♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

February 22, 2016

" အသည်း ပျက်စီးရသော အကြောင်းရင်းနှင့် ကာကွယ်ကုသနည်းများ "

 
 ပေါက်ပေါက်
ခန္ဓာကိုယ်ရဲ့ အကြီးမားဆုံးကလီစာဟာ အသည်းဖြစ်တဲ့အလျောက် သက်ရှိသတ္တဝါတို့ကျန်းမာရေးအတွက် သူကအရေးပါအရာ ရောက်ဆုံးပါပဲ။ အသည်းမှာ တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရတဲ့အခါ ၄၈ နာရီအတွင်း ဆဲလ်နဲ့ တစ်သျှူးများအားလုံးထိ ကူးစက်ပျံ့နှံ့မှုနှုန်း မြန်ဆန်လှ၍ အမြန်ဆုံးဆေးဝါး ကုသမှု ခံယူသင့်ပါတယ်။
ခန္ဓာကိုယ်အတွက်မရှိမဖြစ်အသည်းကျွန်မတို့ နိစ္စဓူဝမျိုချလိုက်သော အစား
အသောက်ထဲမှာပါလာတဲ့ ဗီတာမင်၊ သတ္တုဓာတ်များနဲ့ သံဓာတ်တွေကို အသည်းက သို လှောင်ပေးထားတဲ့အပြင် သွေးထဲမှာ ဂလူး ကို့ စ် ပမာဏ ကျနေတဲ့အခါ သွေးကြောထဲကို ဂလူးကို့စ် အချိန်မီချပေးနိုင်ရန်အတွက်ကို
လည်း အသည်းက အဆင်သင့်သိုလှောင်ပေးထားပါတယ်။ ဒါ့ပြင် အသည်းက သွေးထဲက အဆိပ်အတောက်တွေကို ဖယ်ရှားသန့်စင်ပေးခြင်း၊ ခန္ဓာကိုယ်တစ်ခုလုံး အဆိပ်အတောက်ပြေစေခြင်း သွေးမကျဲစေရန် သွေး ခဲပေးခြင်း၊ သည်းခြေရည် စစ်ထုတ် ပေးခြင်း စသည့် ခန္ဓာကိုယ်တစ်ခုလုံး အတွက် အရေးကြီးတာဝန်များကို လုပ်ဆောင်ပေးတာမို့  အကယ်၍ အသည်းသာ ပျက်စီးခဲ့ရင် အသက်အန္တရာယ်အထိ စိုးရိမ်ရတာကြောင့် မပေါ့ဆသင့်ပါဘူး

အသည်းရောဂါ အမျိုးအစားများမှာ
(၁) အသည်းကြီးခြင်း
(၂) အသည်းရောင်ခြင်း
(၃) အသည်းကြွပ်ခြင်း
(၄) အသည်းမာခြင်း
(၅) အသည်းခြောက်ခြင်
(၆) အသားဝါခြင်း
(၇) အသည်းအနာဖြစ်ခြင်း
(၈) အသည်းအကျိတ်တည်ခြင်း
(၉) အသည်းပိုးဝင်ခြင်း
(၁ဝ) အသည်းအဆီဖုံးခြင်း စသည်တို့ဖြစ်ပါတယ်။

မွေးရာပါမျိုးရိုးဗီဇကြောင့် အသည်းရောဂါ ဖြစ်စေသလို မွေးရာပါကြောင့် မဟုတ်ဘဲ အရက်၊ မူးယစ်ဆေးဝါးအလွန်အကျွံ
သုံးစွဲသူများနဲ့ အပျော်အပါး လိုက်စား သူများမှာ သာမန်လူတို့ထက် အသည်းရောဂါအဖြစ် မြန်ကြလို့ ဆင်ခြင်သင့်ပါတယ်။ ယခုအခါ ကူးစက်ရောဂါ စီရောဂါပိုးကြောင့် ကမ္ဘာ
တစ်ဝန်းလုံးတွင် တစ်နှစ်လျှင် တစ်သန်းကျော် အသည်းရောဂါကြောင့် သေ ဆုံးနေကြရ ကြောင်း လေ့လာသိရှိရပါတယ်။

