♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

May 7, 2016

" ကြမ်းပိုးရန် ဝေးအောင် အ၀ါဆောင် "

 
စာဖတ်သူသည် ကြမ်းပိုးကိုက်မခံရဖူးသူ၊ ကြမ်းပိုးနဲ့ မကြုံဖူးသူ ဆိုပါက ကမ္ဘာ့ကံ အကောင်းဆုံး လူနည်းစု ထဲတွင်ပါသူ အဖြစ် ယခုပင် ၀မ်းမြောက်လိုက် ပါလေ။

ကံမကောင်းရှာသူ လူများစုကြီးကား ကြမ်းပိုးတွေ ဒုက္ခပေးလွန်း သဖြင့် ခန္ဓာကိုယ် မှာလည်း ဖူးယောင် ဘုထ၊ ကော်ဇောတွေ၊ အိပ်ရာ ခင်းတွေ၊ ထိုင်ခုံတွေ ကြမ်းပိုးသတ်လို့ မနိုင်တော့သဖြင့် အမှိုက်ပုံသွား ပစ်ရသည့် ဘ၀ထိ ရောက်နေကြရ သည်။ မကြာသေးခင်က လေ့လာ တွေ့ရှိထားချက် အရကား ကြမ်းပိုးရန် ကင်းဝေး စေမည့် လမ်းစလေး မြင်လာ ရပြီ။ ဖလော်ရီဒါ တက္ကသိုလ်နှင့် နီဘရာဆကာပြည်နယ် လင်ကွန်းမြို့ရှိ ယူနီယံ ကောလိပ်မှ သုတေသီများ တွေ့ရှိချက် အရကား ကြမ်းပိုးသည် အချို့ အရောင်များကို နှစ်သက်ပြီး အချို့ အရောင်များ ကိုကား မနှစ်သက်ဟု သိရသည်။

သုတေသီတို့သည် ကြမ်းပိုး များကို လင်ဗန်း တစ်ခုထဲတွင် ထည့်ကာ သွားရောက် ခိုလှုံဖို့ အတွက် အရောင် အမျိုးမျိုးဖြင့် လုပ်ထားသည့် စက္ကူအိမ်လေးများ ချပေးထားသည်။ ကြမ်းပိုးကို အခြေအနေ အမျိုးမျိုး အောက်တွင် စမ်းသပ်သည်။ အသက်အရွယ် အလိုက်၊ လိင်ကွဲပြားမှု အလိုက်၊ တစ်ကောင်ချင်း အလိုက်၊ အုပ်စု လိုက် စမ်းသပ်ကြည့် သလို၊ ဗိုက်ဆာနေချိန်၊ ဗိုက်ပြည့်နေချိန်များ တွင်လည်း စမ်းသပ် ကြည့်သည်။

ရလဒ်များကို ကောက်ချက်ဆွဲ ကြည့်သည့် အခါ ကြမ်းပိုးတို့သည် အနီနှင့် အနက်ရောင် စက္ကူတဲလေး များဆီသို့ အများဆုံးသွားရောက်ခို လှုံကြကြောင်း တွေ့ရသည်။ အ၀ါနှင့် အစိမ်းရောင် စက္ကူတဲလေး များသည် ကြမ်းပိုးတို့ အရှောင်ဆုံး ဖြစ်ကြောင်း တွေ့ရသည်။

ကြမ်းပိုးသည် ခိုလှုံဖို့ နေရာကို ရွေးသည့် အခါ အ၀ါ၊ အစိမ်းစသော တောက်ပ ထင်ရှားသည့် နေရာ မျိုးကို ရှောင်ကာ အနီ၊ အနက် စသော မှောင်သည့် အရောင်များကို ပိုရွေးချယ်သည်မှာ သဘာဝကျကြောင်းဖြင့် သုတေသီတို့က ဆိုသည်။

ယခု တွေ့ရှိချက်ကြောင့် ကြမ်းပိုးရန် ကင်းဝေးလိုလျှင် အ၀ါ၊ အစိမ်း စသော တောက်ပသည့် အရောင် များဖြင့် အိပ်ယာခင်၊
ထိုင်ခုံ စသည်တို့ကို ဆင်မြန်းထား သင့်ကြောင့်ဖြင့် သုတေသီတို့က အကြံပြု ထားသည်။ သို့သော် ယခု တွေ့ရှိချက်သည် အခါခပ်သိမ်း မှန်ကန်မည်ဟု တစ်ထစ်ချ မှတ်ယူရန်တော့ မသင့်ဟုလည်း သုတေသီတို့က သတိပေး ထားသည်။ လေ့လာ တွေ့ရှိချက် အပြည့်အစုံကို Medical Entomology ဂျာနယ်တွင် ထည့်သွင်း ဖော်ပြထားသည်။

Source: Daily Mail

Credit : http://www.searchmyanmar.com/link/comment/cid/58026/domain/messengernewsjournal.com

No comments:

Subscribe

လာလည်သူများ

free counters