♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

April 2, 2016

" ငွေကြယ်ပွင့်တို့ရဲ့ အသားအရေ ထိန်းသိမ်းနည်း လျှို့ဝှက်ချက်များ "

Jennifer Lopez ရဲ့ ဝင်းပတဲ့အသားအရေ၊ ဂျိမ်းစ်ဘွန်း ရုပ်ရှင်မင်းသမီး Halle Berry ရဲ့ အသားအရေထိန်းသိမ်းနည်း အစရှိတဲ့ နာမည်ကျော်ကြားလူကြိုက်များတဲ့ အလှပဂေးတို့ရဲ့ လျှို့ဝှက်ချက်တွေကို ပျိုမေတို့ နည်းနာယူလို့ရအောင် ဒီ တပတ် အလှအပရေးရာ ကဏ္ဌ အတွက် တင်ပေးလိုက်ပါတယ်ရှင်။ မူရင်းဆောင်းပါးက Celebrity Skin Care Secrets: skincare.becomegorgeous မှ ဖြစ်ပါတယ်။

Jennifer Lopez



Jennifer Lopez လို့ ဆိုတာတဲ့ သူ့ရဲ့ အသားအရေ စိုပြည်ဝင်းပမှုက လူတိုင်းလိုလို ပြောစမှတ်ပြုကြတဲ့ အချက်တစ်ချက်ပါ။ သူ့ ရဲ့လျှို့ဝှက်ချက်ကတော့ ပျားရည်ပါတဲ့။ ပျားရည်မှာ အသားအရေ လှပဖို့ မရှိမဖြစ်လိုအပ်တဲ့ အာဟာရတွေ၊ သက်စောင့်ဓာတ်တွေ အများကြီးပါဝင်ပါတယ်။ ပျားရည်ပါတဲ့ face mask တို့ ၊ moisturizer တို့က အသားအရေကို စိုပြေလန်းဆန်းစေတဲ့ အပြင် ပါးရေတွန့်ခြင်း နဲ့ တခြား အရေပြားပြသနာတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

Halle Berry


US Beauty Peagent အလှမယ်ဘွဲ့တသီကြီးရခဲ့ဖူးတဲ့ အော်စကာဆုရှင် Halle Berry က သူ့အသားအရေ သဘာဝ အတိုင်း စိုပြေလှပဖို့အတွက် ပုံမှန်လုပ်နေကျထဲမှာ တစ်နေ့နှစ်ကြိမ်မျက်နှာသစ်တာ၊ အသားအရေ အစိုဓာတ်ရဖို့ moisturizer လိမ်းတာတို့လိုအပ်ပါတယ်လို့ဆိုပါတယ်။ မျက်နှာမှာ ကပ်နေတဲ့ ဆဲလ် အသေတွေ ဖယ်ရှားဖို့ သစ်သီးမှ ရတဲ့အက်ဆစ်အပျော့  ပါတဲ့ cleansing solution မျိုးကို သုံးဖို့လည်း အကြံပေးထားပါတယ်။

Victoria Beckham


နာမည်ကျော်ဘောလုံးသမား David Beckham ရဲ့ အမျိုးသမီး၊ Spice Girls အဖွဲ့ဝင် အဆိုတော်Victoria Beckham ရဲ့ လှပတဲ့ လက်လေးတွေ ခြေထောက်လေးတွေလို ဖြစ်ဖို့အတွက် လုပ်ဖို့နည်းလမ်းလေးက သိပ်မရှုပ်ထွေးလှပါဘူး။ လိုးရှင်းကို လက်မှာလိမ်းပြီးရင် လက်အိတ်ကလေး စွတ်ထားရုံပါပဲ။ ခြေထောက်လည်း ထိုနည်း လည်းကောင်း ပါပဲ။ တစ်ညတည်းနဲ့ လက်လေးတွေ၊ ခြေလေးတွေ သိသိသာသာ နူးညံ့လာစေမှာပါ။ အဲလိုလုပ်ခြင်းက လိုးရှင်းကို အရေပြားထဲ စိမ့်ဝင်မှုပိုအားကောင်းစေပါတယ်။

Jennifer Aniston


Brad Pitt ရဲ့ ဇနီးဟောင်း Jennifer Aniston ရဲ့ နမ်းချင်စဖွယ် ဖူးငုံနေတဲ့ နှုတ်ခမ်းလေး အတွက် သူက မနက်တိုင်း သွားပွတ်တံမှာ သကြားနည်းနည်းနဲ့ရေကိုထည့်ပြီး တိုက်ပေးပါတယ်တဲ့။ သူ့အသားအရေ လန်းဆန်းဖို့အတွက်တော့ ရေခဲထုပ် (ice-pack) ကပ်တဲ့နည်း ကို သုံးပါတယ်တဲ့။ မနက်ရောက်လို့ မျက်တွင်းတွေညိုနေ၊ မျက်လုံးကြီးအစ်နေရင်  ရေခဲထုပ်လေးနဲ့  ၁၀မိနစ် ကပ်လိုက်ရုံနဲ့ အဆင်ပြေသွားမှာပါ။

ငွေကြယ်ပွင့်အများစုဟာ plastic surgery ကို သုံးပြီး အသွင်အပြင်ကို ဖန်တီးထားကြပေမယ့် ဓားမသုံးလည်းပဲ အလှအပကို ဖန်တီးနိုင်တဲ့ နည်းလမ်းလေးတွေ ကိုယ်စီကိုယ်စီရှိကြတာပါပဲ။ အခုဖော်ပြပေးတဲ့ လျှို့ဝှက်ချက်လေးတွေကို စာဖတ်ပရိတ်သတ်တွေ နှစ်ခြိုက်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

အလှတွေပိုနိုင်ကြပါစေရှင်။

Credit : http://thanakharmay.blogspot.co.uk/2011/09/blog-post.html?m=1

No comments:

Subscribe

လာလည်သူများ

free counters