♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

May 2, 2016

" မျက်နှာတစ်ခုလုံး အစားထိုး ကုသခံခဲ့ရသူ "

 
ကားမတော်တဆမှုတစ်ခုဖြစ်ပြီးနောက်ပိုင်းမှာ မျက်နှာတစ်ခုလုံး ပျက်စီးခဲ့တဲ့ Mitchell Hunterက ခွဲစိတ်မှုခံယူ
အပြီးမှာတော့ သူ့ရဲ့မျက်နှာဟာ အရင်ကထက်ပိုမိုပြီး ကြည့်ကောင်းသွားပြီဖြစ်ပါတယ်။ သူ့အနေနဲ့ မျက်နှာအသစ်
တစ်ခု ရရှိခဲ့သလို ခံစားရကြောင်းလည်း ဆိုခဲ့ပါတယ်။

အဆိုပါ ကားမတော်တဆမှုဟာ ၂၀၀၁ ခုနှစ်ကဖြစ်ခဲ့တာဖြစ်ပြီး သူရဲ့မျက်နှာတစ်ခုလုံးဆုံးရှုံးသွားခဲ့ပါတယ်။ ခြေ
ထောက်တစ်ဘက်လည်း ဆုံးရှုံးသွားခဲ့ပါတယ်။ ၂၀၁၁ခုနှစ်မှာတော့ ၁၄နာရီအကြာခွဲစိတ်ခဲ့ပြီး အမေရိကန်နိုင်ငံရဲ့
ဒုတိယမြောက်မျက်နှာတစ်ခုလုံး အစားထိုးခွဲစိတ်သူဖြစ်လာခဲ့ပါတယ်။ မျက်ခွံ၊ နှာခေါင်း၊ စတာတွေ ပြန်တပ်ပေးခဲ့
ပါတယ်။

အခု၅နှစ်အကြာမှာတော့ Mitchellဟာ ပုံမှန်ဘဝလေးတစ်ခုပြန်ရနေပြီး ထိုခွဲစိတ်မှုဟာ သူ့ဘဝကိုပြောင်းလဲစေခဲ့
ကြောင်း ဆိုခဲ့ပါတယ်။ စစ်သားဟောင်းတစ်ဦးဖြစ်သူ အသက်၃၅နှစ်အရွယ် Mitchellက “ကျွန်တော် ၂၁နှစ်သား
အရွယ် ပြန်ေ၇ာက်သွားသလို ခံစားရပါတယ်။ အပြင်ထွက်ရတာ ပိုလွယ်လာပါတယ်။ ဟိုအရင်ကလိုလူတွေက
ကျွန်တော့်ကို ဝိုင်းမကြည့်တော့ပါဘူး

သူ့ရဲ့မျက်နှာမှာ အာရုံကြောတွေဟာလည်း ပြန်အလုပ်လုပ်နေပြီဖြစ်ပါတယ်။ သူဟာ ၂၀၀၁ခုနှစ်က သူငယ်ချင်းရဲ့

ကားကိုမောင်းနေရင်း Electric Voltageလွှဲတဲ့နေရာကို ဝင်တိုက်မိပြီး 10,000 သောဗို့အားက သူရဲ့ခြေထောက်
နဲ့ မျက်နှာတစ်ခုလုံးကိုဖျက်ဆီးလိုက်ပါတယ်။

သူဟာ ခွဲစိတ်မှု အကြိမ် ၂၀လောက်ပြုလုပ်ခဲ့ပေမယ့် ကလေးတွေကတော့ သူ့ကိုမြင်တိုင်းအော်ပြေးခဲ့ပါတယ်။
“ကလေးတွေက ကျွန်တော့်ကိုတွေ့ရင် သူတို့အမေနောက်ကိုကွယ်နေတတ်ပါတယ်။ သူတို့က ကျွန်တော့်ကိုအရမ်း
ကြေက်ခဲ့ပါတယ်။ ကျွန်တော့်မိန်းမကလေးရချိန်မှာ ကျွန်တော်ဒီခွဲစိတ်မှုကိုခံယူခဲ့တာပါ”လို့ဆိုခဲ့ပါတယ်။

Source: metro
http://www.shwemom.com/incredible-recovery-of-man-who-had-full-face-transplant/

Credit : http://themeltingpot4u.blogspot.co.uk/2016/04/blog-post_20.html

No comments:

Subscribe

လာလည်သူများ

free counters