♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

May 6, 2016

" ကမ္ဘာ့အကြီးဆုံး စာရင်းဝင် စိန်ရိုင်းကြီး တစ်တုံးကို လန်ဒန်တွင် လေလံတင် ရောင်းချရန် စီစဉ် "

 
ကမ္ဘာ့အကြီးဆုံး စာရင်းဝင် စိန်ရိုင်းတုံးကြီး တစ်တုံးကို ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့တော်တွင် လေလံတင် ရောင်းချသွားမည်ဟု သိရှိရသည်။
ဘော့ဆွာနာတွင် ၂၀၁၅ ခုနှစ်က တူးဖော်တွေ့ရှိခဲ့သည့် Lesedi la Ronaသည် နှစ်ပေါင်း ၁၀၀ ကျော်မျှ ကာလအတွင်း တူးဖော်ရရှိဖူးသမျှ ကမ္ဘာ့အကြီးဆုံး စိန်ရိုင်းတုံးကြီးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ လာမည့်လတွင် ယင်းကို လန်ဒန်၌ လေလံတင်သွားမည်ဖြစ်ပြီး ဒေါ်လာသန်း ၇၀ မျှ ရရှိရန် နိုင်ငံတကာ လေလံဌာန Sotheby က မျှော်လင့်လျက်ရှိသည်။
Lesedi la Ronaသည် ဘော့ဆွာနာနိုင်ငံမှ ဆာဝါနာတိုင်းရင်းသား လူမျိုးများ၏ ဘာသာစကားအရ “ကျွန်ုပ်တို့၏ အလင်းရောင်”ဟု အဓိပ္ပါယ်ရသည်။ ၁၁၉၀ ကာရက် အလေးချိန်ရှိသည့် စိန်တုံးကြီးကို ဇွန် ၂၉ ရက်တွင် လေလံတင်မည်ဟု နယူးယောက်ရှိ Sotheby ဌာနချုပ်က ကြေညာခဲ့သည်။
Sotheby၏ ကျောက်မျက်ရတနာဆိုင်ရာ အကဲဖြတ် ဌာန ဥက္ကဋ္ဌ ဒေးဗစ်ဘားနတ်က Lesedi la Rona၏ အရွယ်အစားသည် ကျွမ်းကျင်သူများကို တအံ့တဩ ဖြစ်စေခဲ့ကြောင်း ဆိုသည်။ “စိန်ရိုင်းတုံး တစ်တုံးက ဒီလောက်ကြီးမားမယ်ဆိုတာ ယုံဖို့တောင် ခက်တယ်။ တကယ့်ကို ထူးကဲတဲ့ သဘာဝ ရတနာ တစ်ခုပါပဲ”ဟု ၎င်းက မှတ်ချက်ပြုခဲ့သည်။
Lucara စိန်တူးဖော်ရေး ကော်ပိုရေးရှင်းသည် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလတွင် တင်းနစ်ဘောလုံး အရွယ်မျှရှိသည့် အဆိုပါ စိန်တုံးကြီးကို တူးဖော်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ အဆိုပါ စိန်ကြီး၏ သက်တမ်းသည် နှစ်ပေါင်း ၂.၅ ဘီလီယံမှ ၃ ဘီလီယံကြားမျှ ကြာမြင့်ခဲ့ပြီဟု ယုံကြည်ရသည်။ စိန်၏ အရောင်နှင့် ကြည်လင်မှုတို့မှာလည်း ထူးထူးကဲကဲ ကောင်းမွန်ကြောင်း အကဲဖြတ်များက အသိအမှတ် ပြုထားသည်။
Lesedi la Ronaသည် တောင်အာဖရိကတွင် ၁၉၀၅ ခုနှစ်က တူးဖော် တွေ့ရှိခဲ့သည့် Cullinan စိန်ရိုင်းတုံးကြီး၏
အရွယ်အစားလောက် ကြီးမားခြင်းမူ မရှိချေ။ Cullinanသည် စတင်တွေ့ရှိချိန်တွင် ကာရက် ၃၀၀၀ ကျော် အလေးချိန် ရှိခဲ့ပြီး ယခုအခါတွင်မူ သေးငယ်သည့် စိန်ပွင့်လေးများအဖြစ် သွေးထားပြီး ဖြစ်သည်။
Ref: Reuters


Credit : http://www.7daydaily.com/story/64025

No comments:

Subscribe

လာလည်သူများ

free counters