♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

May 6, 2016

" တရုတ် ကလေးငယ်တစ်ဦးတွင် ခြေချောင်းလက်ချောင်း ၃၁ ချောင်းထိ ရှိနေ "

 
တရုတ်နိုင်ငံတွင် မွေးဖွားသည့် ကလေးငယ်တစ်ဦးသည် ခြေချောင်းလက်ချောင်း ၃၁ ချောင်းထိ ရှိနေကြောင်း သိရသည်။
ကလေးငယ်ကို ဇန်နဝါရီလကတည်းက မွေးဖွားခဲ့ရာ ယခုအခါ ၄ လသား ရှိနေပြီ ဖြစ်သည်။ မိခင်ဖြစ်သူ၏ သူမ၏သားကို ယခုအခါတွင်မှ မီဒီယာများထံ ပြသခဲ့ခြင်း ဖြစ်သည်။ ကလေးငယ်တွင် လက်ချောင်း ၁၅ ချောင်းနှင့် ခြေချောင်း ၁၆ ချောင်း ရှိနေသည်။
ကလေး၏ လက်တစ်ဖက်တွင် လက်ဖဝါးနှစ်ခုစီ ပါရှိပြီး လက်မများ ရှိမနေချေ။ ဟူနန်ရှိ ပင်ဂျီယန်တွင် နေထိုင်သော ကလေးငယ်ကို မိသားစုက ဟောင်ဟောင်ဟု ချစ်စနိုး အမည်ပေးထားသည်။ ဆရာဝန်များက ဟောင်ဟောင်သည် Polydectylism ခေါ် မွေးရာပါ ခန္ဓာကိုယ်မူမမှန်မှု အခြေအနေကြောင့် ယခုလို ခြေချောင်းလက်ချောင်းများ များပြားနေခြင်းဟု ဆိုသည်။ အဆိုပါဖြစ်ရပ်မျိုးသည် လူသားများအပြင် ခွေးများ၊ ကြောင်များတွင်လည်း ဖြစ်ပေါ်တတ်သည်ဟု
သိရသည်။


Polydectylism ဖြစ်ရပ်သည် အလွန်ရှားပါးသည့် အခြေအနေမဟုတ်ဘဲ ကလေးငယ် ၁၀၀၀ တွင် ၁ ဦးမျှ ခြေချောင်းလက်ချောင်းအပိုများ ပါတတ်သည့် သဘောရှိကြောင်း အတ္တလန္တာရှိ ကလေးများစောင့်ရှောက်ရေး ကျန်းမာရေးဌာန တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ဟောင်ဟောင်၏ မိဘများက အလှူငွေများ ကောက်ခံကာ လုံလောက်သည့် ရန်ပုံငွေတစ်ရပ် ထူထောင်နိုင်ပါက သားဖြစ်သူကို မူမှန်ဖြစ်အောင် ခွဲစိတ်ပေးနိုင်ရန် မျှော်လင့်လျက် ရှိသည်။
ဟောင်ဟောင်၏ အဖြစ်သည် မျိုးရိုးလိုက်သည်ဟု ယူဆရပြီး ကလေးငယ်၏ မိခင်သည်လည်း လက်တစ်ဖက်၊ ခြေတစ်ဖက်လျှင် ခြေချောင်းလက်ချောင်း ၆ ခုစီ ရှိနေသူ ဖြစ်သည်။ ဟောင်ဟောင်ကို ကိုယ်ဝန်ဆောင်ချိန်တွင် အဆိုပါ မျိုးရိုးလိုက်မှု ရှိလာမည်ကို မိဘနှစ်ဦးလုံး စိုးရိမ်ခဲ့ပြီး စိုးရိမ်သည့် အတိုင်းလည်း ဖြစ်လာခဲ့သည်။
“ခုလောလောဆယ်တော့ ကလေးက သိပ်ငယ်သေးတော့ ခွဲစိတ်မှု ပြုလုပ်ဖို့ မရှိပါဘူး”ဟု ဖခင်ဖြစ်သူ ဇူချန်လင်းက ဆိုသည်။ ၎င်းက ဟောင်ဟောင် အရွယ်ရောက်လာပြီး သင့်တော်သည့် အချိန်တွင်မူ ခွဲစိတ်မှု ပြုလုပ်နိုင်ရန် မျှော်လင့်ထားကြောင်းလည်း ဖွင့်ဟခဲ့သည်။
မိသားစု အနေဖြင့်မူ ခွဲစိတ်ရေး ကိစ္စနှင့် ပတ်သက်၍ တိတိကျကျ မဆုံးဖြတ်နိုင်သေးချေ။ ဆရာဝန်များကလည်း ကွဲပြားသည့် အကြံဉာဏ်များ ပေးနေကြောင်း ဇူက ဆိုသည်။ အချို့က ခွဲစိတ်မှုသည် လက်ချောင်း ခြေချောင်း အပိုများကို ဖယ်ရှားမှု သက်သက်တင် မကဘဲ လက်မနေရာကိုပါ ပြန်လည် တည်ဆောက်ရမည် ဖြစ်သဖြင့် ရှုပ်ထွေးလွန်းကြောင်း သတိပေးကြသည်။ လက်မများသည် အရာဝတ္ထုများကို ဆုပ်ကိုင်ရာတွင် အရေးအပါဆုံး အစိတ်အပိုင်း ဖြစ်သောကြောင့် ထိုအချက်ကို အလေးထား စဉ်းစားရန် လိုနေသည်။
ဇူက ခွဲစိတ်မှု စရိတ်စကသည် ယွမ်ငွေ နှစ်သိန်း (ဒေါ်လာ သုံးသောင်း) ဝန်းကျင်မျှ ကုန်ကျနိုင်ကြောင်းလည်း ဆိုသည်။ ဇူတို့ ဇနီးမောင်နှံသည် အင်တာနက်မှတဆင့် ရန်ပုံငွေ ရှာဖွေစုဆောင်းမှုများ ပြုလုပ်ခဲ့ရာ အလှူငွေ ယွမ် လေးသောင်းကျော်မျှ ရရှိထားပြီး ဖြစ်သည်။ သို့သော် အွန်လိုင်းမှ အလှူခံမှုနှင့် ပတ်သက်၍ အကောင်းအဆိုး ဝေဖန်မှု အမျိုးမျိုး ကြုံရသည့်နောက် လတ်တလောတွင် ယင်းအစီအစဉ်ကို ယာယီ ဆိုင်းငံ့ထားကြောင်းလည်း ဇူက ပြောကြားသွားသည်။
Ref:

Credit : http://www.7daydaily.com/story/64027

No comments:

Subscribe

လာလည်သူများ

free counters