုယ့်ကိုယ်ကိုမှ တန်ဖိုးမထားရင် ဘယ်သူကမှ တန်ဖိုးထားမှာ မဟုတ်ပါဘူး...
ကိုယ့်ကိုယ်တိုင်က ကျားတစ်ကောင်အဖြစ် မနေရင် အဆင့်အတန်းမရှိတဲ့ ကျားတစ်ချို့ရဲ့ သားကောင်အဖြစ်ကို အလွယ်တကူရောက်သွားနိုင်တယ်...
-
ကျားကို နွားတစ်ကောင်လို မခိုင်းစားနိုင်ရင်တောင်
ဘယ်တော့မှ အလွယ်တကူ အစားခံရမယ့်
သားကောင်အဖြစ်မခံပါနဲ့... ကိုယ့်ကိုယ်ကိုသာ အားကိုးပါ...
-
ကိုယ်က မွေးကတည်းက သေတဲ့အထိ ဒုက္ခဆင်းရဲတွေကို အံတုပြီးကျော်ဖြတ်ခဲ့ရတယ်ဆိုတာ အမှတ်ရပါ...
-
ကိုယ်အားကိုးမယ့်သူက ကိုယ့်လောက်တောင် ဒုက္ခတွေကို ခံစားဖူးတဲ့ အတွေ့အကြုံမရှိနိုင်ပါဘူး...
သူကကိုယ့်အတွက် စစ်မှန်တဲ့ ချစ်ခြင်းတရားကို မပေးနိုင်ရင် သူ့ဆီကဘာမှ မျှော်လင့်မနေပါနဲ့တော့... သူတို့အတွက် ကိုယ့်ဘဝကို ရင်းနှီးရတာ မတန်လို့ပါ...

MaMe Ba...
 
Credit : Amaya Amaya Amaya

No comments:

Subscribe

လာလည်သူများ

free counters