♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

May 21, 2016

" တိရိစ္ဆာန်ရုံကို လာရောက်လည်ပတ်သူတွေအတွက် မျောက်လွှဲကျော်က သရဲအဖြစ်သရုပ်ဆောင် "

 
England ရှိ Twycross တိရိစ္ဆာန်ရုံကို လာရောက်လည်ပတ်သူတွေအား ဖျော်ဖြေတင်ဆက်တဲ့အနေနဲ့ မျောက်လွှဲကျော်တစ်ကောင်ဟာ အဖြူရောင်ပိတ်စရှည်ကြီးကို ခြုံရုံပြီး သရဲတစ်ကောင်အသွင် သရုပ်ဆောင်ခဲ့ပါသတဲ့။

ပရိသတ်တွေက အဖြူရောင်ပိတ်စရှည်ကြီးကို ခြုံပြီးတွဲလောင်းခိုနေတဲ့ မျောက်လွှဲကျော်ရဲ့ လှုပ်ရှားမှုတွေကို ဗီဒီယိုရိုက်ကူးထားခဲ့ကြပါတယ်။
ဝါယာကြိုးတွေပေါ်မှာ မျောက်ကလေးဟာ ဘက်ညီအောင် ထိန်းညှိပြီး လည်ပတ်သူတွေရဲ့ အနီးဆုံးနေရာဖြစ်တဲ့ မှန်အကာထိကို လာရောက်ပြသတာကို တွေ့ရမှာဖြစ်ပါတယ်။


ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းကလည်း Barcelona က တိရိစ္ဆာန်ရုံတစ်ခုမှာလည်း ခွက်ထဲက ချယ်ရီသီးလေးပျောက်သွားတဲ့
မျက်လှည့်ကို အားရပါးရရယ်မော သဘောကျနေတဲ့ မျောက်လွှဲကျော်တစ်ကောင်အကြောင်းလည်း ဖော်ပြခဲ့ဖူးပါတယ်။

( Michelle )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : UPI

Credit - သစ်ထူးလွင် (ဗဟုသုတ နှင့် ထူးဆန်းထွေလာ) 

Credit : http://www.searchmyanmar.com/link/comment/cid/58250/domain/knowledge.thithtoolwin.com

No comments:

Subscribe

လာလည်သူများ

free counters