♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

May 19, 2016

" ရုရှားက အံ့သြစရာကောင်းတဲ့ နှစ်ခါပြန်သေတဲ့ အမျိုးသမီး "

 
ရုရှား၊ ကာဇန်မှာနေထိုင်တဲ့ အသက် ၄၉ နှစ်အရွယ် အမျိုးသမီးတစ် ဦးက အမြင့်တစ်ခုပေါ်ကနေ ပြုတ်ကျပြီး ရင်ဘတ်ဒဏ်ရာကြောင့် သေဆုံးသွားလို့ပြီ အတည်ပြုလိုက်ပြီးနောက် သူမရဲ့ အသုဘအ ခမ်းအနား ပြုလုပ်နေစဉ်မှာပဲ မမျှော်လင့်ပဲ အံ့သြစရာကောင်း လောက်အောင်ကို သတိပြန်လည် လည်လာခဲ့ပါတယ်။

ဒီလို အသက်ဘေးကနေ ပြန်လည်လွတ်မြောက်လာတာမျိုးဆိုရင် ဘယ်သူမဆို အတိုင်းမသိဝမ်းသာပျော်ရွှင်နေကြမှာပဲ မဟုတ်ပါ လားနော်… အခုလည်း သူမရဲ့ ခင်ပွန်းသည်အပါအဝင်၊ သူမရဲ့ ဆွေ မျိုးသားချင်းတွေ အားလုံးဝမ်းသာနေကြတဲ့ အချိန်မှာပဲ ဝမ်းသာမှုက ကြာရှည်စွာ မရလိုက်ပါဘူး။

သတိရလာပြီး ၁၂ မိနစ်ဆိုတဲ့ အချိန်အတွင်းမှာပဲ သူမရဲ့အသုဘအ ခမ်းအနားနဲ့ ဆွေမျိုးညာတကာတွေ
စုံလင်နေတာကို မြင်တွေ့ရလို့ ထိတ်လန့်ပြီး ပြန်လည်သေဆုံးသွားခဲ့ပါတော့တယ်…

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။

No comments:

Subscribe

လာလည်သူများ

free counters