♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

February 22, 2016

" သုံးသောင်းနဲ့ သုံးလမကြောက်ရင် ကားဟွန်း ဆူဆူညံညံ ဆက်တီးလို့ရပြီ "

 
 ဖေဖော်ဝါရီလ နောက်ဆုံးပတ်ကနေစပြီး ကားဟွန်း ဆူဆူညံညံ တီးတဲ့သူတွေကို ဗီဒီယိုနဲ့ မှတ်တမ်းတင် ဖမ်းဆီးအရေး
ယူတော့မယ်လို့ သိရပါတယ်။ ဟွန်းမတီးရ ဇုန်တွေမှာ ယာဉ်ထိန်း လစ်ရင်လစ်သလို ဟွန်းတွေတီးနေကြတာကြောင့် ပတ်ဝန်းကျင် အနှောက်အယှက်ဖြစ်လို့ ယာဉ်ထိန်းရဲတွေကနေ ဖုန်းကင်မရာနဲ့မှတ်တမ်းတင် အရေးယူသွားမယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့တော် စည်ပင်နယ်နမိတ်အတွင်းက ဟွန်းမတီးရဇုန် ၃၁ မြို့နယ်မှာ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တွေက ကားဟွန်းသံ ဆူဆူညံညံ တီးတဲ့သူတွေကို စီမံချက်နဲ့ ဖမ်းဆီးအရေးယူ သွားမယ်လို့ သိရပါတယ်။
မြို့တွင်းသွားလာနေတဲ့ ကားတွေထဲမှာ အများပြည်သူ အနှောက်အယှက်ဖြစ်အောင် ကားဟွန်းတီးတတ်တဲ့ လိုင်းကားတွေ
သိအောင်လည်း မထသကို အသိပေးသွားမယ်လို့ အမှတ် (၂) ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူးရုံးမှ ဒုရဲမှူးကြီး အောင်ကိုဦးက
 ပြောပါတယ်။

အများပြည်သူအနှောက်အယှက်ဖြစ်အောင် ဟွန်းတီးတဲ့ ယာဉ်မောင်းတွေကို ၁၉၈၉ မော်တော်ယာဉ်နည်းဥပဒေ ပုဒ်မ ၄၄ အရ အရေးယူသွားမှာဖြစ်ပြီး ၂၀၁၅ မော်တော်ယာဉ် ဥပဒေ ပုဒ်မ ၆၅ အရ ဒဏ်ငွေ ကျပ်သုံးသောင်းနဲ့ ယာဉ်မောင်းလိုင်စင်
သုံးလ ပိတ်သိမ်းသွားမယ်လို့ သိရပါတယ်။
Source : 7Day Daily
Photo : thepunekar

Credit : http://www.searchmyanmar.com/#content-56865

No comments:

Subscribe

လာလည်သူများ

free counters