♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

February 24, 2016

" ကိုယ်ဝန်ဆောင်သိုးမကြီးကို မီးဖွားနိုင်ရန် ကူညီပေးခဲ့သူ ၃ နှစ်သမီးလေးရုပ်သံ ရေပန်းစား (ရုပ်သံ) "

အင်္ဂလန်နိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ကိုယ်ဝန်ဆောင်သိုးမကြီးကို မီးဖွားနိုင်ဖို့ ကူညီပေးခဲ့တဲ့ ၃ နှစ်သမီးလေးရဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက် အင်တာနက် စာမျက်နှာပေါ်မှာ ၀င်ရောက်ကြည့်ရှုပြီး ပြန်လည်မျှဝေသူ ၂ သောင်းကျော်ရှိခဲ့ပြီး ရေပန်းစားနေပါတယ်။

လီလီနီကိုးလပ် အမည်ရတဲ့ အဲဒီကလေးငယ်ဟာ ကိုယ်ဝန်ဆောင်သိုးမကြီးကို မီးဖွားနိုင်ဖို့ အစအဆုံး လုပ်ဆောင်နိုင်ခဲ့တာကို မိခင်ဖြစ်သူ ရေချယ်နီကိုးလပ်က ရုပ်သံဗွီဒီယိုဖိုင်နဲ့ မှတ်တမ်းတင်ခဲ့တာပါ။

လီလီဟာ အင်္ဂလန်နိုင်ငံ၊ ဝေးလ်စ်ပြည်နယ်၊ ရက်ဂ်လန်ကျေးရွာ မွေးမြူရေးခြံထဲမှာ ဖခင် မာ့ခ်၊ မိခင် ရေချယ်၊ အစ်မဖြစ်သူ ကက်သရင်း (၁၀ နှစ်) တို့နဲ့ အတူနေထိုင်ကြီးပြင်းလာပြီး ခြံထဲက မွေးမြူထားတဲ့ တိရစ္ဆာန်တွေကို သန့်ရှင်းရေးနဲ့ မွေးမြူစောင့်ရှောက်မှုတွေကို ကူညီလုပ်ပေးလေ့ရှိတယ်လို့ ဆိုပါတယ်။

ခုချိန်ဟာ သိုးတွေ သားပေါက်တဲ့ရာသီဖြစ်ပြီး လီလီ့အတွက်တော့ ဒါဟာ ပထမအကြိမ် မဟုတ်ဘူးလို့ မိခင်ဖြစ်သူ ရေချယ်က
 ပြောပါတယ်။

၃ မိနစ်စာ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ မိခင်ရဲ့ ညွှန်ကြားမှုနဲ့အတူ လီလီဟာ စီစဉ်တကျ မွေးဖွားနိုင်ဖို့ သန္ဓေသားလောင်းရဲ့ ခေါင်းကို
လှည့်ပေးနိုင်ခဲ့ကာ ဘယ်သူ့အကူအညီမှ မပါဘဲ အပြင်ကို ဆွဲထုတ် မွေးဖွားပေးနိုင်ခဲ့တာကို တွေ့ရမှာပါ။

ရေချယ်က “လီလီက ခြံထဲမှာပဲမွေးပြီး ကြီးလာတော့ ဒီအလုပ်တွေဟာ သိပ်စိမ်းမနေပါဘူး။ ခြံထဲက တခြားအလုပ်တွေကိုလည်း သူ ၂ နှစ်အရွယ်တည်းက အမြဲကူညီနေကျပါ” လို့ ပြောပါတယ်။

လီလီဟာ တကြိမ်မှာ မိခင်ဖြစ်သူ သိုးမွေးဖွားနိုင်ဖို့ ကူညီပေးခဲ့ရပြီး မှတ်ထားခဲ့ကာ ခုလို လုပ်ပြနိုင်ခဲ့တာ ဖြစ်တယ်လို့ ဝေးလ်စ်အွန်လိုင်းသတင်းမှာ ဖော်ပြပါတယ်။

“တရက်မှာ ကျမ သိုးတကောင်ကို မွေးဖွားပေးနိုင်ဖို့ လုပ်နေတုန်း လီလီက ဘေးနားမှာ ကြည့်နေခဲ့တယ်။ အဲဒါကို မှတ်ထားခဲ့ပြီး ခုချိန်မှာတော့ သူလုပ်ပြနိုင်ခဲ့ပြီလေ” လို့ ရေချယ်က ပြောပါတယ်။



DVB
Credit :  http://www.lwinpyin.com/2016/02/blog-post_341.html

No comments:

Subscribe

လာလည်သူများ

free counters