♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

February 25, 2016

" ကျွန်ယုံတော့ တဖက်ကန်းတယ်..သားကိုယုံတဲ့ အိမ်ရှင်မတော့ နှစ်ဖက်ကန်းရောသလားပဲ "

 
အမျိုးသမီးတစ်ယောက်က သူမရဲ့အမျိုးသားဆီကို ဖုန်းခေါ်ချင်နေပါတယ် ၊ ဒါပေမယ့် သူမရဲ့ငွေဖြည့်ကဒ်ကကုန်နေပါပြီ
လုပ်ငန်းခွင်ထဲေ၇ာက်နေတဲ့ အဖေ့ဆီကို ဖုန်းခေါ်ပေးဖို့ သူမရဲ့သားကိုခိုင်းလိုက်ပါတယ်
သားဖြစ်သူက သူ့ရဲ့ဖုန်းကနေတစ်ဆင့် အဖေ့ဆီကိုခေါ်ပြီးတဲ့နောက် ၊ သူ့အမေဆီကို ဒီလိုအကြောင်းပြန်ပါတယ် ...
"..အဖေ့ဖုန်းကို မိန်းမတစ်ယောက်(၃) ခါ တိတိ လာလာကိုင် အမေ..အဖေ့ကိုခေါ်ခိုင်းလည်း သူကမခေါ်ပေးဘူး.."


သားဖြစ်သူရဲ့စကားအဆုံးမှာတော့ ဇရှိတဲ့ သူမယောက်ကျားအကြောင်းသိထားတဲ့ မိန်းမဖြစ်သူက ၊
အချစ်တွေကို နည်းနည်းချင်း ချချကျွေးချင်နေတဲ့ ယောက်ကျားနဲ့ စာရင်းအပြတ်ရှင်းဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ် ..
ညနေပိုင်း အလုပ်ဆင်းချိန်ေ၇ာက်လို့ ယောက်ကျားဖြစ်သူ အိမ်ထဲကိုလှမ်းဝင်လာတယ်ဆိုရင်ပဲ....
ဖြန်းခနဲ ပါးရိုက်လိုက်တယ် ၊
ယောက်ကျားက ကြောင်ပြီး တစ်ခုခုမေးဖို့အလုပ်မှာ
ဖြန်းခနဲ နောက်တစ်ချက်ထပ်ရိုက်တယ်
ယောက်ကျားက နားမလည်သလို သူ့ကိုပြန်ကြည့်ချိန်မှာ
အပြင်းထန်ဆုံးနောက်တစ်ချက် ထပ်ရိုက်ပြန်တယ်
အိမ်နီးချင်းတွေလည်း အပြေးအလွှားရောက်လာပြီး ၊၀င်ဖြန်ဖြေပေးဖို့ကြိုးစားကြတယ်
အကြောင်းအရင်းကိုသိရတဲ့အခါမှာတော့.
ယောက်ကျားဖြစ်သူက သားဖြစ်သူကို ဖုန်းခေါ်တဲ့အချိန်မှာ လာကိုင်တဲ့အမျိုးသမီးက ဘာပြောလဲဆိုတာကို အားလုံးသိအောင်ပြောပြခိုင်းတယ်...
ဒီတော့ ..သားဖြစ်သူက..မပြောချင်ပြောချင်ပုံစံနဲ့..
အဲ့ဒီမိန်းမပြောတာက...

" အခုဆက်သွယ်နေတဲ့ နံပါတ်က  ဆက်သွယ်ရေးဧရိယာ ပြင်ပသို့ရောက်ရှိနေပါတယ်။ 
ပြီးတော့မှ ပြန်ခေါ်ပါရှင် "

“The number u are trying to call is not reachable at the Moment. Please Try Again Later”.

Credit-မိုင်လင်းယုန်

Credit : http://www.lubo601.com/2014/11/blog-post_506.html?m=0

No comments:

Subscribe

လာလည်သူများ

free counters