♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

May 15, 2016

" စိတ်ခံစားလွယ်တဲ့ ချစ်သူအပေါ်မှာ ဆောင်ရန်ရှောင်ရန် အပြုအမူများ "

သင့်ချစ်သူဟာ စိတ်ခံစားမှုကို ဦးစားပေးတတ်သူဆိုရင်တော့ အောက်ပါအချက်ကလေးတွေ ရှောင်ရှားဖို့ Shwemom က အကြံပြုချင်ပါတယ်။ စိတ်ခံစားချက်ကို ဦးစားပေးတတ်သူတွေဟာ ဟောဟောဒိုင်းဒိုင်းပြုမူတတ်တယ် … ၀မ်းနည်းဝမ်း
သာလွယ်တယ် … စိတ်ဆိုးစိတ်ကောက် လွယ်တယ် … ခွင့်လွှတ်စိတ်နဲ့ အမုန်းစိတ်ကလည်း ဖြစ်တာ လွယ်ကူပါတယ်။

(၁) ငြင်းပယ်မှုတွေနဲ့ မဆက်ဆံပါနဲ့


သင့်ချစ်သူကို ဘယ်လိုကိစ္စတိုင်းဖြစ်ဖြစ် အကျိုးကြောင်းခိုင်လုံသည်ဖြစ်စေ အတိုက်အခံပြုပြီးတော့ ငြင်းပယ်မှုတွေနဲ့ မ
ဆက်ဆံပါနဲ့။ အရမ်းကြီးမှားနေတယ်ဆိုရင်တော့ ဖျောင်းဖြနားချတဲ့နည်းနဲ့ ဆက်ဆံပေးပါ။

(၂) အပြစ်မရှာပါနဲ့

အပြစ်မရှိ အပြစ်ရှာခံရတာကို ဘယ်သူမှ သဘောမကျပါဘူး။ ဒီလိုပါဘဲ စိတ်ခံစားမှုကို ဦးစားပေးတတ်သူတွေအဖို့မှာ
တော့ သူတို့ရဲ့လုပ်ရပ်တွေ အပြစ်အပြောခံရတဲ့အခါ အခြားသူတွေထက် ၀မ်းနည်းမှုပိုတတ်ပါတယ်။

(၃) လိုရာကိုပုံမသွင်းပါနဲ့

သူတို့တစ်တွေကို လုပ်ချင်ရာလုပ် လွတ်လပ်ခွင့်ပေးထားတာထက် မဖြစ်သင့်တာမဖြစ်ရအေအောင် ထိန်းမက်ကာကွယ်
တာမျိုးက ပိုကောင်းပါတယ်။ ကိုယ်လိုချင်တဲ့ ပုံစံခွက်ထဲကို ချစ်သူကို အတင်းဖိအားပေး ထည့်မိတဲ့အခါ ကြဉ်းကြပ်မှုကို
သည်းမခံနိုင်ပဲ ကိုယ်လွတ်ရုန်းပြေးတတ်ပါတယ်။

(၄) ပျော်ရွှင်မှုကိုဖန်တီးပေးသူအဖြစ် ရပ်တည်ပါ


သူတို့တစ်တွေကို သွန်သင်ဆုံးမတာထက်၊ သူတို့ဟာ ဘယ်လိုလုပ်ပေးရင် ပျော်တတ်သလဲဆိုတာကို သိထားဖို့ လိုပါ
တယ်။ သူတို့တစ်တွေဟာ ကလေးဆန်တတ်တဲ့ အလေ့ရှိပြီး ကလေးတွေလိုပဲ စိတ်ညစ်မခံဘဲ ပျော်ရွှင်မှုကိုသာ အမြဲ
ရှာဖွေနေသူတွေ ဖြစ်ပါတယ်။

(၅) လက်တွေ့မကျတဲ့တောင်းဆိုချက်တွေနဲ့ မနှိပ်စက်ပါနဲ့

တစ်ခုသတိထားရမှာက စိတ်ခံစားမှုကို ဦးစားပေတတ်တဲ့ ချစ်သူတွေဟာ သူတို့တတ်နိုင်တဲ့ ကိစ္စတော်တော်များများကို
ဘယ်တော့မှ တွန့်တိုလေ့မရှိပါဘူး။ ဒါပေမယ့် သူတို့ အဆင်သင့်မဖြစ်တာတွေကိုလည်း မတောင်းဆိုပါနဲ့။ သူတို့တစ်တွေ
ကို စိတ်ပိုင်းဆိုင်ရာ နှိပ်စက်တာနဲ့ အတူတူပါဘဲ။

(၆) အမိန့်တွေနဲ့ သင်ကြားပို့ချမှု မလုပ်ပါနဲ့


သူတို့တစ်တွေကို အမိန့်ပေးမှုတွေ၊ သင်ကြားပို့ချမှုတွေဟာ စိတ်ကို ဖိအားတွေဖြစ်စေပြီး၊ တစ်ခါတလေ မောက်မာစွာ
ဆက်ဆံခံရတယ်လို့ မြင်တတ်ပါတယ်။ အမိန့်တွေ/သင်ကြားပို့ချမှုတွေ လုပ်မယ့်အစား …ဘေးကနေ ဖေးဖေးမမနဲ့ လက်
တွဲခေါ်ယူခြင်းဟာ အသင့်တော်ဆုံးပါဘဲ။

(၇) စိတ်လိုက်မာန်ပါ မပြုမူပါနဲ့

စိတ်ထဲမှာ ဘ၀င်မကျတိုင်း အရာရာကို စိတ်လိုက်မာန်ပါ(ကိုယ်ထိလက်ရောက်) ပြုမူမိတဲ့အခါ သူတို့တစ်တွေဟာ သင့်
စိတ်နဲ့ ပိုဝေးသွားတတ်ပါတယ်။ တနုံ့နုံ့တွေးပြီး ၀မ်းနည်းတတ်ပါတယ်။ တစ်ကြိမ်တစ်ခါလောက် ပြုမူမိရုံနဲ့ အသဲထဲမှာ
အနာကြီး နာတတ်ပါတယ်။

(၈) အနစ်နာခံချင်ယောင်မဆောင်ပါနဲ့

တစ်နည်းပြောရရင်တော့ သူနဲ့ချစ်သူဖြစ်ရတာ ကိုယ်ကပဲ အနစ်နာခံနေရသယောင်ယောင် သူတို့ကို ထင်မြင်စေတာမျိုး မ
လုပ်ပါနဲ့။ သူတို့တစ်တွေဟာ အချစ်ကို စူးစိုက်ခံစားမှုအပိုင်းမှာ သာမာန်လူတွေထက် ပိုပြီး ခံစားတတ်ပါတယ်။ အချစ်
ဟာ ပေးဆပ်အနစ်နာခံခြင်းမဟုတ်ဘူးဆိုတာကိုလည်း သူတို့ ကောင်းကောင်းကောင်းသဘောပေါက်ပြီးသား ဖြစ်ပါ
တယ်။
နတ်စည်တော် (Shwemom)

Credit : http://www.shwemom.com/dos-and-donts-on-your-adhd-partner/

No comments:

Subscribe

လာလည်သူများ

free counters