♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

February 24, 2016

" ဝိညာဉ်ခေါ်သင်ပုန်းတွေကြောင့် ဖြစ်ခဲ့တဲ့ ဇာတ်လမ်းများ "

အခုဆိုရင် ဝိညာဉ်ခေါ်သင်ပုန်း (Ouija Board) တွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး အသုံးမပြုရလို့ ပိတ်ပင်ထားလိုက်ပါပြီ။
ဝိညာဉ်ခေါ်သင်ပုန်းဟာ တမလွန်ကသူတွေနဲ့ ဆက်သွယ်ပေးတ့အရာလို့ တချို့က ပြောကြပြီး တချို့ကတော့ သရဲတစ္ဆေတွေရဲ့ မုခ်ဝတဲ့။
တချို့ကတော့ ဘာအန္တရာယ်မှ မရှိတဲ့ ရှေ့ဖြစ်ဟောသင်ပုန်းလို့ ဆိုကြပြန်ပါတယ်။

အောက်ပါ ဇာတ်လမ်းတွေက ဝိညာဉ်ခေါ်သင်ပုန်းတွေကြောင့် ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေပါ။

၁။ The Exorcist ဇာတ်ကားရဲ့ မူရင်းဖြစ်ရပ်
၁၉၄၉ ခုနှစ် အမေရိကန်ပြည်ထောင်စုအတွင်းမှာ ဖြစ်ပေါ်ခဲ့တာပါ။ အသက် ၁၄ နှစ်အရွယ် ကောင်လေးတစ်ယောက်က သေဆုံးသွားတဲ့ သူ့ရဲ့အဒေါ်ကို ဝိညာဉ်ခေါ်သင်ပုန်းကနေတစ်ဆင့် ဆက်သွယ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီလို ခေါ်ပြီးတဲ့နောက် သူ့ရဲ့အိပ်ယာဟာ တဒုန်းဒုန်းလှုပ်နေခြင်း၊ ပစ္စည်းတွေ အခန်းထဲမှာ လွင့်ပျံနေခြင်း၊ သူ့ရဲ့ အရေပြားပေါ်မှာ အရှိုးရာတွေ ထင်နေခြင်း စတဲ့ ထူးခြားဆန်းကြယ်တဲ့အရာတွေ ဖြစ်ခဲ့ပါတယ်။ သူ့ကို သရဲတွေ ဝင်ပူးနေကြောင်း သိရပြီး သရဲနှင်ခဲ့ရပါတယ်။
ဒီအကြောင်းအရာကို အခြေခံပြီး ကြောက်စရာအကောင်းဆုံး သရဲကားတစ်ကားဖြစ်တဲ့ The Exorcist ဇာတ်လမ်း ဖြစ်ပေါ်ခဲ့တာပါ။

၂။ ပျောက်ဆုံးနေသူကို ရှာဖွေပေးခြင်း
၁၉၇၈ ခုနှစ်မှာ Bologna တက္ကသိုလ် ပါမောက္ခတွေက ဝိညာဉ်ခေါ်သင်ပုန်းကို အသုံးပြုပြီး ပျောက်ဆုံးနေတဲ့ နိုင်ငံရေးသမား အယ်လ်ဒိုမိုရို ဘယ်မှာရှိလဲလို့ မေးလိုက်တယ်။

အယ်လ်ဒိုမိုရိုကို အကြမ်းဖက်သမားတွေက ဖမ်းဆီးသွားတာပါ။ ဝိညာဉ်ခေါ်သင်ပုန်းက Grodoli လို့ စာလုံးပေါင်းပြတယ်။ အကြမ်းဖက်သမားတွေက အယ်လ်ဒိုမိုရိုကို သတ်ပြီးတဲ့နောက်မှ သူ့ကို Via Grodoli ဆိုတဲ့ ရောမက အိမ်တအိမ်မှာ
အကျဉ်းချထားကြောင်း သိရှိခဲ့ရပါတယ်။

၃။ စာရေးတဲ့ ဝိညာဉ်ခေါ်သင်ပုန်း

၁၉၁၃ ခုနှစ်၊ မစ္စူရီမှာ ပါးလ်ကာရန်ဆိုတဲ့ အမျိုးသမီးငယ် တစ်ဦးဟာ ပက်တီးရန့်ဝါးသ်လို့ ခေါ်တဲ့ ဝိညာဉ်တစ်ခုနဲ့ ဝိညာဉ်ခေါ်သင်ပုန်းကနေတစ်ဆင့် ချိတ်ဆက်မိခဲ့တယ်။ အဲဒီနောက် ၂၄ နှစ်အတွင်းမှာ ပက်တီးရန့်ဟာ ဝိညာဉ်ခေါ်
သင်ပုန်းကနေတစ်ဆင့် ပါးလ်ကို ပြောပြီး ဝတ္ထု ၆ ပုဒ်နဲ့ ကဗျာ ထောင်နဲ့ချီ ရေးခဲ့တယ်။ ပညာသိပ်မတတ်ရှာတဲ့
ပါးလ်ကတော့ နာမည်ကျော် စာရေးဆရာမ ဖြစ်လာခဲ့ပါတယ်။

၎။ တစ်မြို့လုံးကို မွှေခဲ့တဲ့ ဝိညာဉ်ခေါ်သင်ပုန်း
ကယ်လီဖိုးနီးယားက အယ်လ်ဆာရီတိုမြို့မှာ ၁၉၂၀ ပြည့်နှစ်က ဝိညာဉ်ခေါ်သင်ပုန်းနဲ့ ဝိညာဉ်ခေါ်မေးပြီးတဲ့နောက်
 သောင်းကျန်းနေကြတဲ့ လူတစ်စုကို ရဲက ဖမ်းဆီးခဲ့ရပါတယ်။ သူတို့တွေဟာ စိတ်ကစဥ့်ကလျားဖြစ်ပြီး အဝတ်အစားတွေကို စုတ်ဖြဲခဲ့ကြတာပါ။

၅။ လူသတ်ခဲ့တဲ့ ဝိညာဉ်ခေါ်သင်ပုန်း
၁၉၃၄ ခုနှစ် အာရီဇိုးနားမှာ အသက် ၁၅ နှစ်အရွယ် မာတီတာလေးဆိုတဲ့ မိန်းကလေးက သူမရဲ့အဖေကို ပစ္စတိုနဲ့ ပစ်သတ်ခဲ့ပါတယ်။ ဝိညာဉ်ခေါ်သင်ပုန်းက သတ်ခိုင်းလို့ သတ်ရတာပါလို့ သူမက ပြောပါတယ်။

Source & Photos : Life
Credit: duwun

Credit : http://www.searchmyanmar.com/#content-56923

No comments:

Subscribe

လာလည်သူများ

free counters