♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
May 6, 2016
" အိမ်ထောင်သည်အမျိုးသမီးများ မိမိယောကျာ်းကိုအနားမှမခွာစေချင်လျှင် "
 အိမ်ထောင်သည်အမျိုးသမီးများ မိမိယောကျာ်းကိုအနားမှမခွာစေချင်လျှင်
အချို့​သောအိမ်​​ထောင်​သည်​အမျိုးသမီးများသည်​ အိမ်​​ထောင်​ကျပြီးသည့်​​နောက်​ မိမိကိုယ်​ကိုဂရုမစိုက်​ခြင်း၊ အလှပြင်​ရန်​မလိုအပ်​ဟုထင်​ခြင်း၊ သားသမီးကိစ္စများပြားခြင်း စသည့်​အချက်​​တွေ​ကြောင့်​ အသားအရည်​မှာပျက်​စီးခြင်းမသိပျက်​စီးလာကြရသည်​။ တစ်​ခါတစ်​ရံ အလှပြင်​​သောအချိန်​တွင်​မိတ်​ကပ်​အသား​ပေါ်တွင်​မစွဲခြင်း၊ မိတ်​ကပ်​လိမ်း​သော်​လည်း အသားအ​ရောင်​မတူညီကွဲပြားခြင်း​၊ မျက်​နှာ​ပေါ်တွင်​ တင်းတိတ်​ မှဲ့​ခြောက်​များထွက်​​ပေါ်လာခြင်း စတဲ့အချက်​တွေလည်း​တွေ့ကြုံခံစားကြရလိမ်​မယ်​လို့ထင်​ပါတယ်​။ အလှပြင်​ဆိုင်​ Beauty SPA စသည်​တို့ကို ပုံမှန်​သွားဖို့အချိန်​မ​ပေးနိုင်​သူများ မိမိကိုယ်​တိုင်​​နေ့စဉ်​လုပ်​​ဆောင်​​နေကျ အ​နေအထိုင်​အပြုအမူများကို ဂရုစိုက်ခြင်းဖြင့် မိမိပင်​ကိုယ်​အလှများပြန်​လည်​ရရှိလာ​အောင်​ ကြိုးစားလိုက်​ကြရ​အောင်​။
 ၁။ ​နေ​ရောင်​ခြည်​ဒဏ်​ကို​ကောင်းစွာကာကွယ်​ခြင်းမရှိခြင်း
 ၂။ မျက်​နှာပုံမှန်​​ပေါင်​မတင်​ခြင်း
  မျက်​နှာပြင်​​ပေါ်ရှိဆဲလ်​​သေများစုပုံလာပါက မျက်​နှာအိုစာလာတာကို​တွေ့ရှိရပါတယ်​။ မျက်​နှာကို တစ်​ပတ်​နှစ်​ကြိမ်​ခန့်​ပေါင်းတင်​​ပေးခြင်းဖြင့် မျက်​နှာပြင်​​ပေါ်ရှိ အဆိပ်​များနှင့်ဆဲလ်​​သေလွှာများကို ခွာချသင့်ပါတယ်​။ ဒါမှသာလှင်​မျက်​နှာ​ပေါ်ရှိ ဆဲလ်​​သေလွှာနှင့်အဆိပ်​မရှိ​တော့မှသာလျှင်​ မိမိလိမ်းလိုက်​​သော အသားအ​ရေထိန်းပစ္စည်းများကို အ​ရေးပြားမှ​ကောင်းစွာစုတ်​ယူနိုင်​မှာပါ။ (​နောက်​တစ်​ပတ်​တွင်​ မျက်​နှာအဆိပ်​နှင့်​ဆဲလ်​​သေများကိုခွာချ​ပေးနိုင်​​သော ​ပေါင်းတင်​နည်းတင်​ပြ​ပေးပါမယ်​။)
 ၃။ မျက်​နှာသန့်စင်​ခြင်းကို​ကောင်းစွာမလုပ်​ခြင်း
 မြို့တွင်းရှိ​လေထုမှာ တစ်​​နေ့ထက်​တစ်​​နေ့ညစ်​ညမ်းမှုဖြစ်​​နေပြီး ထိုအညစ်​အ​ကြေးများမှာ မျက်​နှာအ​ရေပြားကိုလည်းအဆိပ်​သင့်​​စေပါတယ်​။ မျက်​နှာအဆီပြန်​တာ မျက်​နှာဝက်​ခြံ​ပေါက်​တာ မျက်​နှာညိုညစ်​ညစ်​ဖြစ်​တာ​တွေဟာ ခရမ်းလွန်​​ရောင်​ခြည်​​ကြောင့်​သာမဟုတ်​ပဲ ​လေထုညစ်​ညမ်းခြင်းဆိုတာလည်း အ​ကြောင်းတစ်​ချက်​ပဲ​လေ။ ဒါ​ကြောင့်
မျက်​နှာကို အပြင်​သွားပြီးပြန်​လာတာနှင့်​ မျက်​နှာသစ်​ဆပ်​ပြာ Facial foam အသုံးပြုပြီး တစ်​မိနစ်​ခန့်​​သေခြာ​ဆေးသင့်​ပါတယ်​။ Facial foam ကိုလည်းတစ်​​နေ့ ၃ကြိမ်​ထက်​ပိုမသုံးသင့်​ပါဘူး။
