♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

May 1, 2016

" ဗီယက်နမ်သတို့သမီး ၁၄ ဦးကို ၀ယ်သူခဲ့သူ တရုတ်နိုင်ငံသားအား ဖမ်းဆီး "

 
တရုတ်နိုင်ငံ၊ အန်ဟွီးခရိုင်မှ အမျိုးသားတဦးဟာ ဗီယက်နမ်နိုင်ငံသူ အမျိုးသမီး ၁၄ ဦးကို သတို့သမီးအဖြစ် ၀ယ်ယူခဲ့ပြီးနောက်မှာ ၁၃ ဦးကို တခြားအမျိုးသားတွေဆီ ပြန်လည်ရောင်းချခဲ့တဲ့အတွက် ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

လက်ရှိမှာတော့ အဆိုပါအမျိုးသမီးတွေထဲမှ ၁၀ ဦးကို ရဲတွေက ထိန်းသိမ်းထားတယ်လို့ Ahscb.com သတင်းမှာ ဧပြီ ၂၈ ရက်က ဖော်ပြပါတယ်။

ဒါတွေအားလုံးရဲ့အစဟာ ၂၀၀၁ ခုနှစ်မှာ စတင်ခဲ့တာပါ။

ဇန်လို့အမည်ရတဲ့ အမျိုးသားဟာ မသန်စွမ်းတဦးဖြစ်ပြီး သူ့အနေနဲ့ အိမ်ထောင်မကျနိုင်တော့ဘူးလို့ စိတ်ဓာတ်ကျနေချိန်မှာ ယူနန်ခရိုင်မှ သူ့သူငယ်ချင်းတဦးက ဗီယက်နမ်မှ အမျိုးသမီးတွေကို သတို့သမီးအဖြစ် ၀ယ်လို့ရကြောင်း ပြောခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက်မှာတော့ ဇန်ဟာ ယူနန်ကို လိုက်သွားခဲ့ကာ ဗီယက်နမ်အမျိုးသမီးတဦးကို ၀ယ်ယူကာ လက်ထပ်ပေါင်းသင်းခဲ့တာပါ။

အဲဒီနောက်မှာတော့ သူ့ရဲ့မိတ်ဆွေတွေနဲ့ ဆွေမျိုးသားချင်းတွေက သူ့လို ဗီယက်နမ်ဇနီး ဘယ်လိုရနိုင်မလဲ မေးမြန်းခဲ့ချိန်မှာ သူတို့အတွက် ၀ယ်ယူကာ ပြန်ရောင်းဖို့ စတင်ခဲ့တယ်လို့ ဆိုပါတယ်။

ဇန်ဟာ သတို့သမီးတဦးအတွက် ယွမ်ငွေ ၆ သောင်း (အမေရိကန်ဒေါ်လာ ၉ ထောင်နီးပါး) နဲ့ ၀ယ်ယူခဲ့ရတာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ဒါဆို စဉ်းစားစရာဖြစ်လာတာက ယူနန်ခရိုင်ထဲကို ဗီယက်နမ်အမျိုးသမီးတွေ ဘယ်လိုရောက်လာခဲ့ပါသလဲ။

စီအန်အန်သတင်းရဲ့ အဆိုအရ နှစ်စဉ် ဗီယက်နမ်နိုင်ငံသူ အမျိုးသမီးတွေဟာ လူကုန်ကူးခံရပြီး တရုတ်နိုင်ငံတွင်းကို ရောင်းချခံနေရတယ်လို့ ဖော်ပြပါတယ်။

အရွယ်ရောက်ပြီးသူတွေသာမက အသက် ၁၃ နှစ်လောက်အရွယ် မိန်းကလေးတွေအထိ ပါဝင်ကာ သူတို့ကို နယ်စပ်မှ လှေ၊ ကား၊ ဆိုင်ကယ်တွေနဲ့ မှောင်ခိုကူးခဲ့ရပြီး လိမ်လည်လှည့်ဖျားတာ၊ ဒါမှမဟုတ် မူးယစ်ဆေးဝါးသုံး ခေါ်ဆောင်လာတာမျိုးတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဇန်ရဲ့အမှုကိုတော့ ဒေသတွင်း ရဲဌာနကမှတဆင့် ခြေရာခံ ဖမ်းမိခဲ့တာဖြစ်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေဟာ ရဲအရာရှိ
၁၄၀ စေလွှတ်ကာ အမှုနဲ့ ဆက်စပ်နေတဲ့ သံသယရှိသူ ၂၄ ဦးကိုပါ ဖမ်းဆီးနိုင်ခဲ့တာပါ။

လက်ရှိမှာတော့ ဇန်က ၀ယ်ယူခဲ့သူ ၁၄ ဦးထဲမှ ရဲတွေက ထိန်းသိမ်းခဲ့သူ ၁၀ ဦးရှိပြီး ၄ ဦးကိုတော့ နေရပ်နိုင်ငံဆီ ပြန်ပို့ပေးခဲ့ပြီလို့ ဆိုပါတယ်။

ရဲစခန်းမှာ အမျိုးသမီး ၆ ဦးကတော့ ထိန်းသိမ်းထားဆဲဖြစ်ကာ ကျန်အမျိုးသမီး ၃ ဦးက ၀ယ်သူအမျိုးသားတွေရဲ့ နေအိမ်တွေကနေ ထွက်ပြေးခဲ့ကြတယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြပါတယ်။

တရုတ်နိုင်ငံမှာ ၂၀၀၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့ကတည်းက အမျိုးသမီးနဲ့ ကလေးသူငယ်တွေကို လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အစီအစဉ်ကို စတင်အကောင်အထည်ဖော်ခဲ့တာပါ။

DVB

Credit : http://www.lwinpyin.com/2016/04/blog-post_890.html

No comments:

Subscribe

လာလည်သူများ

free counters