♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

May 16, 2016

" သွေးကင်ဆာ ဖြစ်စေနိုင်တဲ့ ဆံပင်ဆိုးဆေးများ " သတိ! သတိ! သတိ!


ယနေ့ အချိန်ခါမှာ အမျိုးသမီး သုံးဦးမှာ တဦးက ဆံပင်ဆိုးဆေးကို အသုံးပြု နေကြတာဖြစ်ပြီး ၁ နှစ်မှာ ၉ ကြိမ်ထက် ပိုပြီး ဆံပင်ဆိုးဆေး အသုံးပြုတဲ့ အမျိုးသမီးတွေဟာ သွေးကင်ဆာ ဖြစ်နိုင်ခြေ ၆၀ ရာခိုင်နှုန်း မြင့်မားတယ်လို့ သုတေသန မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

ဆံပင်ဆိုးဆေး အသုံးပြုမှုများကြောင့် သားမြတ်၊ ဆီးအိမ်၊ မ မျိုးဥအိမ်၊ ဦးနှောက်နဲ့ သွေးကင်ဆာတွေ ဖြစ်နိုင်ခြေ ပိုများတယ်လို့ သိရှိလာကြပေမယ့် အမျိုးသမီးထုအတွင်း ဆံပင်ဆိုးဆေး အသုံးပြုမှုကတော့ ပိုမိုများပြားလာ နေပါတယ်။

ဆံပင်ဆိုးဆေးမှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေဟာ ဆေးလိပ်ငွေ့နဲ့ တခြား လေထုအတွင်း ညစ်ညမ်းတဲ့ ဓာတ်ပစ္စည်းတွေနဲ့ ထိတွေ့တဲ့အခါမှာ ကင်ဆာ ဖြစ်နိုင်တဲ့ အစွမ်းထက်ဆုံး ဒြပ်ပေါင်း တမျိုးအဖြစ် ပြောင်းလဲသွားပါတယ်။ အဲဒီဒြပ်ပေါင်းဟာ ဆင့်ပွား (Secondary Amines) အနေနဲ့ ဆံပင်ဆိုးပြီးတဲ့နောက် ဦးခေါင်းအရေပြားအတွင်း ဝင်ရောက်နိုင်တဲ့ အပြင် ဆံပင်ပေါ်မှာလည်း သီတင်း ပတ်ပေါင်း၊ လပေါင်း များစွာ ရှိနေနိုင်ပါတယ်။

တဖန် အဲဒီ ဓာတုပစ္စည်းဟာ ဆေးလိပ်ငွေ့နဲ့ မော်တော်ကား အိပ်ဇောငွေ့တွေနဲ့ ဓာတ်တုံ့ပြန်မှု ဖြစ်ပြီး အလွန် အဆိပ်ပြင်းတဲ့
ဓာတုပစ္စည်း N-nitrosamines တွေ ဖြစ်ပေါ်ကာ ကင်ဆာ ရောဂါကို ဖြစ်စေနိုင်တယ်လို့ သုတေသီ တွေက မှတ်ချက် ပေးထားတာကြောင့် ဆံပင်ဆိုးဆေးကို အတတ်နိုင်ဆုံး လျှော့ချ သုံးစွဲကြဖို့ အကြံပြုလိုက်ပါတယ်။

Ref: medicaleducation.blogspot.com
အေဘယ်လ် - ဧရာဝတီ 

Credit : http://www.lwinpyin.com/2016/05/blog-post_70.html

No comments:

Subscribe

လာလည်သူများ

free counters