♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

May 17, 2016

" သြစတြေးလျကို ရောက်ရှိလာတဲ့ ကမ္ဘာ့အကြီးဆုံး လေယာဉ် "

သြစတြေးလျနိုင်ငံကို ကမ္ဘာ့အကြီးမားဆုံး လေယာဉ် Antonov An-225 Mriya ဆိုက်ရောက်လာခဲ့ရာ လေယာဉ်စိတ်ဝင်စားသူ ထောင်နဲ့ချီပြီး လာရောက်ကြည့်ရှုခဲ့ကြပါတယ်။

ကမ္ဘာ့အကြီုးဆုံး လေယာဉ်ဟာ ပါ့ခ်မြို့မှာ တနင်္ဂနွေနေ့ (မေလ ၁၅ ရက်) က ဆင်းသက်ခဲ့တာဖြစ်ပြီး လာရောက်ကြည့်ရှုသူတွေ များပြားတာကြောင့် ယာဉ်ကြောပိတ်ဆို့မှုများပင် ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။

Antonov An-225 လေယာဉ်ကြီးဟာ ချက်ရီပတ်ဘလစ်နိုင်ငံ ပရာဂူးမြို့မှာ ကုန်ပစ္စည်းများ တင်ဆောင်ခဲ့ပြီးနောက် သြစတြေးလျကို မရောက်ရှိမီ အရှေ့အလယ်ပိုင်းနဲ့ အာရှမှာ ရပ်နားခဲ့သေးကြောင်း သိရပါတယ်။

Antonov An-225 Mriya လေယာဉ်ကို ၁၉၈၀ ပြည့်လွန်နှစ်များက ဆိုဗီယက်ပြည်ထောင်စုမှ Antonov Design Bureau ကုမ္ပဏီက ပုံစံရေးဆွဲ ထုတ်လုပ်ခဲ့ပြီး ၁၉၈၈ ခုနှစ်မှာ ပထမဆုံးအကြိမ် စတင် ပျံသန်းခဲ့ပါတယ်။

လေယာဉ်ရဲ့ အရှည်က ၂၇၅ ပေရှိပြီး အလေးချိန်မှာ ကုန်ပစ္စည်းနဲ့ လောင်စာဆီ မပါဘဲ ၁၇၅ တန် ဖြစ်ပါတယ်။ လေယာဉ်ကြီးမှာ ဆင်းသက်ရန်အတွက် ဘီး ၃၂ လုံးပါရှိပြီး အင်ဂျင်ခြောက်လုံးဖြင့် မောင်းနှင်ကြောင်း
သိရပါတယ်။

Antonov An-225 Mriya ကမ္ဘာပေါ်မှာ အရှည်လျားဆုံးနဲ့ ကုန်ပစ္စည်းတန်ချိန် ၆၄၀ ကို သယ်ဆောင်ပျံသန်းနိုင်တဲ့ လေယာဉ်အဖြစ် လက်ရှိအချိန်အထိ စံချိန်တင်ထားပါတယ်။

Credit : ဖိုးသူတော် (www.phothutaw.com)
Credit : Duwun

No comments:

Subscribe

လာလည်သူများ

free counters