♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

February 27, 2016

" ပီရူးဗီးယန်းမျိုးသမီးတစ်ဦး၏ ဝမ်းဗိုက်ထဲမှ ၃၅ ပေါင်ကျော် လေးလံသည့် အကြိတ်ကို ခွဲစိတ်ဖယ်ရှားနိုင်ခဲ့ "

 အမျိုးသမီးတိုင်း ထိုကဲ့သို့သောဘေးမှ ကင်းဝေးကြပါစေ..

ပီရူးတွင် အမျိုးသမီးတစ်ဦး၏ ဝမ်းဗိုက်အတွင်းမှ ၃၅ ပေါင်ကျော် အလေးချိန်ရှိသည့် ဧရာမအကြိတ်ကြီးတစ်ခုကို ခွဲစိတ်ဖယ်ရှားပေးနိုင်ခဲ့သည်။
ပီရူးမြို့တော် လီမာတွင် ပြုလုပ်ခဲ့သည့် ခွဲစိတ်ကုသမှုမှာ အောင်မြင်ခဲ့ပြီး အဆိုပါအကြိတ်ကြီးကို ပီရူးကျန်းမာရေး တာဝန်ရှိသူများက အကြိတ်ဘီလူးကြီးဟု သုံးနှုန်း တင်စားခဲ့ကြသည်။ ပီရူးကျန်းမာရေးဝန်ကြီးဌာန၏ ကြေညာချက်အရ ခွဲစိတ်ကုသမှုခံယူခဲ့ရသည့် အမျိုးသမီးမှာ အသက် ၂၂ နှစ်အရွယ် အီရီရာနီတာ ရိုဂျက်စ်ဆိုသူ အမျိုးသမီး ဖြစ်ပြီး သူမအသက် ၁၃ နှစ် အရွယ်ကတည်းက သားအိမ်တွင် အကြိတ်ရှိနေခဲ့ကြောင်း သိရသည်။
၃၅.၃ ပေါင်ထိလေးလံသည့် ယင်းအကြိတ်သည် ပြီးခဲ့သည့်နှစ်ပိုင်းများအတွင်း လျင်မြန်စွာကြီးထွားလာရာ ရိုဂျက်စ်သည် ကိုယ်ဝန်ဆောင်ထားရသည့် အသွင်အပြင်မျိုး ဖြစ်လာသည်။ “ခွဲစိတ်တာတွေဘာတွေလုပ်ရတဲ့ထိ ဖြစ်လာမယ်လို့ ကျွန်မ မထင်ခဲ့မိဘူး။ အခုတော့ ကျွန်မ ပျော်ပါတယ်။ သက်လည်းသက်သာလာပါပြီ။ ဒီကိစ္စတွေပြီးရင် စာရင်းအင်းပညာရပ် ဆက်သင်မယ့် ကျွန်မရဲ့ရည်မှန်းချက်ကို ရှေ့ဆက်အကောင်အထည်ဖော်နိုင်မယ် ထင်ပါတယ်” ဟု ရိုဂျက်စ်က ပြောကြားခဲ့သည်။
လီမာရှိ လိုယွိုင်ဇာဆေးရုံမှ ခွဲစိတ်အထူးကုဆရာဝန်များသည် ရိုဂျက်စ်၏အကြိတ်ကို ပြီးခဲ့သည့်သီတင်းပတ်ကုန်က ဖယ်ရှားခဲ့ရာ စုစုပေါင်း ၃ နာရီမျှ ကြာမြင့်ခဲ့သည်။ “အခုတော့ လူနာသက်သာလာပါပြီ။ ဆေးရုံကတောင် ဆင်းလို့ရလုနီးပါး ဖြစ်နေပြီ။ ဒါပေမဲ့ လီမာမှာတော့ ရက်ပိုင်းလောက် ဆက်နေရဦးမယ်။ ဒီအတောအတွင်း သူ့ရဲ့ကျန်းမာရေးအတွက် နောက်ဆက်တွဲစစ်ဆေးမှုတွေ လုပ်ရဦးမယ်။ ပြီးရင်တော့ သူ့နေရပ် လိုရီတိုကို ပြန်လို့ရပါပြီ” ဟု ဆေးရုံမှ ဒေါက်တာ ဂါစီယာ ဘာနဲလ်က ဆိုသည်။
ရိုဂျက်စ်သည် လိုရီတိုပြည်နယ် မြောက်ပိုင်း၊ ဘရာဇီးနှင့် နယ်နိမိတ်အနီးမှ တောတောင်ထူထပ်သော တမ်ရှီယာကူဆိုသည့် မြို့လေးတွင် နေထိုင်သူ ဖြစ်သည်။ ရိုဂျက်စ်သည် သူမ၏အကြိတ်ကြီးနှင့်ပင် ဒုက္ခခံရင်း ဆက်လက်နေထိုင်သွားရန် စဉ်းစားထားသော်လည်း သူမ၏သတင်းကို ကြားသိရသည့်နောက် ကျန်းမာရေးဝန်ကြီး အာနီဘယ်လ် ဗီလက်စ်ကွက်ဇ် ဗယ်လ်ဒီဗီရာက သွားရောက်တွေ့ဆုံကာ ခွဲစိတ်ကုသမှုခံယူရန် တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။
ရိုဂျက်စ်က တိုက်တွန်းမှုကို လက်ခံသည်နှင့် ဝန်ကြီးက သူမကို လီမာသို့ အမြန်ဆုံးပို့ဆောင်ပြီး ဆေးရုံတင်နိုင်ရေးအတွက် ချက်ချင်းလုပ်ဆောင်ရန် အာဏာပိုင်များကို အမိန့်ပေး စေခိုင်းခဲ့သည်။ ထို့ကြောင့် ရိုဂျက်စ်နှင့် သူမ၏မိခင် ကာရီနာ
ရက်စ်မာတို့သည် ယခုလလယ်တွင် လီမာသို့ လေယာဉ်ဖြင့် ရောက်ရှိလာပြီး လိုအပ်သေစစ်ဆေးမှုများ ခံယူကာ အပြီးသတ် ခွဲစိတ်ကုသနိုင်ခဲ့ခြင်း ဖြစ်သည်။
Ref: Daily Mail

Credit : http://www.7daydaily.com/story/58958

No comments:

Subscribe

လာလည်သူများ

free counters