အသည်းပျက်စီးကြောင်း ရောဂါလက္ခဏာအမျိုးမျိုး
(၁) အသည်းအဆိပ်တက်ရောဂါ လက္ခဏာများမှာ အရေပြားယားယံခြင်း၊ ဆီးအညိုရောင်သွားခြင်း၊ အရေပြားများ ဝါလာခြင်း၊ လက်ယာဘက် ကျော ရင် ခေါင်းအောင့်ခြင်းတို့ဖြစ်ပါတယ်

(၂) အရက်ကြောင့် အသည်းပျက်စီးသော လက္ခဏာများမှာ ခံတွင်းခြောက်၊ မောပန်းနွမ်းနယ်ခြင်း၊ အဖျားတက်၊ အသား ဝါ၊ ကိုယ်အလေးချိန်တက်၊ အစာမစား နိုင်၊ အမျိုးသားများ ရင်သားကြီးထွား လာခြင်း၊ သွေးအန်ခြင်းတို့ ဖြစ်ပါတယ်။(အရက်မျိုး
စုံကို အလွန် အကျွံ သောက်မိသောအခါ၌ အသည်းကြီး၍ ရောင် တတ်၏)

(၃) အသည်းကင်ဆာ လက္ခဏာများမှာ သွေး အရောင်မနီဘဲ ဝါတာ တာဖြစ်နေခြင်း၊ ဗိုက်နာဗိုက်အောင့်၊ အသည်းကြီးခြင်း၊ အော်ဂလီဆန်၊ ကြုံလှီ၍ကိုယ်အလေး ချိန်ကျဆင်းသွားခြင်းတို့ ဖြစ်ပါတယ်။

(၄) နာတာရှည် အသည်းကျွမ်း ရောဂါ ကလည်း အရက်ကြောင့် အသည်း ပျက်စီးခြင်း လက္ခဏာနဲ့ ခပ်ဆင်ဆင် တူလို့  ဝေခွဲရခက်တတ် ပါတယ်။ နာတာရှည် အသည်းကျွမ်းရောဂါ လက္ခဏာများမှာ ဗိုက်နာဗိုက်အောင့်၊ ဝမ်းဗိုက်နဲ့ ခြေထောက်များဖောရောင်၊ လိင်ကိစ္စ စိတ် မပါတော့ခြင်း၊ ခြေလက်များ ယားယံ၊ ရင်ပြည့်၍ အတွင်းလေပွ တက်ခြင်း၊ နှလုံးသွေးအားနည်း၍ ကတုန် ကယင်ဖြစ်ခြင်း၊ ဆီးအညိုရောင် သွားခြင်းတို့ဖြစ်ပါတယ်။

(၅) အသည်းရောင်ရောဂါလက္ခဏာများမှာ ဗိုက်နာဗိုက်အောင့်၊ ဆီး အညိုရောင် သွားခြင်း၊ မောပန်းနွမ်းနယ်၊ အသည်းကြီးခြင်း၊ ဝမ်းသွား၊ အရိုးအဆစ်များ နာကျင်၊ အသားဝါရောဂါ၊ အစာမစား နိုင်ခြင်းတို့ဖြစ်ပါတယ်။

