♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

February 23, 2016

" လေထုသန့်စင်အောင် ဖျန်းတဲ့ဆေးဗူးတွေဟာ လူ့အသက်ကို အန္တရာယ်ဖြစ်စေတာ "

လေထုသန့်စင်ဖို့ သုံးတဲ့ ဖျန်းဆေး air freshener တွေမှာ အဆိပ်ပါဝင်တဲ့ အငွေ့နဲ့ အိမ်သန့်ရှင်းရေးတွက် အသုံးပြုတဲ့ပစ္စည်းတို့က နှစ်စဉ် လူထောင်သောင်းချီ သေဆုံးရခြင်းအတွက် တရားခံတွေ ဖြစ်ကြောင်း စိတ်မချမ်းမြေ့ဖွယ်ရာ အစီရင်ခံစာ တစ်ခုက ဖော်ပြခဲ့ပါတယ်။
အိမ်တွင်းနဲ့ လုပ်ငန်းခွင် နေ့စဉ် အသုံးအဆောင်ပစ္စည်းများမှ ညစ်ညမ်းစေတဲ့ အရာများဟာ ဥရောပတခွင် တစ်နှစ် လူဦးရေ ၉၉,၀၀၀ ထက်မကသော သေဆုံးမှုနဲ့ ပတ်သက်ကြောင်း ယူဆထားပါတယ်။ Royal College of Physicians (RCP) နဲ့ Royal College of Paediatrics and Child Health (RCPCH) မှ အစီရင်ခံစာက အိမ်တွင်းသုံးပစ္စည်းများရဲ့ မမြင်ရတဲ့ အန္တရာယ်များအား မီးမောင်းထိုး ဖော်ပြထားပါတယ်။
နေ့စဉ်မီးဖိုချောင်သုံးပစ္စည်းများ၊ ဘွိုင်လာအိုးများနဲ့ ခြင်ဖျန်းဆေးဗူးတွေက အိမ်တွင်းလေထု ညစ်ညမ်းမှု ဖြစ်စေကြောင်း သတိပေးထားပါတယ်။
Olatile organic compounds လို့ သိရတဲ့ လေထုထဲမှ chemical ဓာတ်များနဲ့ ထိတွေ့ခြင်းက အဆုတ်နဲ့ နှလုံးရပ်
တန့်မှု ဦးတည်ဖြစ်ပေါ်စေနိုင်တာကြောင့် air refresher မှတဆင့် သေစေနိုင်တဲ့ ကာဗွန်မွန်အောက်ဆိုဒ်ဓာတ် ထုတ်

လွတ်ခြင်းတို့က စိုးရိမ်စရာကောင်းဆုံး ခြိမ်းခြောက်မှုတွေ ဖြစ်ပါတယ်။
ကလေးများနဲ့ အငြိမ်းစားများဟာ ယင်းအန္တရာယ်ရဲ့ အဓိက ခြိမ်းခြောက်ခံနေရသူတွေဆိုပေမယ့် လူတိုင်းကို  ထိခိုက်စေနိုင်ပါတယ်။


Ref: Mirror 
Credit : http://www.trend.com.mm/2016/02/22/lifestyle-8897

No comments:

Subscribe

လာလည်သူများ

free counters