♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

February 21, 2016

" ဆံပင်ဖြူလို့  စိတ်ညစ်နေသူ တွေ အတွက်.. ဆေးဆိုးစရာ မလိုတဲ့ အန္တရာယ်ကင်းတဲ့ သဘာဝနည်းလမ်းကောင်း "

 
ဆံပင်ဖြူလို့  စိတ်ညစ်နေသူ တွေ အတွက်.. ဆေးဆိုးစရာ မလိုတဲ့ အန္တရာယ်ကင်းတဲ့ သဘာဝနည်းလမ်းကောင်း.. အာလူးရှိရင် ရပါပြီ..

အမျိုးသမီးတွေ သာမက အမျိုးသားတွေ ပါ အသက်အရွယ် တဖြေးဖြေး ရလာ တာ နဲ့ အမျှ ဆံပင်ဖြူလာတာကို လည်း မလွှဲမသွေ ကြုံတွေ့ ရမှာပါ.. အဲလို ဆံပင်ဖြူလာတာ ကို ဖုံးကွယ်ဖို့  ဆံပင်ဆေးဆိုးရတာဟာလည်း အလုပ်တစ်ခု လို ဖြစ်လာပါတယ်.. အခန့်မသင့်ရင် ဆိုးဆေးနဲ့  မတည့်တာတွေ … ဆံပင် ကျွတ်တာတွေ လည်း ဖြစ်နိုင်ပါတယ်.. အခုတော့ ဒါတွေ အတွက် စိတ်ပူစရာ မလိုတော့ပါဘူး…သဘာဝ နည်း အတိုင်း ဆံပင်တွေ ကို ပြန် မည်းနက် စေနိုင်တဲ့ နည်းကို တွေ့ ထားပါပြီ..

ဆံပင်ဖြူတွေ တွေ့ လို့ အလှပြင်ဆိုင် ပြေးပြီး ပိုက်ဆံတွေ အများကြီး အကုန်ခံစရာ မလိုတော့ပါဘူး…. ထူးဆန်းတယ် လို့ ထင်ရပေမဲ့ တကယ်ကို အစွမ်းထက်ပြီး ဘေးဥပါဒ် ကင်းတဲ့ ရိုးရိုး စင်းစင်း ဒီ နည်းလေးကို စမ်းသပ် ကြည့် နိုင်ပါတယ်..
အာလူး ၁၀လုံး ခန့် ကို အခွံခွာပြီး အာလူး အခွံတွေ ကို နာရီဝက်လောက် ပြုတ်ပါ.. ပြီးရင် အာလူးခွံတွေကို ဖယ်ပြီး
အညိုရောင် အရည်တွေကို ဘရပ် နဲ့  ဆံပင်မှာ သုတ်လိမ်းကြည့်ပါ..

သိသိ သာသာ မည်းနက်လာဖို့ အတွက် ဒီနည်းလမ်းကို မကြာ မကြာ လုပ်ပေးသင့်ပါတယ်…
အသေးစိတ်သိနိုင်ဖို့  ဗွီဒီယို ဖိုင်ကိုလည်း ဝေမျှ လိုက်ပါတယ် နော်..

source : http://www.healthyfoodhouse.com/
WOW Living TIPS


No comments:

Subscribe

လာလည်သူများ

free counters