အသည်းပျက်စီးရသော အဓိကအကြောင်းရင်းများ
(၁) အိပ်ရာဝင် အလွန်နောက်ကျပြီး အချိန် လွန်မှအိပ်ရာထခြင်း
(၂) တစ်ထိုင်တည်း အစားအများကြီး စား သောက်ခြင်း
(၃) နံနက်အိပ်ရာထ ဆီးမသွားခြင်း
(၃) လက်လုပ်ချဉ်များနဲ့ သဘာဝမဟုတ်ဘဲ အချိုမှုန့်၊ ဆား၊ ဆိုးဆေး စသည့် ဓာတု ပစ္စည်းတို့နဲ့ ပြုပြင်ထားသော အစား အစာများ စားသုံးခြင်း
(၄) ဆီကြော်မုန့်များနဲ့  ဆီများများသုံးထား သော ဟင်းလျာများစားသုံးခြင်း
(၅) ကူးစက်ရောဂါကြောင့် အသည်းပိုးဝင် ခြင်း
(၆) ရောဂါအမျိုးမျိုးကြောင့် ကိုယ်ခံစွမ်း အား ကျလာပြီး အသည်းကို ထိခိုက် ဒဏ်ဖြစ်ခြင်း
(၇) အသည်းကို အဆိပ်တက်ကာ တိုက်ရိုက်ထိခိုက်စေတဲ့ အရက်သေစာ အမျိုးမျိုးသောက်ခြင်း
(၈) ရာသီဥတုကြမ်းတမ်းသော အရပ်ဒေသ သို့ သွားရောက်လုပ်ကိုင်ရသော သူများ၊ မီးပူ၊ နေပူခံ၍ အလုပ်လုပ်သောသူများ၊ အညှော်နံ့ခံ၍ လုပ်ကိုင်သူများ၊ စားဖိုမှူးများ၊ လောင်စာဆီနံ့ အမြဲရှူရှိုက်နေရသူများ
(၉) အပူအစပ် အစားများသူများ
(၁ဝ) သကြားခဲ၊ သကြားလုံး၊ ဟင်းရွက်ဆီနဲ့ သကြားများပါတဲ့ ဈေးပေါပေါချော ကလက်များ၊ ဘီစကွတ်၊ မုန့်ငန်များ၊ ဆီကြော်ဒိုးနတ်မုန့်ချိုများ၊ အာလူး အကြွပ် ကြော်များ၊ ကြက်ဥမုန့်ပျားသလက်၊ ပီဇာ၊ အကြော်စုံ၊ ငါးကြော်၊ ကြက်ကြော်စတဲ့ အကြွပ်ကြော်များ မကြာ ခဏစားသုံးခြင်း စသည် တို့ကြောင့် ဖြစ် ပါတယ်။ ထို့ပြင် Diet foods (ခေါ်) ဝိတ်ကျအောင် ပြုပြင် ထားတဲ့ ဒိန်ချဉ်၊ ယို၊ ရေခဲမုန့်၊ ဆိုဒါတွေမှာ အရသာ ကောင်းစေရန် အချို ဓာတ်တွေ ထည့် သွင်းထားလို့ အသည်းဝေဒနာရှင်များစားရန်မသင့်တော်ပါဘူး။

အသည်းကိုကျန်းမာသော အစားအစာများ
(၁) Amino အက်စစ်နဲ့  Omega 3 ဖက်တီးအက်စစ်များက အသည်းကို လွန်စွာ ကောင်းကျိုးပြုပါတယ်။ ထိုဓာတ်များ ဖောဖောသီသီရနိုင်တဲ့ ပင်လယ် ငါးများ ကို ရက်သတ္တတစ်ပတ်လျှင် အနည်းဆုံး သုံးကြိမ်စားပါ (သို့မဟုတ်) ငါးကြီးဆီ မှီဝဲပါ။

(၂) အစိမ်းရောင် ဟင်းသီးဟင်းရွက်များ ဖြစ်ကြတဲ့ ကိုက်လံ၊ ပန်းဂေါ်ဖီ စိမ်း၊ ဂေါ်ဖီ တို့ မှာ ပါရှိတဲ့ သဘာဝ sulforaphane ပစ္စည်းက အသည်းထဲရှိ အဆိပ်အတောက်ပြေစေတဲ့ အင်ဇိုင်းများကိုတိုးပွားစေပါတယ်။

(၃) sulphur ဓာတ်ကလည်း အသည်းကို ကောင်းကျိုးပြုလို့Sulphur ဓာတ်ကြွယ်ဝသော ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ကြက်ဥတို့ကို စားပေးပါ။

