♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

February 22, 2016

" အသက် ၇ နှစ်အရွယ် မိန်းကလေးငယ်အား မီးတောက်နေသည့် မီးသွေးတုံးများနှင့် ဒဏ်ရာ ပြင်းထန်စွာပြုလုပ်ခဲ့သူ အမျိုးသမီးအား ဖမ်းဆီးအမှုဖွင့်"

အသက် ၇ နှစ်အရွယ် မိန်းကလေးငယ်အား မီးတောက်နေသည့် မီးသွေးတုံးများနှင့် ဒဏ်ရာ ပြင်းထန်စွာ ပြုလုပ်ခဲ့သူ အမျိုးသမီးအား ဖမ်းဆီးအမှုဖွင့်ထားကြောင်းသိရှိရသည်။

အဆိုပါ ဖြစ်စဉ်သည် မင်းပြားမြို့၊ ကံကော်မြိုင်ရပ်ကွက်တွင် ဖေဖော်ဝါရီ ၁၉ ရက် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျူးလွန်သူ အမျိုးသမီးအား ဖမ်းဆီးအမှုဖွင့်ခဲ့ခြင်း ဖြစ်ပါသည်။

Photo: မြို့မစာကြည့်တိုက်-မင်းပြား Facebook

မ—- (အသက် ၇ နှစ်) သည် မိဘများ နိုင်ငံခြားတွင် သွားရောက် အလုပ်လုပ်ကိုင်နေရသောကြောင့် အဒေါ်ဖြစ်သူနှင့် နေထိုင်ရသူဖြစ်ပြီး အဒေါ်ဖြစ်သူ ထံမှ ငွေ ၂၀၀၀ ကျပ်ခိုးယူသည်ဟု ဆိုကာ အဒေါ်ဖြစ်သူ ဒေါ်ဖြူဖြူသန်း (အသက် ၂၈ နှစ်) က မ—- ၏ ပေါင်တံများ၊ လက်ဖ၀ါးများကို မီးစွဲလောင်နေသော မီးသွေးခဲများဖြင့် ဒဏ်ရာ ပြင်းထန်စွာ ရရှိအောင် ညှင်းပန်းနှိပ်စက်ခဲ့ပြီး ထိုဒဏ်ရာများကြောင့် မ —- (အသက် ၇ နှစ်) ကို မင်းပြား ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ကုသခဲ့ရကြောင်း သိရပါသည်။
ac_0_0

Photo: မြို့မစာကြည့်တိုက်-မင်းပြား Facebook

“ကလေးငယ်က သူ့ဒေါ်လေးကို အားကိုးပြီးနေတာပါ။ မိဘတွေက ဘနိုင်ငံခြားမှာ သွားပြီးအလုပ် လုပ်နေကြတယ်။
 ငွေခိုးယူတယ်ဆိုပြီး မီးသွေးမီးတောက်နဲ့ လက်ဝါးတို့၊ ပေါင်တို့နဲ့ တခြားနေရာတွေ မအင်္ဂါစပ်တွေကို မီးတိုက်တာ မီးလောင်ဒဏ်ရာတွေ ရသွားတယ်။ သူ့ ကိုဆေးရုံတင်ပြီး ကုသခဲ့ရတယ်။ အခုတော့ ဒေါ်လေးဖြစ်သူကိုတော့
ရဲက ခေါ်ယူသွားပါပြီ။ အချုပ်ထဲ ထည့်ထား တယ်လို့သိရပါတယ်”ဟုကံကော်မြိုင်ရပ်ကွက်မှ ကိုအောင်ထွန်းဇော်က ပြောပါ သည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး ဒေါ်ဖြူဖြူသန်းအား မင်းပြားမြို့မရဲစခန်းမှ ဖေဖော်ဝါရီ ၂၀ ရက်နေ့က ဖမ်းဆီးခဲ့ပြီး (ပ) ၃၄/၁၆
 ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၂၆ အရေးယူထားကြောင်း သိရှိရသည်။

Writer:
သန်းလှိုင်(စစ်တွေ)
Credit: Eleven media Group
Filed in: News

Credit : http://www.searchmyanmar.com/#content-56878

No comments:

Subscribe

လာလည်သူများ

free counters