♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

May 2, 2016

" ခရမ်းချဉ်သီးနဲ့ အာလူး ၂ မျိုးလုံး ပေါက်ဖွားနိုင်မယ့် အပင်တစ်မျိုးကို ဗြိတိန်နိုင်ငံမှာ ထုတ်လုပ် "


ခရမ်းချဉ်သီး နဲ့ အာလူးတွေ တစ်ပြိုင်နက် ရှင်သန်ပေါက်ဖွားနိုင်မယ့် အပင်တစ်မျိုးကို ဗြိတိန်နိုင်ငံမှာ ပထမဆုံး အကြိမ် ထုတ်လုပ်ခဲ့တယ်လို့ သိရပါတယ်။ “Ketchup and Chips Tree” လို့ အမည်ပေးထားတဲ့ ထို အပင်တွေဟာ အနည်းငယ်သာ ကျယ်ဝန်းတဲ့ မြေနေရာ ပိုင်ဆိုင်သူ မိသားစု တွေနဲ့ တိုက်ခန်းတွေမှာ နေထိုင်သူတွေအတွက် ရည်ရွယ် ထုတ်လုပ် ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ထို စပ်ပေါင်း မျိုးစေ့ကို ဖန်တီးခဲ့သူတွေကတော့ Ipswich မြို့အခြေစိုက် ဥယျာဉ်ခြံမြေ လုပ်ငန်း ဖြစ်တဲ့ Thompson and Morgan ဆိုတဲ့ လုပ်ငန်းက ပညာရှင်တွေဖြစ်ပြီး ထိုအပင်တွေကို Morrisons ဆိုတဲ့ ပျိုးပင် အရောင်းဆိုင်တွေမှာ ရောင်းချနိုင်ဖို့အတွက် နယ်သာလန်နိုင်ငံမှာ စိုက်ပျိုးထားတယ်လို့ သိရပါတယ်။ ထို အပင်တွေဟာ တစ်မီတာ အထိ မြင့်မားအောင် စိုက်ပျိုးနိုင်ပြီး ခရမ်းချဉ်သီးတွေကတော့ အပင်ရဲ့  ထိပ်မှာ ပေါက်ဖွားလာမှာ ဖြစ်ပြီး
အာလူးတွေကတော့ အပင်ရဲ့ အောက်ခြေမှာ ပေါက်ဖွားလာမှာ ဖြစ်ပါတယ်။

ထို စပ်ပေါင်း အပင်တွေရဲ့  ဈေးနှုန်းကတော့ တစ်ပင်ကို စတာလင်ပေါင် ၅ ပေါင် ကျသင့်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Ref:mirror.co.uk


Credit : http://www.trend.com.mm/2016/04/25/news-9333

No comments:

Subscribe

လာလည်သူများ

free counters