♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

February 24, 2016

" ဆန်..နေကြာစေ့..နှမ်းစေ့..ပြောင်း...ပဲနီလေး..ကုလားပဲ..ပဲတီစိမ်း စတာတွေကို အညှောင့် ..အပင်ဖောက်စားကြစို့လား "

 နေကြာစေ့အပင်ပေါက်ပုံ
ဆန်နှင့် ပဲအမျိုးမျိုး အစေ့အမျိုးမျိုးကို ရေစိမ်ပြီး အညှောင့်တွေ အင်ပေါက်လေးတွေ ဖောက်စားနိုင်ပါတယ်။ အညှောင့်လေးတွေ
တလက်မ သို့ လက်မဝက်ထွက်လာရင် သုပ်စား၊ တို့စား၊ ချက်စား၊ ကြော်စား၊ ပြုတ်စားနိုင်ကြပါတယ်။ ဒါက အညှောင့်လေး
တွေနှင့် ပါတ်သက်ပြီး စားသုံးနည်းပါ။
အညှောင့်လေးတွေကို တမိုက်သာသာ အပင်ပေါက်လေးတွေ အဖြစ် စားသုံးချင်သပဆိုရင် ..............
အညှောင့်ထွက်နေတဲ့အပင်ပေါက်လေးတွေကို အပေါက်ပါတဲ့ စံကာ သို့ ဗန်းတခုခုကို အပေါက်လေးတွေဖောက်ပြီး
မြေသန့်သန့်ဖြူးပေးကာ သူ့အပေါ်ကနေ အပင်ပေါက်တွေကို ခင်းပြီး မြေကြီး ခပ်ပါးပါးပြန်ဖြူးပေးပါ။ မြေဖြူးအုပ်ပြီးနောက်
ရေလောင်းပေးပါ။  ငါးရက်တပတ်လောက်နေရင် တမိုက်သာသာ အပင်လေးတွေကိုတွေ့ရပါလိမ့်မယ်။ အရင်းကနေပြီး
ကတ်ကျေးနှင့်ညှပ်ပြီး သင့်သလိုချက်ပြုတ်စားသုံးနိုင်ပါတယ်။
အညှောင်ဖောက် အပင်ဖောက်ဖို့အတွက်
သင့်တော်သလောက် အစေ့တွေကိုယူပါ ရေဆေးပါ...တစ်ည ရေစိမ်ပါ...မနက်ရောက်လျှင် ရေတွေသွန်ပြီး ရေဆေးပါ။
ရေဆေးပြီးသား အစေ့တွေကို ရေစစ်ပြီးထားပါ..အဝတ်ဟောင်း တဘက်ဟောင်းတထည်ကိုရေဆွတ်ပြီး အုပ်ထားပါ။
ဇလုံကြီးကြီးတစ်လုံးထဲ ထည့်ပြီး အပေါ်ကနေ သတင်းစာကို ရေရွှဲအောင်ဆွတ်ပြီးလည်း အုပ်ထားနိုင်ပါတယ်။ ရေနှင့်ပွ
နေတဲ့ အစေ့တွေကို တနေ့ နှစ်ကြိမ် မနက်တစ်ကြိမ် ညနေ တစ်ကြိမ်ရေဆေးပြီး ရေစစ်ပြီး ထားရပါမယ်။ သို့မှသာလျှင်
အရိအချွဲတွေပြောင်စင်ပြီး မှိုမတက်မှာ ဖြစ်ပါတယ်။
လုပ်ပုံ လုပ်နည်းတွေကို အောက်က ဗီဒီယိုတွေမှာ ကြည့်ရှုနိုင်ပါတယ်။
ချစ်မိတ်ဆွေတွေကို အထူးပဲ ကျေးဇူးတင်ပါတယ်
((ရောရောသမမွှေ))

နေကြာစေ့တွေကို အပင်ဖောက်ပုံ အဆင့်ဆင့်ပြ ဗီဒီယို
သူ့လင့်က....
https://youtu.be/vEWcO22X8yw

ပဲနီလေးကို အပင်ဖောက်ပုံ အဆင့်ဆင့်ပြ ဗီဒီယို...သူ့လင့်က
https://youtu.be/Imf7pt3STuI

ဆန်စေ့တွေ (စပါးမဟုတ်) ကို အဆင့်ဆင့်အပင်ဖောက်ပြတဲ့ ဗီဒီယို
သူ့လင့်က..
https://youtu.be/DYeCjS8MdIU


ကုလားပဲစေ့ ပဲနီလေးအစိမ်းမျိုး ကွီနိုအာ (တောင်အမေရိကမှ ချက်စားလို့ရတဲ့ အစေ့တမျိုး) ကိုအပင်ဖောက်ထားပုံ
အဆင့်ဆင့်
သူ့လင့်က
https://youtu.be/LCkS0mEQ1Xg


နှမ်းနက် နှမ်းဖြူ အပင်ပေါက်...
သူ့လင့်က
https://youtu.be/BNSR2DBWjnw

No comments:

Subscribe

လာလည်သူများ

free counters