(၄) ခန္ဓာကိုယ်တစ်ခုလုံး အဆိပ်အတောက် ပြေစေရန် အသည်းကအင်မတန် အလုပ် ရှုပ်လို့၊ အသည်းထဲရှိ ဆဲလ်များ မကြာခဏပျက်စီးလေ့ရှိပါတယ်။ လက်ဖက် ရည်ကြမ်းထဲရှိEGCG (ခေါ်) သဘာဝဓာတ်တိုးဆန့်ကျင်ပစ္စည်းက ထိုဆဲလ်များ ပျက်စီးခြင်းမှ ကောင်းစွာကာကွယ် ပေးနိုင်လို့ တစ်နေ့လျှင် အနည်းဆုံး လက် ဖက်ရည်ကြမ်း လေးခွက်သောက်ပါ။

(၅) ရေနွေး တစ်ဖန်ခွက်ထဲမှာ သံပရာသီး တစ်လုံး (သို့မဟုတ်)ရှောက်သီး တစ်စိတ်ညှစ်၍ အသည်းသန့်ဆေးအဖြစ်
 နေ့စဉ် သောက်ပါ။

(၆) အသည်းကျွမ်းသူများနဲ့ အသည်းကင်ဆာ ဝေဒနာသည်များ အတွက် သောက်သုံးသင့်တဲ့ဖျော်ရည်လေးပါ။ အခွံခွာထားသော ပန်းသီးအနေတော် နှစ်လုံး၊ ဂေါ်ဖီထုပ် နှစ်ရွက်၊ ပန်းဂေါ်ဖီစိမ်း ငါးပွင့်၊ ကြက်သွန်ဖြုအမွှာကြီးကြီး တစ်မွှာ (သို့မဟုတ်) ကြက်သွန်နီဥ တစ်ခြမ်း၊ တရုတ်နံနံပင် ငါးပင်တို့ကို ရောကြိတ်၍ သံပရာသီးတစ်လုံး (သို့မ ဟုတ်) ရှောက်သီးတစ်စိတ် ညှစ်ဖျော်သောက်ပါ။

(၇)Taurine ဓာတ်က သည်းခြေရည်ထွက် ရှိမှုအတွက် မရှိမဖြစ်ပါ။ ဒါကြောင့် အသည်းဝေဒနာသည်များTaurine ပါသော ဆေးဝါးမှီဝဲပါ။

(၈)Dandelion (ခေါ်) အလေ့ကျ ပေါက်အဝါရောင် တောပန်းတစ်မျိုးကို အနောက်နိုင်ငံမှာ ဆေးဖက်ဝင်အပင် အဖြစ် အသည်းအားဆေး၊ သည်းခြေအရည်ထွက်ဆေး၊ ဆီးအိမ် ကျန်းမာ ဆေး၊ ဆီးရွှင်၊ ဝမ်းနုတ်ဆေးအဖြစ် အသုံးပြုလေ့ရှိကြပါတယ်။ ဒါကြောင့် Dandelion(ခေါ်)Taraxacum Offici-nale နဲ့ ဖော်စပ်ထားတဲ့ ပဋိဇီဝဆေးဝါး များ မှီဝဲသောက်သုံးပါ။

(( Dandelion (ဒဲန်ဒလိုင်းန်) ကို အညာဘက်မှာ ကျားမုတ်ဆိတ်ပင်လို့ ခေါ်ပါတယ်။ နေရာတိုင်းမှာ တွေ့နိုင်ပါတယ်။
ဒဲန်ဒလိုင်းန် အပင်ငယ်ကအသည်းရောင်အသားဝါ....အသည်းပိုးကပ်ခြင်းအပြင် အခြား ရောဂါတော်တော်များများနှင့် အိုမင်းခြင်းကို ကာကွယ်ပေးပါတယ်..ဆဲလ်အသစ်တွေကို ဖြစ်စေပြီး ဆဲလ်ပျက်ဆီးမှုဘေးက ကာကွယ်ပေးပါတယ်..
သူ့အပင်ပုံက ဒီလိုပါ....



............ရောရောသမမွှေ....))

