♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

May 4, 2016

" ကျည်ထိုးထားသောသေနတ်ဖြင့် ဆယ်ဖီရိုက်ရန် ပို့စ်ပေးရင်း ခလုတ်နှိပ်မိ၍ အိန္ဒိယဆယ်ကျော်သက်လူငယ် သေဆုံး "

ကျည်ထိုးထားသောသေနတ်ဖြင့် ဆယ်ဖီရိုက်ရန် ပို့စ်ပေးရင်း ခလုတ်နှိပ်မိ၍ အိန္ဒိယဆယ်ကျော်သက်လူငယ် သေဆုံး
Fox News
နယူးဒေလီ၊ မေ-၃
ဆယ်ကျော်သက်တစ်ယောက်မှာ ကျည်ထိုးထားသော သေနတ်ဖြင့် ဆယ်ဖီရိုက်ရန် ပို့စ်ပေးနေစဉ်အတွင်း မတော်တဆ သူ့ကိုယ်သူ ပစ်ခတ်မိသွားသောကြောင့် သေဆုံးသွားခဲ့သည်ဟု အိန္ဒိယမြောက်ပိုင်းမှ ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ပန်ဂျပ်ပြည်နယ် ပတ်သန်ကော့မြို့မှ နေအိမ်တွင် ၁၅နှစ်အရွယ် ရာမန်ဒီ ဆင်းမှာ စမတ်ဖုန်းနှင့် ဓာတ်ပုံရိုက်နေစဉ် သေနတ်မောင်းခလုတ်ကို ဆွဲမိသွားခြင်းဖြစ်သည်ဟု စုံစမ်းစစ်ဆေးရေးမှူး ဘာရတ် ဘူရှန်က ပြောကြားခဲ့သည်။
ထိုဆယ်ကျော်သက်လူငယ်မှာ ဦးခေါင်းဒဏ်ရာနှင့်ပင် ဆေးရုံတွင် သေဆုံးသွားခဲသည်ဟု
ဆိုသည်။ သေနတ်မှာမူ ဆောက်လုပ်ရေးကန်ထရိုက်တာတစ်ဦးဖြစ်သည့် ဖခင်ဖြစ်သူ ပိုင်ဆိုင်သည့် သေနတ်ဖြစ်သည်ဟု ဆိုသည်။
အိန္ဒိယနိုင်ငံမှာ ကိုယ့်ဓာတ်ပုံကိုယ်ရိုက်ရင်း သေဆုံးသည့် အရေအတွက်  အမြင့်မားဆုံးဖြစ်ပြီး ၂၀၁၄ခုနှစ်ကတည်းက ဆယ်ဖီနှင့် ဆက်နွယ်သည့် သေဆုံးမှု ၄၉ခုတွင် ၁၉ခုမှာ အိန္ဒိယတွင် ဖြစ်ပွားခဲ့ခြင်းပင်ဖြစ်သည်။

AM

Credit : http://myanmar.china.com/news/international/10342/20160503/630076.html

No comments:

Subscribe

လာလည်သူများ

free counters