♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

March 31, 2016

" အပြာကားပြတဲ့ အဌားယာဉ်မောင်းရဲ့ ကားနံပါတ်ကို လိုက်စုံစမ်းနေပြီ "

အဌားယာဉ်မောင်းသမားက ခရီးသည်အမျိုးသမီးငယ်တစ်ဦးကို ကားမောင်းနေစဉ် ဒရိုင်ဘာ၏ အနောက်၌ ထိုင်နေသော အမျိုးသမီးငယ်၏ မိခင် မမြင်ရအောင် အပြာကားပြသခဲ့ကြောင်း မတ်လ ၂၄ ရက်နေ့က  ဖေ့ဘွတ်လူမှုကွန်ယက်မှာ ဓာတ်ပုံတွေနဲ့ ပြန့်နှံ့ခဲ့ပါတယ်။ အမျိုးသမီးငယ်က သူမ၏ ကင်မရာကို ဖလက်ရှ် ပိတ်ကာ ထိုသူပြနေသော အပြာကားပုံ
ကို ခိုးရိုက်ခဲ့ပြီး ဖေ့စ်ဘွခ်တွင် တင်ခဲ့ခြင်းဖြစ်သည်။

ယာဉ်နံပါတ်ကို သိတာကြောင့်  နယ်မြေထဲမှာ လိုက်လံစုံစမ်းနေတယ်လို့ တောင်ဥက္ကလာရဲစခန်းက ပြောကြားထားကြောင်း 7Day Daily ကဖော်ပြထားပါတယ်။ အဆိုပါကိစ္စနဲ့ပက်သက်ပြီး လာရောက်တိုင်ကြားမှုမရှိသေးကြောင်းနဲ့
လာရောက်တိုင်ကြားပါလို့ ပြောချင်ကြောင်း ဒုရဲမှုးမြင့်လွင်သန်းက ပြောကြားထားတာ ဖြစ်တယ်လို့ သိရပါတယ်။



လိင်ပိုင်းဆိုင်ရာ မြူဆွယ်ခံရရင် နီးစပ်ရာရဲစခန်းမှာ တိုင်ကြားနိုင်တာ ဖြစ်ပြီး ပြစ်မှုဥပဒေပုဒ်မ ၅၀၉ နဲ့ တရားစွဲဆိုနိုင်ကာ ထောင်ဒဏ်နှစ်နှစ်နဲ့ ငွေဒဏ်ပါချမှတ်နိုင်တာ ဖြစ်ပါတယ်။

Credit: ဖိုးသူတော် (http://www.phothutaw.com/2016/03/blog-post_861.html)
Credit: 7 Day Daily 


No comments:

Subscribe

လာလည်သူများ

free counters