(၉) Psyllium နဲ့ Globe Artichoke(ခေါ်)Cynara scolymus ဆေးဝါး များကလည်း အသည်းကိုအားကောင်း
စေပါတယ်။

(၁ဝ) Lecithin အားဆေးမှီဝဲပါ။ အဲဒီဆေးဝါးထဲမှာပါရှိတဲ့ phosphatidyl choline အစွမ်းက အသည်းထဲရှိဆဲလ်အမြှေး ပါးများကို ကောင်းကျိုးပြုပေးတဲ့ အပြင်၊ အသည်းအဆီနဲ့ ကိုလက်စထရော ပမာဏကို ဟန်ချက်ညီညီ ထိန်းပေးလို့ပါပဲ။

(၁၁) မုန်လာဥနီရိုးရိုး၊ သကြား မုန်လာ(ခေါ်)သွေးနီရောင်ကဲ့သို့သော မုန်လာဥနီ အလုံး၊ Alfalfa နဲ့ ဘာလီသီးပင်ရဲ့အရွက်
တို့က အသည်း အားကောင်းစေပါတယ်။

(၁၂) Milk thistle(ခေါ်)Silybum marianum လို့ လူသိများတဲ့ ဆေးပင် ကလည်း ပိစပ်ရွက်လိုဆေးစွမ်းထက်လို့ လွန်ခဲ့သော ရှေးနှစ် ပေါင်း ၂ဝဝဝ ကျော်ကတည်းက အဆိပ်အတောက်ပြေ ဆေးဖက်ဝင်အပင်အဖြစ် လူသိများခဲ့ကြပါတယ်။ အဲဒီဆေးပင်ထဲမှာပါရှိတဲ့ အစွမ်းထက်မြက် ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေက၊ အဆိပ်အတောက်ပြေစေကာ အသည်း ကနေ ကျန်းမာတဲ့ဆဲလ်သစ်များကို ထုတ်ပေးရန် ကောင်းစွာ လှုံ့ဆော်ပေး တာ ကြောင့် ထိုအရွက်ဖြင့်ဖော်စပ်ထားသော ပဋိဇီဝဆေးဝါးများ မှီဝဲသောက် သုံးပါ။

(( Milk thistle ကို ဆူးလုံးပင်လို့ ခေါ်ပါတယ် အသဲကို သန့်စင်ပေးတာရယ် အသဲပိုးတွေကို သတ်ပေးတဲ့နေရာမှာ 
အထူးအစွမ်းထက်လှပါတယ်... ဆူးပန်းရွက်နှင့် မမှားမိစေဖို့အရေးကြီးပါတယ်။ ဆူးပန်းရွက်ရဲ့ အသီးဟာလည်း ဆူး
တွေနှင့် ခပ်လုံးလုံးပုံစံရှိပါတယ်။ ဇီးကင်းလောက် အသီးကကြီးပြီး ဆူးတွေနှင့်ပြည့်နေတတ်ပါတယ်။ ဆူးလုံးပင်ရဲ့ ပန်းကကြီးပါတယ်။ လက်သီးဆုပ်လောက်ကြီးပါတယ်။ .......... ရောရောသမမွှေ)) ပုံကို ဒီမှာ ကြည့်ရှုနိုင်ပါတယ်..

 

(၁၃) သခွတ်အစွမ်းကြောင့် စီပိုးအသည်းသမားတွေမှာ ပိုးကောင်ရေ သိန်းချီရာမှ ၁ဝ ဂဏန်းမျှသာ ကျန်ရှိပြီး ရောဂါမှာ သိသိသာသာ ပျောက် ကင်းသွားတာကြောင့် အသည်းအထူးကုဆရာဝန်ကြီးများကိုယ်တိုင် အံ့အား
သင့်ရတဲ့ သပွတ်ပွင့်၊ အရွက်၊ ပင်စည်အခေါက် တို့ ကို ရေနွေးကြမ်းအဖြစ် တစ်နေ့သုံးခွက်ခန့် နေ့စဉ် သောက်ပေးပါ။

Credit : https://m.facebook.com/MOIWebportalMyanmar/posts/784738548320680

No comments:

Subscribe

လာလည်သူများ

free counters