♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

May 15, 2016

" အမျိုးသမီးတို့အလှကို ထိခိုက်စေတဲ့ဒေါသကို ဘယ်လိုထိန်းမလဲ "

လူဆိုတာကလည်း ကိုယ်နဲ့ သဘောထားချင်းမတိုက်ဆိုင်ရင် အဲဒီလူကို မိမိရဲ့သဘောထားကို လက်ခံဖို့ ဖျောင်းဖြမယ်၊
ဘယ်လိုမှ လက်မခံတဲ့အခါကျတော့ ဒေါသထွက်မယ် စသည်ဖြင့် ဒေါသဆိုတာ တစ်ဖက်လူနဲ့ ခံစားချက်ချင်း အတိုက်အ
အခံဖြစ်တဲ့အခါတိုင်း၊ ပတ်ဝန်းကျင်နဲ့ အဆင်မပြေတဲ့အခါတိုင်း၊ ကိုယ့်စိတ်နဲ့အခန့်မသင့်တဲ့အခါတိုင်း ဒေါသဆိုတာ ဖြစ်
လာတတ်ပါတယ်။ ဒီဒေါသဟာ အလှကို ထိခိုက်စေပါတယ်။ အထူးသဖြင့်တော့ အလှအပနဲ့မှ ပဏာရတဲ့ အမျိုးသမီးတွေ
ကို အခြားများပြားလှသော ဆိုးကျိုးတွေကို ထည့်မတွက်သေးတောင် အနည်းဆုံးတော့ အရွယ်အိုမင်းမှုကို မြန်ဆန်စေပါ
တယ်။ ဒီတော့ အလှကိုထိခိုက်စေတဲ့ ဒေါသကို ဘယ်လိုထိန်းချုပ်မလဲဆိုတာကို Shwemom ရဲ့ အမျိုးသမီးပရိသတ်ကြီး
အတွက် ဖော်ပြပေးလိုက်ပါတယ်။

(၁) ရှောင်လွှဲပါ


ကိုယ့်ကို ဒေါသဖြစ်စေနိုင်တဲ့ အပြုအမူ အပြောဆိုစတာတွေ ကြုံလာရတဲ့အခါ ရှောင်လွှဲထွက်လိုက်ခြင်းဟာ ဖြစ်မယ့်ဒေါ
သကို မဖြစ်စေတော့ပါဘူး။ ဖြေရှင်းသင့်တယ်ထင်ရင်လည်း တစ်ယောက်ချင်း လိုက်လံဖြေရှင်းမယ့်အစား ရဲရဲဝင့်ဝင့် ရင်

ဆိုင်ဖြေရှင်းတဲ့ နည်းကို သုံးပါ။

(၂) အာရုံစိုက်မှု မလွင့်ပျံအောင် ထိန်းပါ

ဒေါသဖြစ်စေတဲ့အခါမျိုးမှာ ကိုယ်ဘာကို အာရုံပြောင်းလိုက်ရင် ဒေါသစိတ်ကို မဖြစ်စေဘူးစသဖြင့် သိပါစေ။ ဥပမာ အ
လုပ်ကို ပိုပြီး အာရုံစိုက်လုပ်တာမျိုးပေါ့။ ဒါမှမဟုတ် စာဖတ်တာ၊ တရားထိုင်တာ-စသည့်နည်းများနဲ့ ဒေါသမဖြစ်အောင်
ထိန်းသိမ်းပါ။

(၃) မပြောခင် စဉ်းစားပါ


မပြောခင် စဉ်းစားဆင်ခြင်ခြင်းဟာလည်း အမှားအယွင်းကို နည်းစေပါတယ်။ ဒီနည်းဟာလည်း ကိုယ့်စကားအမှား
ကြောင့် ကိုယ့်ကိုယ်ကို ပြန်ဖြစ်ရမယ့် ဒေါသကို ရှောင်ရှားနိုင်ပါတယ်။

(၄) အချိန်ရေတွက်မှု လုပ်ပါ

ဒီနေရာမှာ ဒေါသနဲ့ပတ်သက်ပြီး ဟာသလေးတစ်ခု ဖတ်ဖူးသေးတယ်။ ဒေါသမဖြစ်အောင် တစ်ဆယ်အထိ ရေတွက်ရင်း ဟိုဘက်လူက ထိုးတာခံလိုက်ရတယ်-တဲ့။ ဘာလို့လဲဆိုတော့ ဟိုဘက်က ငါးအထိပဲ ရေလို့တဲ့။ အမှန်တော့ ဒေါသမဖြစ်
အောင် အမြန်ဆုံး ထိန်းချုပ်နိုင်တဲ့နည်းမှာ အမှတ်စဉ်ရေခြင်းဟာ ထိရောက်ပါတယ်။ ဒေါသမပြေမချင်း ရေတွက်ပါ …။

(၅) ဘယ်လိုအကောင်းဆုံးဖြေရှင်းရမလဲဆိုတာ စဉ်းစားပါ


ဒေါသထွက်ဖို့ကိစ္စတစ်ခု ကြုံတဲ့အခါတိုင်း ဒီပြဿနာကို ကိုယ်နဲ့အရင်ဆုံး ဆိုင်မဆိုင် လေ့လာပါ။ ဆိုင်တယ်ဆိုရင်လည်း
ဘယ်လို ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းရမလဲဆိုတာ သုံးသပ်ပါ။

(၆) စိတ်တည်ငြိမ်ဖို့ လေ့ကျင့်ခန်း

စိတ်တည်ငြိမ်ဖို့အတွက်တော့ တရားထိုင်ခြင်း၊ ပုတီးစိပ်ခြင်း၊ စာဖတ်ခြင်း၊ ယောဂကျင့်ခြင်း-စတာတွေကို လုပ်ပေးသင့်ပါ
တယ်။ သမာဓိကို ရင့်ကျက်စေပြီး စိတ်ကို တည်ငြိမ်စေပါတယ်။ ဒီနည်းနဲ့ သင့်ကို အလှပျက်စေမယ့် ဒေါသတွေကို ကာ
ကွယ်နိုင်မှာ ဖြစ်ပါတယ်။
နတ်စည်တော် (Shwemom)

Credit : http://www.shwemom.com/10-tips-to-control-anger-for-women/

No comments:

Subscribe

လာလည်သူများ

free counters