♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

March 29, 2016

" တကယ်ဆို မိန်းမတစ်ယောက် လိုအပ်သင့်တာ ‘ပိုက်ဆံချမ်းသာနေတဲ့ယောက်ျား’ မဟုတ်ဘူး "


တကယ်ဆို မိန်းမတစ်ယောက် လိုအပ်သင့်တာ ‘ပိုက်ဆံချမ်းသာနေတဲ့ယောက်ျား’ မဟုတ်ဘူး ။ ပိုက်ဆံကို ဘယ်လိုရအောင်
ရှာရမလဲဆိုတာကိုသိတဲ့ အရည်အချင်းရှိတဲ့ ‘ယောက်ျား’တစ်ယောက်ပဲဖြစ်သင့်တယ် ။ တချို့ မိန်းကလေးတွေရှိတယ် ..
ကိုယ်တွဲနေတဲ့ချစ်သူတစ်ယောက် .. သူ့ကိုလည်း တကယ်ချစ်ပါရဲ့ ဒါပေမယ့် လက်ထပ်ဖို့ကျတော့ စဉ်းစားရခက်နေတယ် ။
သူ လက်မထပ်ချင်ဘူးလေ ..အကြောင်းပြချက်က အဲ့ဒီကောင်လေးကမချမ်းသာလို့တဲ့...........သူနဲ့ယူရင်ငါပဲစိတ်ဆင်းရဲ ကိုယ်ဆင်းရဲနေရမှာ ..ဘာညာ ဘာညာပေါ့ ..အဲဒီလိုနဲ့ အချစ်စစ်နဲ့လွဲနေတဲ့ စုံတွဲတွေအများကြီး ~~ တကယ်ဆို မချမ်း
သာတဲ့လူအချင်းချင်းယူထားပြီး နောက်ပိုင်းကျ အဆင်ပြေပြေနေနိုင်နေတဲ့ အိမ်ထောင်ရေးတွေအများကြီးပါ.....ကိုယ်ချစ်တဲ့
သူနဲ့အတူတူနေ....ဘယ်လိုကြီးပွားချမ်းသာအောင်လုပ်မလဲဆိုတာတွေ တိုင်ပင် ..အတူတူကြိုးစား အခက်အခဲတွေရင်ဆိုင်
အဲ့ဒါမှ အိမ်ထောင်ရေးသာယာတယ်လို့ခေါ်တာ ..ချမ်းသာတဲ့လူကိုယူမှ ကိုယ်ပျော်ရွှင်ရမှာမဟုတ်ဘူး .....ငွေပုံပေါ်တော့

ထိုင်နေရပါရဲ့ ..ကိုယ်ချမ်းသာတော့နေရပါရဲ့ ...... စိတ်ကတော့ဆင်းရဲနေရတဲ့ အိမ်ထောင်ရေးတွေလည်း တပုံတပင် ..
တကယ်ဆို လူတစ်ယောက်အတွက် ပျော်ရွှင်ခြင်းဆိုတာ ကိုယ်ချစ်တဲ့သူနဲ့လက်ထပ်ရခြင်း ပါပဲ ... ... ...
{ မယ်ပိုး }
< Heart Canteen >

Credit : အမျိုးသမီးနှင့်ကျန်းမာရေး

No comments:

Subscribe

လာလည်သူများ

free counters