♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

May 18, 2016

" ဒုက္ခသည်အရေးအတွက် တစ်ကမ္ဘာလုံးရဲ့  တုံ့ပြန်မှုကို အင်ဂျလီနာ ဂျိုလီ ဝေဖန် "

 
တစ်ကမ္ဘာလုံးဆိုင်ရာ ဒုက္ခသည် အရေးကို ကမ္ဘာ့နိုင်ငံအသီးသီး ရဲ့  တုံ့ပြန်မှု ဟာ ထိရောက်မှုမရှိပဲ နိုင်ငံရေးဆိုင်ရာ ကြောက်ရွံမှုတွေကိုသာ ခွင့်ပြုပေးနိုင်ခဲ့တယ်လို့ ဟောလီးဝုဒ် မင်းသမီး အင်ဂျလီနာ ဂျိုလီ က သတိပေး ပြောကြားခဲ့ပါတယ်။
 
“ဒါဟာ ကျွန်မတို့အားလုံး အပေါ် ကျရောက်လာတဲ့ တာဝန်တစ်ခုပဲဖြစ်ပါတယ်” လို့လည်း BBC သတင်းဌာနက ဒုက္ခသည် အရေးအတွက် မေးမြန်းခဲ့စဉ်က အင်ဂျလီနာ ဂျိုလီက အဓိက ထားပြောပြခဲ့ဖူးပါတယ်။
 
လက်ရှိ ခိုကိုးရာမဲ့နေတဲ့ ဒုက္ခသည်တွေဟာ ပဋိပက္ခတွေ ဖြစ်နေဆဲ နိုင်ငံတွေဖြစ်တဲ့ ဆီးရီးယား ၊ အီရတ် နဲ့ အာဖဂန် နစ္စတန် နိုင်ငံ တို့အပါအ၀င် အခြား ဆင်းရဲမွဲတေမှု ကြုံနေရတဲ့ နိုင်ငံများ ၊ သဘာဝ ဘေးအန္တရာယ် ကြုံတွေ့ထားရတဲ့ နိုင်ငံ အချို့ ကနေ ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။
 
တစ်ကမ္ဘာလုံးမှာ ဒုက္ခသည်လူဦးရေ သန်း ၆၀ ဟာ သူတို့ရဲ့  အိုးအိမ်တွေကို စွန့်ခွာပြီး ဒုက္ခသည်တွေအဖြစ် ခိုလှုံရာမဲ့နေခဲ့ပါတယ်။ ဒီအရေအတွက်ဟာ ကမ္ဘာ့လူဦးရေ ရဲ့  ၁၂၂ ယောက်မှာ ၁ ယောက်နှုန်း ဒုက္ခသည် ဖြစ်နေသလို ဒုတိယကမ္ဘာစစ်ဖြစ်ပြီး နှစ်ပေါင်း ၇၀ အတွင်းမှာ အမြင့်မားဆုံး ဒုက္ခသည် အရေအတွက် လည်း ဖြစ်လာခဲ့ပါတယ်။
 
“ကမ္ဘာကြီး တည်ငြိမ်မှု မရှိဘူးဆိုတာ ကမ္ဘာကြီးက ကျွန်မတို့ အားလုံးအတွက် မလုံခြုံဘူးဆိုတဲ့သဘောပဲ။ သင့် အိမ်နီးချင်း အိမ် တစ်အိမ် မီးလောင်နေတယ်ဆိုရင် သင့်အိမ်ကို သော့ခတ်ထားလည်း လုံခြုံမှု မရှိနိုင်ပါဘူး။ တံခါးပိတ်ဝါဒ(Isolationism) ဆိုတာဟာ အားအင်မဟုတ်သလို ခွဲထွက်ခြင်းဟာလည်း အဖြေမဟုတ်ပါဘူး။” လို့ ဂျိုလီက ဆိုပါတယ်။
 
Refmetro.co.uk

No comments:

Subscribe

လာလည်သူများ

free counters