♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

May 15, 2016

" အမျိုးသမီးများရဲ့ ပွေ့ဖက်ပုံအမျိုးမျိုးနဲ့ အဓိပ္ပါယ်များ "

အမျိုးသမီးတွေရဲ့ ပွေ့ဖက်ပုံက အမျိုးမျိုးရှိပါတယ်။ ဖက်တဲ့ပုံစံပေါ်မူတည်ပြီး အဓိပ္ပါယ်တွေ ကွဲပြားသွားပါတယ်။ အဲဒါ
လေးတွေကို ဗဟုသုတအဖြစ် ဖော်ပြပေးလိုက်ပါတယ်။

(၁) ဟန်ပြဖက်ခြင်း

ဟန်ပြဖက်တယ်ဆိုတာ သိပ် မရင်းနီးသေးတဲ့သဘောပေါ့။ လူချင်း ရင်းနီးတယ်ဆိုရင်ရင်တောင် သူ့ဘက်က သိပ်ပြီး
လှိုက်လှိုက်လှဲလှဲ မရှိတဲ့အခါမျိုးမှာ မဖက်ချင် ဖက်ခြင်နဲ့ ဖက်တဲ့ပုံစံပေါ့။ ဆေးရုံတို့မှာ လူနာလာမေးတဲ့ သူကို လူနာက
အားပေးတဲ့အနေနဲ့ ရုတ်တရက်ဖက်ခိုင်းရင် ဒီလိုပုံစံ ဖြစ်တတ်ပါတယ်။

(၂) အလျှင်စလိုပွေ့ဖက်ခြင်း

အလျှင်စလို ပွေ့ဖက်ခြင်းဆိုတာကတော့ ကားတို့ ရထားတို့ မမီမှာစိုးလို့ ပြီးစလွယ် ပွေ့ဖက်လိုက်တဲ့ သဘော။ သူ့အ
တွက် အချိန်က ပိုအရေးကြီးနေတယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။

(၃) ရင်းနီးမှုနဲ့ ဖက်ခြင်း

ဒါကတော့ သူငယ်ချင်းအချင်းချင်း အချိန်မရွေး ထထဖက်တတ်ပါတယ်။ ဒီသဘောပါဘဲ။ ခင်တယ်။ ရင်းနီးတယ်။ ညီညီ
ညွတ်ညွှတ်နေကြမယ်-ဆိုတဲ့ သဘော။

(၄) ၀က်ဝံတစ်ကောင်ရဲ့ ဖက်ခြင်းမျိုး

ဒီနည်းကတော့ တစ်ယောက်နဲ့တစ်ယောက် ရန်ညှိုးရှိတာကို ဘေးလူက ညည်းတို့လည်း ပြေလည်လိုက်ပါတော့ ကဲ အ
ချင်းချင်းဖက်ပြီး နှုတ်ဆက်လိုက်ကြ-လို့ ခိုင်းလို့ ထဖက်လိုက်ရတဲ့ သဘော။ အားရှိသလောက်ရွဲ့ပြီး ညှစ်ဖက်တာ။ ဒါမှမ
ဟုတ်ရင်လည်း အရမ်းကို ချင်ခင်ရင်းနီးပြီး မတွေ့ရတာကြာတဲ့ ချစ်သူကို ရုတ်တရက်ပြန်တွေ့တဲ့အခါလည်း ထပ်ပြီးဝေးရ
မှာစိုးလို့ ဒီနည်းနဲ့ ဖက်တတ်ပါတယ်။ အဓိပ္ပါယ်ကတော့ စောစောကနဲ့ ဆန့်ကျင်ဘက်ပေါ့။

(၅) ကြောက်လို့ ဖက်ခြင်း

ရုတ်တရက် ၀ုန်းကနဲ ဒိုင်းကနဲ အသံကြီးကြားလိုက်လို့ ကြောက်အားလန့်အား ပြေးဖက်တာမျိုးပေါ့။ အဲဒီလိုအချိန် ရင်
ဘက်ထဲကို ခေါင်းလေးမရမက ၀ှက်ပြီး အကာအကွယ်ရလို ရငြား အားကိုးတကြီးဖက်တဲ့သဘောပေါ့။

(၆) မအားတဲ့ကြားကဖက်ခြင်း

ကိုယ်က တစ်ခုခု လက်ထဲမှာ ကိုင်ထားတဲ့အချိန် သူငယ်ချင်းတစ်ယောက်က ကဲ ငါပြန်တော့မယ် ဖက်ပြီး နှုတ်ဆက်ရ
အောင်ဆိုလို့ ရည်ရွယ်ချက်မရှိဘဲ ပြန်ဖက်လိုက်ရတဲ့ သဘော။ နည်းနည်း ကိုးလို့ကန့်လန့်နိုင်ပါတယ်။ ဘုမသိ ဘမသိ
ုပြန်ဖက်လိုက်ရတဲ့ သဘောပါ။

(၇) နှစ်ထောင်းအားရဖက်ခြင်း

ဒါကတော့ တစ်ယောက်ယောက် အောင်မြင်တဲ့အခါ လည်ပင်းကို ဂုဏ်ပြုတဲ့အနေနဲ့ ပြေးဖက်တာပါ။ အဓိပ္ပါယ်ကတော့ ရိုး
ရှင်းပါတယ်။

(၈) ပွတ်သီးပွတ်သပ်သဘောနဲ့ ဖက်ခြင်း

ဒီနည်းကတော့ အိမ်ထောင်သည်အမျိုးသားတွေ ခံစားဖူးပါလိမ့်မယ်။ နောက် သူတို့လည်း ဘာဆိုတာ ကောင်းကောင်း
သဘောပေါက်ပါလိမ့်မယ်။ ပွတ်လိုက် သပ်လိုက် ဖက်တာကို ပြောတာမဟုတ်ပါ။ ကနွဲ့ကလျှ ကြာမူပိုပို မူလကျီမာလကျီ
နဲ့ဖက်တာကို ပြေတာ။

(၉) ဘေးချင်းကပ်၍ ဖက်ခြင်း

ဘေးချဉ်းကပ်ပြီး ဖက်တာကြတော့ ချစ်သူနဲ့ဆိုရင် သူ့မှာ တွေဝေစိတ်တွေရှိနေတယ် … သူငယ်ချင်းနဲ့ဆိုရင်တော့ ရင်းနီး
တယ်၊ ခင်တယ်၊ နည်းနည်း လျှော့တိလျှော့ရဲဆိုရင်တော့ စိတ်ဓာတ်ကျနေလို့ အားပေးပါဦး-ဆိုတဲ့ သဘော။

(၁၀) ရင်ချင်းအပ်၍ဖက်ခြင်း

ဒါကတော့ ချစ်သူကိုသာ ဖက်လေ့ရှိတဲ့ အဖေ/အမေကိုလည်း ဖက်တတ်ပါတယ်။ အဓိပ္ပါယ်ကတော့ အဖေအမေကို ဒီလို
ဖက်ရင် တစ်ခုခု ကြီးကြီးမားမား အောင်မြင်လာတဲ့ သဘောပေါ့။ ချစ်သူကိုဆိုရင်တော့ တစ်ဘ၀လုံးပုံပြီး ချစ်တယ်-ဆိုတဲ့
သဘောပါ။
နတ်စည်တော် (Shwemom)

Credit : http://www.shwemom.com/kinds-of-womens-hug-and-means/

No comments:

Subscribe

လာလည်သူများ

free counters