♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

May 18, 2016

" သမင်ပေါက်လေးတွေကို မိသားစု ၀င်တွေလို့ သတ်မှတ်ထားတဲ့ အိန္ဒိယ နိုင်ငံက Bishnoi လူမျိုးစု "

 
တိရိစ္ဆာန်တွေကို ချစ်တတ်တဲ့ အိန္ဒိယ အမျိုးသမီး တစ်ဦးဟာ ဘယ်သူနဲ့ မှ မတူတဲ့ မိခင်စိတ်မျိုးရှိနေခဲ့ပါတယ်။ သူမဟာ မိဘမဲ့ သမင်ပေါက်လေး တွေကို သူမရဲ့  ကလေးတွေနဲ့အတူ မိခင်နို့ချို အတူတိုက်ကျွေးခဲ့တာပဲ ဖြစ်ပါတယ်။
 
သူမဟာ အိန္ဒိယနိုင်ငံ မြောက်ပိုင်းက Rajasthan လို့ခေါ်တဲဒေသမှာ ရွှေ့ပြောင်းနေထိုင်နေတဲ့ Bishnoi လူမျိုးစု အဖွဲ့ဝင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူတို့ လူမျိုးစုဟာ သမင်တွေကို မြင့်မြတ်တဲ့ တိရိစ္ဆာန် တစ်ကောင် အဖြစ် သတ်မှတ်ထားပြီး သမင်တွေကို ကာကွယ်ဖို့အတွက် သူတို့လုပ်နိုင်တဲ့ အားလုံးကို လုပ်လေ့ရှိကြပါတယ်။ အသက် ၄၅ နှစ်ရှိနေပြီဖြစ်တဲ့ မိခင် Mangi Devi Bishnoi ကတော့ “ဒီ သမင်ပေါက်လေးတွေဟာ ကျွန်မ ဘ၀ပါပဲ။ သူတို့လေးတွေဟာ ကျွန်မ ကလေးတွေလိုပါပဲ။ ကျွန်မ အဲဒီသမင်လေးတွေကို နို့တိုက်ပါတယ်။ အစာကျွေးပါတယ်။ လိုအပ်တဲ့ စောင့်ရှောက်မှုတွေ ပြုလုပ်ပြီး မိသားစု ၀င်တစ်ယောက်လို ဆက်ဆံပါတယ် ၊ သူတို့ဟာ မိဘမဲ့တွေမဟုတ်ပါဘူး။ ကျွန်မတို့အနားမှာ ရှိနေပါတယ်” လို့ ဆိုပါတယ်။
 
Bishnoi လူမျိုးစုတွေဟာ လုနေအိမ် ၂၀၀၀ ခန့် ရှိကြပြီး သူတို့ဟာ သစ်ပင်တွေနဲ့ တိရိစ္ဆာန်တွေ စောင့်ရှောက်လာတာ နှစ်ပေါင်း ၆၀၀ ခန့် ရှိနေပါပြီ။ အသက် ၂၁ နှစ်ရှိနေပြီဖြစ်တဲ့ Bishnoi လူမျိုးစုဝင် ကျောင်းသားလေး Roshini Bishnoi ကလည်း “ကျွန်တော် ဒီသမင်ပေါက်လေးတွေနဲ့ အတူ ကြီးလာတာပါ။ သူတို့ဟာ မောင်နှမတွေလိုပါပဲ။ ကျွန်တော်တို့ သမင်ပေါက်တွေနဲ့ ဆော့ပြီး တစ်ယောက်နဲ့တစ်ယောက်လည်း ဆက်သွယ်နိုင်ပါတယ်။ သမင်ပေါက်လေးတွေက ကျွန်တော်တို့ ဘာသာစကားကို နားလည်ပါတယ်” လို့ ပြောပြလာပါတယ်။
 
Ref:mirror.co.uk

No comments:

Subscribe

လာလည်သူများ

free counters