♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

May 19, 2016

" လက်သည်း၊ ဆံပင်နဲ့ အရေပြားလှပဖို့ စားသင့်တဲ့အရာ (၄) မျိုး "

 
ဆံပင်တွေ ခြောက်သွေ့နေရင်၊ အသားအရေ မွဲခြောက်ခြောက်ဖြစ်နေရင် ဒါတွေကို စားပေးဖို့ လိုနေပါပြီ။ လက်သည်း၊ ခြေသည်းတွေ မကြာခဏ အက်ကွဲတာမျိုးအတွက်လည်း စားပေးလို့ရပါတယ်။

၁။ ဆော်လ်မွန်
ဆော်လ်မွန်ငါးမှာပါတဲ့ အဆီနဲ့ ပရိုတင်းဓာတ်တွေက ဆံပင်ကျွတ်တာကို လျော့စေပြီး နေလောင်ဒဏ်ကြောင့် အသားအရေမပျက်စီးအောင်လည်း ကာကွယ်ပေးပါတယ်။

၂။ မုန်လာဥနီ
ဗီတာမင် A နဲ့ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိတွေပါဝင်တဲ့ မုန်လာဥနီက ဆံပင်ကို ကျန်းမာသန်စွမ်းစေတဲ့အပြင် လက်သည်း၊ ခြေသည်းတွေအတွက်လည်း အထောက်အပံ့ဖြစ်စေပါတယ်။

၃။ ခရမ်းချဉ်သီး
ကယ်ရိုတီးနွိုက်လို့ခေါ်တဲ့ ဓာတ်တစ်မျိုးက ခရမ်းချဉ်သီးမှာ များစွာပါဝင်ပါတယ်။ သူက နေလောင်ဒဏ်မခံရအောင်
အရေပြားကို ကာကွယ်ပေးမှာပါ။

၎။ ကြက်ဥ
ကျန်းမာလှပတဲ့ လက်သည်းခြေသည်းတွေ ပိုင်ဆိုင်ဖို့ ကြက်ဥကို စားပေးသင့်ပါတယ်။

Credit : ဖိုးသူတော် (www.phothutaw.com)
Credit : Duwun

No comments:

Subscribe

လာလည်သူများ

free counters