♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

May 7, 2016

" မျက်ကပ်မှန် ဆောင်ရန်နှင့် ရှောင်ရန် အချက်များ "

       အမြင်အာရုံ အားနည်းခြင်း အတွက် အချို့က မျက်မှန်တွေတပ်ကြ သလို အချို့ကလည်း မျက်မှန်ထက် မျက်ကပ်မှန် တပ်ရတာကို ပိုပြီး သဘောကျကြ ပါတယ်။ လူအချို့ ကလည်း အမြင်အာရုံ အားနည်းလို့ မဟုတ်ဘဲ ဖက်ရှင် တစ်ရပ် အနေနဲ့ မျက်ကပ်မှန်ကို ပုံစံ အမျိုးမျိုးနဲ့ ရောင်စုံတပ်ကြ ပါတယ်။ မည်သည့် ရည်ရွယ်ချက်ကြောင့် မျက်ကပ်မှန်တပ်တာပဲ ဖြစ်ဖြစ် မျက်လုံးထဲကို ပြင်ပက အရာဝတ္ထု တစ်ခုကို (မျက်မှန်လို မဟုတ်ဘဲ) မျက်လုံးနဲ့ အနီးကပ် ထည့်ထားရ တာမို့ အထူးဂရုထားရ ပါမယ်။ မျက်ကပ်မှန် အတပ် မတော်ရင် မျက်လုံးကို ရောဂါပိုး ကူးစက်ခြင်း ကနေ အမြင်အာရုံ ဆုံးရှုံးသည်အထိ အန္တရာယ် ရှိတတ်လို့ ဖြစ်ပါတယ်။ ဒါကြောင့် အောက်ပါ ဆောင်ရန်၊ ရှောင်ရန် အချက်လေး တချို့ကို ဖတ်ကြည့်လိုက် ရအောင်။
ဆောင်ရန်
၁။ ဆရာဝန် ညွှန်ကြားသည့် အတိုင်း မျက်ကပ်မှန်တပ် ရမည့် ကြာချိန်ကို လိုက်နာပါ။
၂။ မျက်ကပ်မှန် မကိုင်တွယ်မီ လက်များကို အနံ့ မရှိသော ဆပ်ပြာဖြင့် အသေအချာ ဆေးကြောပြီး ခြောက်အောင် ထားပါ။
၃။ ဖယ်ရှားရခက်သော အဆီနှင့် ပရိုတိန်းများ ကပ်ငြိမှုမှ ကာကွယ်ရန် မျက်ကပ်မှန်များကို ချွတ်ပြီး မသိမ်းဆည်းမီ သေချာ သန့်ရှင်းပါ။
၎။ မျက်ကပ်မှန်ဆေးရာတွင် မပြဲ၊ မပွန်းအောင် ခပ်ရွရွ ကိုင်တွယ် ဆေးကြောပါ။
၅။ ညစဉ် မျက်ကပ်မှန်ဘူးထဲရှိ အရည်ကို အသစ်လဲပါ။ မျက်ကပ်မှန်များ ယင်းအရည်ထဲတွင်မြုပ်နေ ပါစေ။
၆။ မျက်ကပ်မှန်တပ်သည့် အခါ ရေဘေစင် (သို့) စားပွဲ အနားတွင် နေပြီး လုပ်ဆောင်ပါ။ ဒါမှသာ မျက်ကပ်မှန် ကြမ်းပြင်ပေါ် မကျမှာ ဖြစ်တယ်။
၇။ ကြမ်းပြင် (သို့) အ၀တ်အင်္ကျီပေါ် မျက်ကပ်မှန်ကျ ခဲ့လျှင် ဆေးရည်ဖြင့် အသေအချာပြန် ဆေးပါ။
၈။ ဘေစင်နားတွင် မျက်ကပ်မှန်တပ်သည့် အခါ ရေဆင်းပေါက်ကို အ၀တ်ဖြင့် ဆို့ထားပါ။
၉။ မျက်ကပ်မှန် တပ်ထားစဉ် တတ်နိုင်သလောက် မျက်လုံးကို ကာကွယ်ပါ။ ကိုယ်လက်လှုပ်ရှား အားကစားများ လုပ်ဆောင်ရာတွင် မျက်ကပ်မှန် တပ်ထားလျှင် မျက်လုံး အကာအကွယ် တစ်ခုခုပါ တပ်ဆင်ထားပါ။
၁၀။ မျက်ကပ်မှန် တပ်ထားစဉ် စပရေး မဖျန်းပါနှင့်။ (ဥပမာ- ရေမွှေး၊ ဆံပင်ဖျန်းဆေး၊ မှုတ်ဆေး စသည်)
