♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

February 26, 2016

" မိန်းမတွေ ငွေမက်တယ်တဲ့လား "

 
ပစ္စည်းဥစ္စာ မကြွယ်ဝရင်တောင် သားမယားအတွက် ရှာဖွေပေးနိုင်တဲ့ အရည်အချင်းရှိသူမျိုးကို ရွေးချယ်မိတဲ့အခါ မိန်းမတွေ ငွေမက်လို့တဲ့လား။

ဆင်းရဲလမ်းစဖြစ်တဲ့ အရက်သောက်၊ ဖဲရိုက် အပျော်အပါးလိုက်စားတဲ့အခါ မိခင်လို၊ ချစ်သူလို၊ မိန်းမလို တားမြစ်ဆုံးမမိတာ မိန်းမတွေ ငွေမက်လို့ ဟုတ်ရဲ့လား။

နှစ်ယောက်အတူ တည်ဆောက်မယ့် အိမ်လေးမှာ လင့်ဝတ္တရားနဲ့ ညီဖို့ အသက်မွေးဝမ်းကျောင်း ပညာရပ်တစ်ခုခု သင်ယူပါလို့ တိုက်တွန်းတာ မိန်းမတွေ သိပ် ငွေမက်တာလား။

ကိုယ်တိုင်က မဝတ်မစား နေနိုင်ပေမယ့် မိမိသားသမီး လူကြားထဲ အရောင်မှိန်နေမှာ မကြည့်ရက်တော့ လုပ်ပါ တ ကဲ ကဲ ဆော်သြမိတာ မိန်းမတွေ ငွေမက်လို့တဲ့လား။

လမ်းပေါ်လုပ်စားနေရတဲ့ တချို့ မိန်းမတွေကရော သူနောက်ကွယ်က အခက်အခဲတစ်ခုကြောင့် သုံးဖြုန်းနေတဲ့ ယောင်္ကျားတွေမှာ ဘဝကို ရောင်းစားလိုက်ရတာ ငွေမက်လို့တဲ့လား။

ဒီခေတ်ကြီးမှာ မောင့်မျက်နှာ တစ်ရွာထင်ပြီး လိုက်ရဲ့တဲ့ မိန်းမတွေ ငိုနေကြတယ်။ အချစ်တစ်ခု ကိုးကွယ်ပြီး ကြမ်းပျဉ်ခုနှစ်ချပ်မှာ ထမင်းရည်သောက်ပါရစေဆိုတဲ့ မိန်းမတွေလည်း တစ်ခုလပ်၊ မုဆိုးမဖြစ်ကြရတယ်။ ဒါပေမယ့် မိန်းမတွေက အဲဒီလို ဖြစ်ရင်တောင် အဲဒီလို ထားရဲတဲ့ ယောင်္ကျားအပေါ် “မောင်တစ်ထမ်းမယ်တစ်ရွက်” မဆိုနဲ့ “မယ်တစ်ထမ်းမောင်တစ်ရွက်” ဘဝရောက်ရင်တောင် အရိုးဆွေးတဲ့အထိ အတူနေရဲတာ မိန်းမတွေ ငွေမက်ကြလို့လား။

မိန်းမတွေဟာ ပေးဆပ်နှလုံးသားနဲ့ လူဖြစ်ရသူတွေပါ။ သင်တို့အတွက် ပေးဆပ်ချစ်နဲ့ ချစ်တဲ့ မိန်းမသားတို့ရဲ့ ငွေမက်ရခြင်း
အကြောင်းအရင်းကို တန်ဖိုးရှိခြင်းလို့ မြင်ပြီး သားမယားကို ချစ်ခင်ကြပါ။

Credit: Yangon Life

Credit : http://www.lwinpyin.com/2016/02/blog-post_616.html

No comments:

Subscribe

လာလည်သူများ

free counters