♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

May 15, 2016

" ဘ၀ကို မတိုးတက်စေသော အမူအကျင့်များ "

ဘ၀တိုးတက်မှုကို နှေးကွေးစေသော၊ သို့တည်းမဟုတ် လုံးဝကို တိုးတက်နိုင်ချေမရှိတဲ့ အပြုအမူလေးတွေကို Shwemom ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။

(၁) ပျင်းရိခြင်း

ပျင်းရိပြီဆိုမှတော့ ဒီလူအတွက် ဘာမှကို စဉ်းစားမနေနဲ့တော့ … ပျင်းရိခြင်းကြောင့် လွဲချော်ခဲ့တဲ့ အခွင့်အရေးတွေ ဘယ်
လောက်များလိုက်မလဲ … ? ပျင်းရိပြီဆိုရင် လူဟာ တစ်ခြား ဘာမှကို သုံးမရတော့ဘူးမှတ်ပါ။

(၂) အတင်းအဖျင်းပြောလွန်းခြင်း

အတင်းအဖျင်းပြောလွန်းလို့ မတိုးတက်နိုင်ဘူးဆိုရင် အတင်းအဖျင်းပြောတာ ၀ါသနာပါတဲ့ လူတွေက မျက်စောင်းထိုးကြ
ပါလိမ့်မယ်။ ဆင်ခြင်ပါ။ အတင်းအဖျင်းပြောတဲ့သူကို သူငယ်ချင်း၊ မိတ်ဆွေ၊ စီးပွားဘက်တွေက အကြောင်းသိတာနဲ့
ရှောင်ဖယ်ကြမယ် … ကြဉ်ကြမယ်။

(၃) ကိုယ့်ကိုယ်ကို အပြစ်မြင်ခြင်း

နောက်တစ်ခုက ဘာပဲလုပ်လိုက်လုပ်လိုက် ကိုယ့်ကိုယ်ကို အပြစ်မြင်တာပဲဗျ။ ငါပဲမှားတာ ငါပဲ မကောင်းတာ၊ ငါလုပ်လိုက်
ရင် အလွဲတွေချည်း-လို့ ကိုယ့်ကိုယ်ကို အပြစ်တင်လေ့ရှိတဲ့သူဟာ ဘယ်လိုလုပ် ကြီးပွားတိုးတက်စေမယ့် အလုပ်ကြီးအ
ကိုင်ကြီးကို လုပ်လို့ဖြစ်မလဲ … ဒါက ကိုယ့်ကိုယ်ကို မယုံကြည်သူ စိတ်ဓာတ်ကျလွယ်သူတို့မှာ ဖြစ်တတ်တဲ့သဘောပါ။

(၄) ကြောက်ရွံခြင်း

ပျင်းတာပြီးရင် အဆိုးဆုံးက ကြောက်တာပဲဗျ။ အဲဒီပျင်းတာနဲ့ ကြောက်တာ နှစ်ခုပေါင်းထားလိုက်လို့ကတော့ ဒီလူ ဘယ်
တော့မှကို လူမွေးလူတောင် ပြောင်ဖို့မရှိဘူး။ ကြောက်ပြီဆိုရင် အခွင့်အလမ်းတွေဆီကို လျှောက်မယ့်ခြေထောက်တွေ ခ
ရီးမတွင်ဘူးမှတ်ပါ။

(၅) အခြားသူတွေရဲ့အတွေးအမြင်ကိုအလေးထားလွန်းခြင်း

အဲဒီလမ်းက မသွားနဲ့ သရဲကိုက်တယ်၊ ကျားဆွဲတယ်-ဘေးလူအပြောနဲ့ ယုံနေတဲ့သူတစ်ယောက်၊ တကယ်ုလိ့ အဲဒီလမ်း
မှာ ရတနာသိုက်ကြီးရှိတယ်ဆိုရင် မသွားဘဲနေမလား … ကျားကို သတ်မလား … သရဲကို သတ်မလား … ဒီသတ္တ၀ါတွေ
က တစ်ကယ်မရှိတာလည်း မဖြစ်နိုင်ဘူးလား … ကိုယ့် အသိဉာဏ်နဲ့ လမ်းမလျှောက်နိုင်သရွေ့ သူများ ပို့သလောက်ပဲ
ရောက်မှာပါ။

(၆) ဆင်ခြေများလွန်းခြင်း

ဆင်ခြေများတဲ့ပါးစပ် ထမင်းငတ်တတ်တယ်-တဲ့။ တစ်ခုခု စောဒကတက်ခံရရင် အကျိုးသင့်အကြောင်းသင့် ရှင်းမပြဘဲ
ယုတ္ထိမတန်တဲ့ ဆင်ခြေတွေ ပေးတာမျိုးကို ရှောင်ကြဉ်ပါ။

(၇) လမ်းမှားကိုလိုက်ခြင်း

အဆိုးဆုံးကတော့ လမ်းမှာလိုက်ခြင်းပဲဗျ။ ၀ီရိယလည်း ကောင်းတယ်၊ သတ္တိလည်း ရှိတယ်၊ မှန်ခြင်းမှားခြင်းကို စဉ်စား
ဆင်ခြင်နိုင်တဲ့ အသိဉာဏ်မရှိဘူးဆိုရင် လမ်းမှားလိုက်မိတာပဲ။ ဥပမာ မူးယစ်ဆေးအရောင်းအ၀ယ်လုပ်တာပေါ့။ ပထမ
တော့ ငွေစကြေးစလေးတွေ ရွှင်ချင်ရွှင်မယ် … အခန့်မသင့်လို့ ကွိပြီဆိုရင် ကားပြီ။ သေရင်မြေကြီး ရှင်ရင်ရွှေထီး-ဆိုတာ
အသိဉာဏ်မဲ့သူတွေရဲ့ စကားပါ။ ယုတ္ထိကျကျ စဉ်းစားကြည့် … သေရင် မြေကြီးဆိုတာလောက်ပဲ မှန်မယ် … ဘယ်မှာလဲ ရွှေထီး … လူ့လောဘအတောမသတ်နိုင်သရွှေ့ ရွှေထီးကို စိတ်ကူးထဲတောင် မထည့်ပါနဲ့။
နတ်စည်တော် (Shwemom)

Credit : http://www.shwemom.com/the-heabits-these-can-ruin-your-life/

No comments:

Subscribe

လာလည်သူများ

free counters