♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

May 7, 2016

" ယူသင့်သောမိန်းမ (၁၀) မျိုးနှင့် ယူသင့်သော ယောက်ျား (၁၀)မျိုး "

 
၁. အနာရောဂါကင်းရှင်းပြီး အနေအထိုင်သိမ်မွေ့သန့်ရှင်းသော မိန်းမ။ အနာရောဂါကင်းရှင်းပြီး အနေအထိုင်ယဉ်ကျေးသော
ယောက်ျား။

၂. မိဘအား ပြုစုလုပ်ကျွေးလိုစိတ်ရှိပြီး ကိုယ့်ထက်အကြီးများအား လေးစားစွာ ဆက်ဆံတတ်ပြီး ကိုယ့်ထက် အငယ်များအား အရာရာနားလည်ထိန်းကျောင်းပေးတတ်သော မိန်းမ နှင့် ယောက်ျား။

၃. ပုံမှန်အားဖြင့် ယောကျာ်းဆို စိတ်မ၀င်စားတတ်.. ကိုယ်နဲ့တွေ့မှ အိမ်ထောင်ပြုခြင်း လက်ထပ်ခြင်းအမှုကို စဉ်းစားဖြစ်သော မိန်းမ။  ပုံမှန်အားဖြင့် မိန်းမ ဆို စိတ်မ၀င်စားတတ်.. ကိုယ်နဲ့တွေ့မှအိမ်ထောင်ပြုခြင်း လက်ထပ်ခြင်းအမှုကို စဉ်းစားဖြစ်
သော  ယောက်ျား။

၎. အရာရာကို လွယ်လွယ်မယုံ ဥာဏ်နဲ့ယှဉ်ကာ ဆုံးဖြတ်လုပ်ကိုင်တတ်သော မိန်းမ နှင့် ယောက်ျား။
ထိုအသိဥာဏ်အတွေ့အကြုံ လောကအမြင်များကိုလဲ သားသမီးများအား သွန်သင် လမ်းညွှန်ပြနိုင်သော မိန်းမနှင့် သားသမီးနှင့် ဇနီးတို့ကို အစစအရာရာ ထိန်းကျောင်းဦးစီးမှုပြုနိုင်သော ယောက်ျား။

၅. ဟိုးအောက်ဆုံးအဆင့်ကနေ ..ဟိုးအမြင့်ဆုံးအထိ ..ယောကျာ်းဖြစ်သူရဲ့ အလုပ်အကိုင် အဆင့်အတန်း ရာထူးဂုဏ်ရှိန်ဝါနဲ့ အညီ လိုက်လျောညီစွာနေထိုင် ပြုမူတတ်ပြီး .. ဘယ်ဘ၀ရောက်ရောက် ပေါင်းသင်းမည့် မိန်းမ။ ဟိုး အောက်ခြေ ဘဝ ဘယ်
လိုပဲ ဆင်းရဲနှိမ့်ကျနှိမ့်ကျ ဘယ်လိုပဲ ရုပ်အကျည်းတန်ပါစေ မိန်းမကို အကြင်နာပေးဂရုစိုက်တတ်ပြီး သိက္ခာပေးဆက်ဆံတတ်
တဲ့ ယောက်ျား...ချမ်းသာသူမိန်းမပင် ဖြစ်ပါစေ အကြင်နာထားကာ သိက္ခာတွေ ပေးပြီး အနေအထိုင်မတတ်လျှင် သူဌေးသမီး
မိမိဇနီးကိုပင် ပဲ့ပြင် ဆုံးမတတ်သော ယောက်ျား။

၆. မာန်မာန မတက်.. ကြွားဝါးလိုခြင်း အလျဉ်းမရှိ.. ရိုးသားဖြူစင်စွာ နေတတ်သော မိန်းမနှင့် ယောက်ျား။

၇. အချက်အပြုတ် အိမ်သန့်ရှင်းရေး .. မိသားစု ငွေကြေးကို စီမံခန့်ခွဲနိုင်မှု သားသမီးများအား ကြင်နာယူစွာ အုပ်ထိန်းနိုင်မှု .. စသဖြင့် အခြေခံ မယားဝတ်တရားများအား ကျေပွန်စွာ ထမ်းဆောင်နိုင်သော မိန်းမ။ အိမ်ပြင်ထွက် ငွေရှာကာ ရလာသော
ငွေထုပ်အား ဇနီးလက်အပ်ကာ အသုံးအဖြုန်းလဲမရှိ၊ အကစားလဲမမက်၊ အသောက်အစားလဲကင်းကာ အားလပ်ရက်များတွင်

မီးဖိုချောင်ဝင်ကာ တလှည့်ချက်ပြုတ်တတ်ပြီး ဇနီးနှင့် သားသမီးများကို မိသားစု အချိန်ပေးတတ်သည့် ယောက်ျား။

၈. ဘုရား တရား သံဃာ ဘာသာတရား ကိုင်းရှိုင်းသော မိန်းမနှင့် ယောက်ျား။

၉. အကျိုးမရှိသော စိတ်ပျော်ရွှင်မှုသက်သက် .. အိမ်အလည်အပတ်များခြင်း အင်တာနက်တွင် အလေလိုက်ခြင်း .. အချစ်ဝတ္ထုတွေ ဖတ်ခြင်း ..ရုပ်ရှင်ကားတွေထိုင်ကြည့်ခြင်း… စသည်တို့တွင် လိုတာထက်ပို၍စိတ်ပါဝင်စားမှု မရှိသော
မိန်းမ။ ဂိမ်းကစားခြင်း၊ ဖေ့စ်ဘွခ်တွင် ဖွန်ကြောင်ခြင်း၊ အနှိပ်ခန်းလားခြင်း၊ သူငယ်ချင်းများနှင့် အချိန်ကုန်ကာ ဇနီးဇနီးမှန်း
မသိ၊ သား..သားသမီးမှန်းမသိ အလေလိုက်၊  အယားဖြေ၊ အညှောင့်တက်၊ အတောင်ဆူး၊ အနေမသာ၊ အထိုင် မညီ၊ "မ"
မြင်လျှင် ရွပိုးနာကိုက်၊ ဘီယာအိုးထဲ စောက်ထိုးကျ၊ တနေကုန် အပြင်လည်၊ အိမ်လာလျှင် အနှိပ်ခံ၊ အနင်းခံရုံသာမက အပြင်
တွင် အပိုစားပြီး ဇနီးသည် အိပ်ယာဆာသောအခါ ဇနီးအလိုမလိုက်ပဲ အိပ်ယာမကျွေးနိုင်သောအကျင့်ဆိုးတို့နှင့် ကင်းရှင်း
သော သူတော်ကောင်း ယောက်ျား။

၁၀. ကိုယ်တစ်ဦးတည်းသာ အရမ်းချစ်သော မိန်းမနှင့် ယောက်ျား။

Credit: ဆရာကြယ်

Credit : http://www.searchmyanmar.com/link/comment/cid/55137/domain/myanmarlatestnews.com

No comments:

Subscribe

လာလည်သူများ

free counters