အပူချိန် 40 ဒီဂရီ စင်တီဂရိတ်ထက်ကျော်သော အပူချိန်သည် 
အပူလှိုင်းဖြတ်သည့် အပူချိန်ပမာဏ ဖြစ်နေသောကြောင့် သတိရှိကြရန် 
ရာသီဥတုဆိုင်ရာ ကျွမ်းကျင်သူများက ပြောကြားလိုက်သည်။ အပူချိန်လွန်ကဲခြင်းက 
အပူကြောင့်ဖြစ်သော လေသင်တုန်းရောဂါ ဖြစ်စေနိုင်ကြောင်း ပညာရှင်များက 
သတိပေးထားပါသည်။
အပူလွန်ကဲခြင်းကြောင့် 
ဖျားနာမှုများဖြစ်လာနိုင်ခြင်းကို ကာကွယ်ရန် ဆုံးရှုံးသွားသော ဆားဓာတ်များကို
 ပြန်လည်ဖြည့်တင်းနိုင်မည့် ဓာတ်ဆားဖျော်ရည်များကို သောက်သုံးသင့်ပါသည်။ 
နေပူထဲသို့ ထွက်ရမည့် အကြောင်းကိစ္စရှိလျှင် နေပူထဲ မထွက်မီ 
နှစ်နာရီခန့်အလိုတွင် ရေ 4 ခွက် (720 ml) ခန့်သောက်သုံး၍ နေပူထဲမှ 
ပြန်လာပြီးနောက်တွင် ရေ (250 ml) ခန့်သောက်သုံးရန် လိုအပ်ပါသည်ဟု 
ပညာရှင်များက အကြံပြုထားပါသည်။
နေရောင်အောက်တွင် 
အင်အားအသုံးပြု လုပ်ဆောင်နေရသူများအဖို့ ရေမဆာလျှင်ပင် မိနစ် 20 ခြားတစ်ခါ 
ရေ (250 ml) သောက်သုံးရန် လိုအပ်ပါသည်။ ဖြစ်နိုင်ပါက ပြင်ပတွင်လုပ်ရမည့် 
အလုပ်များကို နံနက်ခင်းပိုင်းနှင့် နေဝင်ပြီးအချိန်များသို့ 
ပြောင်းရွှေ့လို့ရနိုင်လျှင် ပြောင်းရွှေ့သင့်ပါသည်။
အပူချိန်အလွန်မြင့်တက်နေသော
 ဒေသများတွင် အရောင်ဖျော့သော အဝတ်အစားများ ဝတ်ဆင်သင့်ကြောင်း၊ 
ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းအလွန်မြင့်မားနေသည့်အတွက် SPF 30 နှင့်အထက် 
နေရောင်ကာ လိုးရှင်းများကို 
လိမ်းပေးသင့်ကြောင်း အကြံပြုထားပါသည်။
လိမ်းပေးသင့်ကြောင်း အကြံပြုထားပါသည်။
သက်ကြီးရွယ်အိုများနှင့်ကလေးငယ်များကို
 အထူးဂရုပြုသင့်ပြီး အပူလွန်ကဲမှုကြောင့် 
လေသင်တုန်းဖြတ်ခြင်း၊ဖျားနာခြင်းများခံစားရပါက နီးရာ ဆေးရုံ၊ 
ဆေးခန်းများသို့ အမြန်ဆုံးသွားရောက်သင့်ပါသည်။
Ref:timesofindia.indiatimes
No comments:
Post a Comment