♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

May 3, 2016

" လိုင်စင်မလိုတဲ့သူ ... "

 
ဟယ်ရီဟာ သူ့ရဲ့ ခြံဝင်းထဲမှာ အလုပ်လုပ်နေစဉ် ခေတ်ဟောင်းကားတစ်စီးဟာ သူ့ခြံစည်းရိုးကို
ဖြတ်တိုက်လာပြီးတဲ့နောက်မှာ ကားရပ်သွားပါတော့တယ်။
ကားနားဆီ အပြေးကလေးသွားပြီး ကူညီတဲ့အခါ ကားမောင်းသူက အသက်တော်တော်ကြီးနေတဲ့
အဘွားတစ်ဦးဖြစ်နေတာကို တွေ့လိုက်ပါတယ်။
အဘွားအိုကို ကားထဲကနေ ဆွဲထုတ်လိုက်ပြီး "အဘွား အနေနဲ့ ကားမောင်းဖို့ဆိုရင် တော်တော်လေး
အသက်ကြီးနေပြီထင်တယ်"လို့ ပြောလိုက်ပါတယ်။
"အေး.. ဟုတ်တယ်ကွ"လို့ အဘွားက ဂုဏ်ယူတဲ့လေသံနဲ့ ပြန်ပြောလိုက်ပြီး "နောက်လဆို ၉၇ နှစ်
ရှိပြီလေ"လို့ ဆိုလိုက်ပါတယ်။
"ခုဆိုရင် ငါက ယာဉ်မောင်းလိုင်စင်တောင် မလိုတော့တဲ့ အသက်အရွယ်ရောက်နေပြီပေါ့ကွာ"
လို့လည်း ဆိုလိုက်ပြန်ပါတယ်။
"ဘယ်လိုလဲဗျ" လို့ ဟယ်ရီက ပြန်မေးလိုက်တဲ့အခါ အဘွားအိုပြန်ပြောလိုက်တာ
"နောက်ဆုံးအကြိမ် ဆေးခန်းသွားပြတုန်းက ဆရာဝန်က စစ်ဆေးတာတွေ လုပ်ပြီးတာနဲ့ ငါ့မှာ
ယာဉ်မောင်းလိုင်စင်ရှိရင် သူ့ကို ပေးလို့ပြောတယ်။ ငါက ရှိတယ်လို့ပြောပြီး သူ့ကို
လိုင်စင်ပေးလိုက်တော့ ယူပြီးကတ်ကြေးနဲ့ ညှပ်ပစ်လိုက်တယ်။ ပြီးတော့ အမှိုက်ပုံးထဲ
ပစ်ထည့်လိုက်တာပဲ။ ငါ့ကိုလည်း ပြောသေးတယ်။ 'အဘွား.. ခုချိန်ကစပြီး ဒီလိုင်စင်ကို
မလိုတော့ဘူးတဲ့။' ငါလည်း သူ့ကိုကျေးဇူးတင်စကားဆိုပြီး ဆေးခန်းကနေ ပြန်လာခဲ့တယ်။"

Credit : http://myanmar.mmtimes.com/index.php/timeout/tea-break/18664-2016-04-20-04-42-11.html

No comments:

Subscribe

လာလည်သူများ

free counters