♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

May 16, 2016

" သ၀န်တိုစိတ်ကြောင့် ချစ်သူမိန်းကလေးကို သတ်သူ ဖမ်းဆီးခံရ "

ဓာတ်ပုံ - thairath.co.th
အွန်လိုင်းပေါ်မှာ တခြားအမျိုးသားတဦးနဲ့ ဆက်သွယ်စကားပြောခဲ့တဲ့ ချစ်သူမိန်းကလေးကို သ၀န်တိုစိတ်နဲ့ လည်ပင်းကို ဓားနဲ့ လှီးသတ်ခဲ့တဲ့ လူငယ်တဦးကို ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။

သူတို့ ၂ ဦးဟာ မေလ ၁၀ ရက်နေ့ ညပိုင်းက ကိုဖန်ငန်ခရိုင်၊ ဘန်တိုင်အရပ်၊ ဟက်ဒ်ရင်ကမ်းခြေပေါ်က ဘန်ဂလိုတခုထဲ အတူရှိနေချိန်မှာ ခုလိုကျူးလွန်ခဲ့တာလို့ ကိုဖန်ငန်ခရိုင် ရဲမှူးကြီး ပရာချန်းရန်သောင်က ပြောပါတယ်။

နတ်သနက်ထူးဂျူရန်နွန်အမည်ရ ၂၄ နှစ်အရွယ် အဲဒီအမျိုးသားဟာ ချစ်သူမိန်းကလေးက အွန်လိုင်း လူမှုကွန်ရက် အပလီကေးရှင်းတခုဖြစ်တဲ့ လိုင်း (Line) ပေါ်မှာ တခြားအမျိုးသား တဦးနဲ့ ဆက်သွယ်စကားပြောခဲ့တဲ့အတွက် သ၀န်တိုစိတ်နဲ့ ခုလို ကျူးလွန်မိခဲ့တာလို့ ၀န်ခံပြောဆိုလိုက်တာပါ။

သတင်းပေးချက်အရ ရဲတွေနဲ့ ကယ်ဆယ်ရေးလုပ်သားတွေ အခင်းဖြစ်တဲ့နေရာကို ရောက်ခဲ့ချိန်မှာ နတ်သနက်ကို သေဆုံးသူမိန်းကလေးရဲ့ ဘေးမှာ ငိုကြွေးနေတာ တွေ့ခဲ့ရတယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

သူနဲ့ သေဆုံးသူ ခွန်သီကာချွန်ရက်ခ်တို့ဟာ အားလပ်ရက်ခရီးအဖြစ် ဘန်ကောက်ကနေ မေလ ၉ ရက်နေ့မှာ ထွက်လာခဲ့တာလို့ နတ်သနက်က ဆိုပါတယ်။

ဘန်ဂလိုအခန်းတွင်းမှာ သွေးစွန်းနေတဲ့ သက်သေခံဓားကိုလည်း တွေ့ခဲ့ရပြီး ခွန်သီကာရဲ့ လည်ပင်းနဲ့ ရင်ဘတ်မှာ
ဆိုးဆိုးဝါးဝါး ထိခိုက်ဒဏ်ရာတွေရရှိပြီး သေဆုံးခဲ့ရတာပါ။

အဲဒီနေ့က သူတို့ဟာ ကမ်းခြေမှာ ဘန်ဂလိုငှားခဲ့ပြီးနောက် အနီးနားက ကုန်တိုက်တခုဆီ သစ်သီးတွေဝယ်ဖို့ သွားခဲ့ပြီး အပြန် ညသန်းခေါင်လောက်မှာ ချစ်သူမိန်းကလေးဟာ ဖုန်းနဲ့ လိုင်းပေါ်မှတဆင့် တခြားသူတဦးနဲ့ ပြောဆိုဆက်သွယ်နေတာကြောင့် စကားများခဲ့ကြတာပါ။

နတ်သနက်ဟာ မနာလို ၀န်တိုစိတ်တွေ ဖြစ်ပေါ်လာခဲ့ပြီး ခွန်သီကာက သူတို့ ဆက်သွယ်မှုကို ဖြတ်လိုက်ကြဖို့ ပြောခဲ့ချိန်မှာတော့ ဒေါသအထွတ်အထိပ် ရောက်သွားခဲ့တာလို့ ဆိုပါတယ်။

အဲဒီနောက်မှာတော့ သူဟာ စိတ်မထိန်းနိုင်တော့ဘဲ ချစ်သူမိန်းကလေးရဲ့ လည်ပင်းနဲ့ ရင်ဘတ်ကို ဓားနဲ့ ထိုးသတ်ခဲ့တာပါ။

သူဟာ ပြစ်မှုကျူးလွန်ပြီးနောက် ဘန်ကောက်မှ မိခင်ဖြစ်သူဆီ ဖုန်းဆက်ပြီး ချစ်သူမိန်းကလေးကို သတ်မိခဲ့ကြောင်း ပြောဆိုခဲ့ချိန်မှာ မိခင်ဖြစ်သူက ရဲတပ်ဖွဲ့ဆီ အကြောင်းကြားခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။

ရဲတွေရဲ့ စုံစမ်းစစ်ဆေးမှုတွေအရ အဆိုပါလူငယ်ဟာ အစောပိုင်းကာလတုန်းကလည်း သူတို့နှစ်ဦးကြား ဆက်ဆံရေးနဲ့ ပတ်သက်ပြီး ရန်ရှာခဲ့တာမျိုးတွေ ရှိတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ နတ်သနက်ကို လူသတ်မှုနဲ့ ပါ့ခ်ဖန်ငန်ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားပြီး အရေးယူဆောင်ရွက်မှုတွေ ဆက်လုပ်သွားမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

DVB

Credit : http://www.lwinpyin.com/2016/05/blog-post_58.html

No comments:

Subscribe

လာလည်သူများ

free counters