♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

March 31, 2016

" ခရမ်းချဉ်သီး ကျေးဇူးနဲ့ အိမ်မီးလင်းတော့မည် "

 
ခရမ်းချဉ်သီးတွေ မစားလိုက်ရဘဲ ပုပ်သွားပြီး ပျော့အိသွားသည့် အခါမျိုးတွင် လွှင့်ပစ်လိုက်တတ် ကြသည်။ နည်းပညာသစ် အရကား လွှင့်ပစ်ရမည့် ခရမ်းချဉ်သီးတို့သည် အိမ်မီးထွန်းဖို့ ဓာတ်အားကိုပင် ထုတ်ပေးလိမ့် ဦးမည်။
          အမေရိကန်  သုတေသီတို့ သည် ခရမ်းချဉ်သီး အပါအ၀င် သီးနှံ များကို ချေဖျက်ကာ ဓာတ်အား ထုတ်ယူမည့် ဇီဝဘက်ထရီများ စမ်းသပ်နေကြပြီ။ လက်ရှိ စိုက်ပျိုး ထုတ်လုပ်သူ များသည်လည်း တင်ပို့ ရောင်းချဖို့ အရည်အသွေး မမီသည့် သီးနှံများကို အများအားဖြင့် လွှင့်ပစ်လိုက် ရသည်သာ ဖြစ်သည်။ တောင်ဒါကိုတာ ပြည်နယ်ရှိ သတ္တုတွင်းနှင့် နည်းပညာ တက္ကသိုလ်မှ ပါရဘွဲ့ သင်တန်းသား နာမီတာ ရှာရတ်သာနှင့် အဖွဲ့က ဇီဝဘက်ထရီ စမ်းသပ်နေသည်။
          သုတေသန အဖွဲ့သည် ဇီဝပိုးမွှားများ ပါဝင်သော ဇီဝဘက်ထရီကို ဖန်တီး ထားသည်။ ထိုဘက်ထရီထဲ ရှိ ဇီဝပိုးမွှား များသည် ခရမ်းချဉ်သီး အနည်အနှစ် များကို ချေဖျက်လိုက်သည့် အခါ အီလက်ထရွန်များ ထွက်လာသည်။ ထိုအီလက်ထရွန်ကို သုံးကာ လျှပ်စစ်ဓာတ်အား ထွက်လာအောင် ဖန်တီးယူ နိုင်သည်။ ခရမ်း ချဉ်သီးတွင် ပါသော လိုင်ကိုပင်း ဓာတ်သည် အီလက်ထရွန်များ ထွက်လာအောင် အဓိက နှိုးဆွပေး နိုင်သည့် ဓာတ်ပစ္စည်းဟု သုတေသီတို့က ဆိုသည်။
          ဖလော်ရီဒါ ပြည်နယ်မှ ထွက်သည့် စွန့်ပစ် သစ်သီးဝလံများကို ချည်းသုံးရုံဖြင့် ဒစ္စနေ ကစားကွင်းကို သုံးလလောက်
လျှပ်စစ်မီးပေးနိုင် လောက်အောင် လုံလောက်သော ဓာတ်အားများ ရရှိနိုင်သည်ဟု သုတေသီ တို့က ပြောသည်။
Source: Daily Mail

Credit : http://www.messengernewsjournal.com/news/Tech/detail.php?id=51199

No comments:

Subscribe

လာလည်သူများ

free counters