♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

May 7, 2016

" သင့်ကလေး ကြို့ထိုးနေတယ်ဆိုရင် ဒါကို ဘယ်လို ရပ်သွားအောင် လုပ်ရမလဲ "

 
ကြို့ထိုးတာကို လူကြီးရော၊ ကလေးပါ ခံစားရပါတယ်။ တစ်ချက် ဒါမှမဟုတ် နှစ်ချက် ကြို့ထိုးလို့ ရပ်တန့်သွားရင်တော့ ရယ်စရာ တစ်ခုလိုဖြစ်ပေမဲ့ အကြာကြီးထိုးတဲ့အခါ ကလေးကို မောပန်းစေတဲ့အပြင် စိတ်ဆိုးစိတ်ကောက်ဖြစ်စေပါတယ်။

ကြို့ထိုးတာဟာ သာမန်အားဖြင့်ကြွက်သားအကြောဆွဲခြင်းကြောင်း ဖြစ်ပေါ်ပါတယ်။ ကြွက်သားများ အကြောဆွဲခြင်းဟာ လေပြွန်မှ လာတဲ့လေကို တားဆီးပေးတဲ့ ကြွက်သားအစိုင်မှာ ဖြစ်ပေါ်တတ်ပါတယ်။ ဒါကြောင်း အသက်ရှူလိုက်တိုင်း ကြွက်သားအကြောဆွဲမှုဖြစ်ပေါ်တဲ့ ရင်ဝမ်းခြားကြွက်သားကို ဖြတ်သွားတာကြောင်း ကြို့ထိုးမှု ဖြစ်စေပါတယ်။

လူကြီးများကြို့ထိုးနေပါက ခဏတာ အသက်အောင့်ထားခြင်းဖြင့် ဒါမှမဟုတ် ခြောက်လှန့်လိုက်ခြင်းဖြင့် ကြို့ထိုးခြင်း ပျောက်ကင်းသွားပါတယ်။ ကလေးတွေအတွက် ဆိုရင်တော့ တကယ်ကို ခက်ခဲပါတယ်။ ဒါပေမဲ့ မစိုးရိမ်ပါနဲ့။ အနာသိရင် ဆေးရှိတာပေါ့ဗျာ။ ကလေးတွေရဲ့ကြို့ထိုးမှုကို ပျောက်ကင်းစေတဲ့
နည်းလမ်းအများအပြားရှိပါတယ်။ အောက်ပါတို့ကို သုံးကြည့်ပါ။

ရေ တိုက်ပါ

ကလေးအတွက်ကတော့ မိခင်နို့တိုက်ကျွေးပါ။ ကြို့ထိုးတာမပျောက်ပါက နို့တိုက်ကျွေးနေတဲ့ ကိုယ်အနေအထားပြောင်းတိုက်ပါ။

လေတက်အောင် လုပ်ပါ

ကြို့ထိုးခြင်းဟာ လေတက်ရင်လည်း ပျောက်ကင်းစေပါတယ်။ လေတက်ရန် လုပ်ဆောင်ရမဲ့နည်းလမ်းမှာ ပွေ့ဖက်ပြီး ကလေးကျောကို လက်နှင့်အသာပုတ်ပါ။ အဲလိုလုပ်ပေးလိုက်တာနဲ အစာအိမ်အချဉ်ဓါတ်ငွေ့ပေါက်ကွဲပြီး ကြို့ထိုးတာပျောက်ကင်းစေပါတယ်။

ကျောကို အသာနှိပ်နယ်ပေးပါ

ကလေးကျောကို ဖြေးညှင်းစွာနှိပ်နယ်ပေးပါက ကလေးကို စိတ်ငြိမ်စေပါတယ်။ ကြို့ထိုးတိုင်း ကြို့ထိုးတိုင်း ကလေးအသက်ရှူမကျပ်အောင် ကလေး၏ကျောကို ညင်သာစွာပွတ်ပေးပါ။

အစာကျွေးပါ

ကလေးကို အစာကျွေးတာလည်း ကြို့ထိုးတာ သက်သာပျောက်ကင်းစေပါတယ်။ တစ်ခါတစ်ရံ အစာအိမ်ပြဿနာကြောင်းလည်း ကြို့ထိုးမှု ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ မိနစ်အနည်းငယ် အစာကျွေးလို့လည်း ကြို့ထိုးမှုမပျောက်ပါက ရပ်တန့်ပေးပါ။

Ref:articlesofhealthcare

Credit - Trend Myanmar 

Credit : http://www.searchmyanmar.com/link/comment/cid/58002/domain/trend.com.mm 

No comments:

Subscribe

လာလည်သူများ

free counters