၁၁။ အထက်ပါ စပရေးများကို မျက်ကပ်မှန် မတပ်ခင်ဖျန်းပါ (သို့) မျက်ကပ်မှန် တပ်ထားပါက မျက်စိကို တင်းတင်းပိတ်ပြီး ဖျန်းပါ။
၁၂။ ရေနွေးငွေ့၊ မီးတောက်၊ ဖုန်ထူသောနေရာ၊ မီးဖို၊ မီးလင်းဖို နှင့် အပူချိန် သုည ဒီဂရီနားရောက် နေသော နေရာများတွင် မျက်ကပ်မှန် တပ်ခြင်းကို ရှောင်ပါ။
၁၃။ လိုးရှင်း၊ မိတ်ကပ်၊ မျက်တောင်ကော့ဆေး၊ အိုင်းရှဲဒိုး စသည့် အလှပြင်ခြင်း မှန်သမျှကို မျက်ကပ်မှန် တပ်ပြီးမှသာ လုပ်ပါ။
ရှောင်ရန်
၁။ မျက်ကပ်မှန် တပ်လိုက်သည့် အခါ သက်သောင့်သက်သာ လုံးဝ မရှိပါက မတပ်ဆင်ပါနှင့်။
၂။ မျက်ကပ်မှန်တွင် အစင်းကြောင်း (သို့) အနားသားပဲ့ နေပါက မတပ်ဆင်ပါနှင့်။
၃။ မျက်ကပ်မှန်ကို သတ်မှတ်ထားသည့် အချိန်ထက် ပိုပြီး မတပ်ထားပါနှင့်။ (ယေဘုယျ မျက်ကပ်မှန် တပ်ဆင်သည့် ကြာချိန်က ၈ နာရီ ထက် မပိုရပါ။)
၎။ ပြုတ်ကျသွားသည့် မျက်ကပ်မှန်ကို လက်သည်းနှင့် ညှပ်ယူခြင်း၊ မျက်နှာပြင်နှင့် ပွတ်ဆွဲယူခြင်း မလုပ်ပါနှင့်။ လက်ချောင်းကို စိုစွတ်စေလိုက်ပါ။ မျက်ကပ်မှန် အလိုက်သင့် ကပ်ပါလာပါ လိမ့်မယ်။
၅။ မတူညီသည့် မျက်ကပ်မှန် ဆေးရည်များကို မရောပါနှင့်။
၆။ မျက်ကပ်မှန်ကို တံတွေးဖြင့် မဆွတ်မိပါစေနှင့်။
၇။ ဘုံဘိုင်ခေါင်း ကရေ၊ သောက်ရေသန့် စသည်တို့နှင့် မျက်ကပ်မှန် လုံးဝ မဆေးပါနှင့်။ (အလွန် အန္တရာယ်ရှိ ပါတယ်)
သတ်မှတ် ထားသည့် မျက်ကပ်မှန် ဆေးရည်နှင့်သာ ဆေးပါ။
၈။ မျက်ကပ်မှန်များကို အ၀တ်၊ တစ်ရှူးတို့ဖြင့် မသုတ်ပါနှင့်။
၉။ မျက်ကပ်မှန် တပ်ထားစဉ် ရေကူးခြင်း၊ ရေချိုးခြင်း မလုပ်ပါနှင့်။
၁၀။ အအေးမိဖျားနာ နေစဉ် မျက်ကပ်မှန် မတပ်ပါနှင့်။
၁၁။ မျက်ကပ်မှန်ကို ပူသောနေရာများတွင် မထားထားပါနှင့်။ (ဥပမာ-တီဗွီပေါ်၊ ပြတင်းပေါက် နား၊ သဲပူ စသည်)
၁၂။ ကားမှန်များကို ဖွင့်ထားပြီး စီးသည့် အခါ မျက်လုံးကို အကာအကွယ် ထားပါ။ လေက မျက်လုံးနဲ့ မျက်ကပ်မှန်များကို ခြောက်သွေ့သွားစေတတ်လို့ ဖြစ်ပါတယ်။
၁၃။ မျက်ကပ်မှန်များကို တပ်ဆင်ပြီး မအိပ်ပါနှင့်။
Ref: www. edmondseyecare.com
 မိုရ်မိုရ် (YUFL)


Credit : http://www.messengernewsjournal.com/news/Health/detail.php?id=51399

No comments:

Subscribe

လာလည်သူများ

free counters