၎။ ရက်​ရှည်​ အိပ်​​ရေးပျက်​ခြင်း အနားယူချိန်​မမှန်​ခြင်း
 ရက်​ရှည်​အိပ်​​ရေးပျက်​ခြင်း(အချို့အလုပ်​ကိစ္စ​ကြောင့်​မအိပ်​ပဲအလုပ်​လုပ်​ခြင်း) ဟာ အသားအ​ရေကိုထိခိုက်​​စေနိုင်​​သော​နောက်​ထပ်​အ​ကြောင်းအရာတစ်​ခုပဲဖြစ်​ပါတယ်​။ လုံ​လောက်​​သောအိပ်​ချိန်​မရရှိ​တဲ့အတွက်​ အသည်းနှင့်​သည်း​ခြေ၏ဇီဝကမ္မဖြစ်​စဉ်​ကိုထိခိုက်​​​စေသော​ကြောင့် မျက်​နှာ​ပေါ်မှာ ဝက်​ခြံ၊ တင်းတိပ်​နှင့်​အမည်းစက်​များဖြစ်​လာပါတယ်​။
 ၅။ ဝမ်းချုပ်​ခြင်း
 ခန္ဓာကိုယ်​အတွင်းရှိ အညစ်​အ​ကြေးများကိုအပြင်​သို့​ကောင်းစွညစွန့်​ထုတ်​နိုင်​ဖို့သိပ်​ကိုအ​ရေးကြီးပါတယ်​။ အ​ရေပြားကသာမန်​ဆိုရင်​ ကြည်​လင်​လှပပါတယ်​။ ဒါ​ပေမယ့်​ လူ​တွေဝမ်းချုပ်​တာကခန္ဓာကိုယ်​တွင်းရှိ ဇီဝကမ္မဖြစ်​စဉ်​ကို ရှုပ်​​ထွေး​စေပြီး အညစ်​အ​ကြေးများ ခန္ဓာကိုယ်​ပြင်​ပသို့ မထွက်​သည့်​အတွက်​ အဆိပ်​အ​တောက်​ဖြစ်​​စေကာ အ​ရေပြားကိုထိခိုက်​​စေခြင်းအ​ကြောင်းတစ်​ရပ်​ပါပဲ။ ထို့အတူ အသက်​အရွယ်​ရလာတာနဲအမျှ အစာအိမ်​နှင့်​အူလမ်း​ကြောင်း အလုပ်​လုပ်​ပုံမှာ အသက်​အရွယ်​ငယ်​စဉ်​ကလို မြန်​ဆန်​ခြင်းမရှိသည့်​အတွက် ဝမ်းချုပ်​ခြင်း​တွေဖြစ်​​ပေါ်နိုင်​ပါတယ်​။ အသက်​အရွယ်​ရလာရင်​​တော့ အစာအာဟာရကို မျှတ​အောင်​သာ စားသုံးသင့်ပါတယ်​။
 ၆။ ​သွေးလှည့်ပတ်​မှုစနစ်​မ​ကောင်းမွန်​ခြင်း
 အမျိုးသမီးများမှာ ​သွေးလှည်​ပတ်​မှုစနစ်​​ ကောင်းမွန်​ရန်​လိုအပ်​ပါတယ်​။ ​သွေးလှည်​ပတ်​မှုစနစ်​ မ​ကောင်းမွန်​ပါကလည်း အသည်းကိုတိုက်​ရိုက်​ထိခိုက်​ပြီး ​သွေးခုန်​နှုန်းကိုပါထိခိုက်​နိုင်​ပါတယ်​။ အသည်းကိုထိခိုက်​ပါက မျက်​နှာကို​သွေး​ရောက်​ရှိမှုမမှန်​ကန်​ဖြစ်​ကာ အသားအ​ရောင်းကိုမှိန်​​စေပါတယ်​။
 အထက်​ပါ အချက်​​တွေက ကိုယ့်ရဲ့မျက်​နှာအလှကို တိုက်​ရိုက်​ထိခိုက်​​နေတဲ့ အဓိကအ​ကြောင်းအချက်​​တွေပဲဖြစ်​ပါတယ်​။ ဒီအချက်​​လေး​တွေကို​လေ့လာပြီး ကိုယ်​တတ်​နိုင်​သ​လောက်​သတိထားပြုပြင်​သွားမယ်​ဆိုရင်​​တော့ ကိုယ့်ချစ်​သူ​ယောကျာ်းက​တော့ ကိုယ်​အနားကဘယ်​​တော့မှခွာ​တော့မှာမဟုတ်​ဘူး​ပါဘူး​နော်​။ ​နောက်​အခါအခွင်​သင့်ရင်​ အထက်​ပါအချက်​​တွေထဲက အချို့အ​ကြောင်းအရာ​တွေကို အကျယ်​​ရေး​ပေးပါဦးမယ်​။ မိမိတို့အဓိကသိချင်​တဲ့ အ​ကြောင်းအရာကို commentမှာ​ရေး​ပေးသွား​နော်​။ commentမှာ ​တောင်းဆိုသွားတဲ့အချက်​များကိုဦးစား​ပေး​တင်​ပြ​ပေးမှာပါ။ ​ကျေးဇူးတင်​ပါတယ်​။ ​နောက်​တစ်​ပတ်​မှ​တွေ့ကြမယ်​​နော်​။ ဘိုင့်ဘိုင် :D :D :D
Credit : http://myanmar.china.com/culture/3313/20150704/410775.html
No comments:
Subscribe
လာလည်သူများ
free counters